အပိုင်း (၂)
အရှင်ဘုရား ဒီဖက်မှာ ဆွမ်းရေး၊ကွမ်းရေးကော အဆင်ပြေရဲ့ လားဘုရား။
ပြေပါတယ်တကာ။
အရှင်ဘုရားက နိုင်ငံရေးဘက်မှာကောလှုပ်ရှားတာပဲလား။
တကာ့ စကားကထူးဆန်းလိုက်တာ။ ဘုန်းကြီးဆိုတာနိုင်ငံရေးမလုပ်သင့်ဘူးဆိုတဲ့ သဘောလား။
မဟုတ်ပါဘူး။တပည့်တော်က ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်ရင်း ဒီဖက်ကိုရောက် ခဲ့ရပြီးတော့ အရှင်ဘုရားက...
ဘာသာရေးလွတ်လပ်ခွင့်မရလို့ ဒီဖက်ကိုကြွခဲ့ရတာလို့  အရင်တခါက မိန့် ကြားခဲ့တာ သတိရလို့ ပါ။
ဘုန်းကြီးဆိုရင် ဘုန်းကြီးပီပီသသ ဖြစ်ရမှာပေါ့။ ဘာသာတရားထွန်းကားဖို့ ပြန့် ပွား
ဖို့ အားထုတ်နေရမှပဲ။ ထွန်းကားတယ်ပြန့် ပွားတယ်ဆိုတာကလည်း ဘုန်းကြီးတွေ ဆီမှာချည်းမဟုတ်ဘူး။ တကာ တကာမတွေဆီအထိ၊ တကာ တကာမတွေဆိုတာ ပြည်သူပြည်သားတွေဆိုတော့ လူသားတို့ တတွေပဲမဟုတ်လား - - - -
လိုတိုရှင်း အမျိုးဘာသာ သာသနာဆိုလည်းရှင်းပါတယ် ဘုရား။ ဒါဆိုနိုင်ငံရေးကိစ္စ တွေမှာ - - - - -
အမျိုးအတွက်တင်မကဘူး အမျိုးသားရေးလောက်တင်မကလို့ ပေါ့တကာ။ သာသနာ ဟာလူတိုင်းအတွက်ဖြစ်ရမယ်။ လူတိုင်းဟာဘာသာအတွက်မဖြစ်စေရဘူး။
ဘုန်းကြီးနဲ့ စကားပြောရခက်ပါတယ်။ တပည့်တော်လည်းဒီသဘောပဲပြောတာပါ။
ဘာသာ သာသနာဟာလူသားတွေအတွက် အသုံးချစရာဖြစ်နေရမယ်။ လူသားတွေ ဟာ ဘာသာ သာသနာရဲ့  အသုံးချခံမဟုတ်ရဘူး။
ရှင်းပြီနော်။
ရှင်းပါတယ်ဘုရား။
လူသားတွေငြိမ်းရေးအေးရေးအတွက် မတရားမှုတွေပပျောက်အောင် လုပ်ရမှာ တရားသမှုတွေကျရောက်အောင်လုပ်ရမှာ ဘုန်းကြီးတို့ တကာတို့ ရဲ့ တာဝန်နဲ့ ဝတ္တ ရား ဆိုတဲ့ သီလမဟုတ်လား။
ခုတစ်ခါတော့ တပည့်တော်ကအရင်ပြန်ထောက်ပါရစေ။ အဲဒီတော့တပည့်တော် လျှောက်တဲ့အမေးရဲ့ အဖြေက အရှင်ဘုရားက နိုင်ငံရေးကစ္စတွေနဲ့ ကင်းရှင်းတယ်ဆို တဲ့သဘောပေါ့။ ဒါမှမဟုတ် ဘုန်းကြီးဖြစ်တဲ့ အတွက်ဘာသာရေးရာကပိုပြီး အချက် ကျတယ်ဆိုတဲ့သဘောလား။
တကာကျေနပ်အောင် ပြတ်ပြတ်သားသား ဖြေပေးဖို့ အတွက် ဘုန်းကြီးမေးမယ့် မေး ခွန်းကိုအရင် ဦးစားထားပြီး တကာကအရင်ဖြေပါလား။ တပည့်တော်က ဘုန်းကြီး တွေနိုင်ငံရေးမလုပ်ရဘူးလို့ ဆိုလိုပြီး မေးတာမဟုတ်ပါဘူး။ အရှင်ဘုရားကနိုင်ငံရေး ဘက်မှာ လှုပ်ရှားမှုဘယ်လိုရှိမရှိဆိုတဲ့ သဘောနဲ့ ပါ။
ဘုန်းကြီးဆိုတာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပြီး အာဏာယူဖို့ တော့မသင့်တော်ဘူး လေ။
ဒါဆို အရှင်ဘုရားကနိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုမရှိဘူးပေါ့။
မှားပြီ တကာက ဘုန်းကြီးရဲ့ စကားကို ဆုံးခန်းတိုင်အောင်မစောင့်ပဲ ။
ဒါဆိုတပည့်တော်ကိုပဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ နိုင်ငံရေးလုပ်တယ်ပြောတာ ပေါ့။ ဒီလို မဟုတ်ရပါဘူး ဘုရား။ တိုင်းပြည်တစ်ပြည်မှာ စနစ်တစ်ခုပြောင်းသွားဖို့ ပဲ ရည်ရွယ်တာပါ။
ဒါဆို စနစ်တစ်ခုပြောင်းသွားဖို့  ဘယ်လိုလုပ်သလဲ။
စစ်အစိုးရရဲ့ အာဏာရှင်စနစ်ကို ကျဆုံးခန်းသွင်းနေတာပေါ့။
ဘယ်လိုသွင်းတာလဲ လုပ်ပါဦး။
ဒီလောက် ရက်စက်ယုတ်မာ ကောက်ကျစ်ပြီး လူမဆန်တဲ့စစ်အစိုးရကို စကားလုံးလှ လှနဲ့ ပြောနေလို့ မရဘူးလေ။
ဘယ်လိုလုပ်မှာလဲ။
သူတို့ လိုဘဲ လက်နက်ကိုင်ပြီးတိုက်ရမှာပေါ့။
တကာပြောတော့ လူမဆန်တဲ့စစ်အစိုးရဆို။
ဟုတ်တယ်လေ။ သူတို့ ဆီမှာလက်နက်ရှိနေမှတော့ လက်နက်အားကိုးနဲ့ လုပ်ချင် တိုင်းလုပ်နေတာ၊ ပြည်သူတွေခမျာ လက်နက်ကိုကြောက်ပြီး နေနေရတာ။ တကယ် တမ်းရင်ထဲမှာတော့ ဘယ်လိုမှ မခံစားနိုင်ဘူး။ ပြည်သူ့ လက်ထဲမှာ သူတို့ လိုလက် နက်သာ ရှိကြည့် သူသေ ကိုယ်သေလုပ်ကြမှာ၊ အခုလိုဘာလက်နက်မှ မရှိတဲ့အချိန် မှာတောင် ကျောက်ခဲတစ်လုံး တုတ်တစ်ချောင်းနဲ့ တိုက်ပွဲဝင်ပြီး အသေခံရဲသေးတာ လက်နက်သာ ကိုယ်စီရှိလို့ ကတော့ ပွဲပြတ်သွားတာကြာပြီ။
လက်နက်အားကိုးနဲ့ လူမဆန်စစ်အစိုးရကို တကာကလည်း လူမဆန်တဲ့နည်းနဲ့ ပဲ ပြန်သုံးတော့မှာလား။
ဘုန်းကြီးကလည်း ရွှေပြည်အေး တရားဟောနေပြန်ပြီ၊ ဒီလိုမှမဟုတ်ရင် ဘာရှိတော့ မလဲ၊ ကုလသမဂ္ဂကြောင့် ပြောင်းလဲသွားတာ တွေ့ ဖူးလို့ လား။
ကျူပ်မေးမယ့်ဟာတောင်မမေးဖြစ်ဘူး၊ တကာပြောချင်တာတွေပဲ လိုက်မေးရတော့ မယ်။
ဘုန်းကြီးက ဘာများမေးချင်လို့ လဲ။
ရပါတယ်။ တစ်သီးတစ်ခြားမမေးတော့ပါဘူး။ အခုတကာပြောနေတာတွေနဲ့ ပဲ ဆက် စပ်ပြီး မေးလိုက်တော့မယ်။
ဘုန်းကြီးပဲ အခုလတ်တလောဖြစ်သွားတာကြည့်လေ၊ ဘုန်းကြီးတို့ ရွှေဝါရောင်တော် လှန်ရေးနဲ့ အခု နာဂစ်မုန်တိုင်းမှာ လူတွေသေသွားကြတာ သိန်းကျော်။ မုန်တိုင်းရန် ကြိုတင်ကာကွယ်ပေးဖို့ နေနေသာသာ ကယ်ဆယ်ရေးကိုတောင် ထိထိရောက် ရောက်မလုပ်ပေးဘူး။ ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး ဆန္ဒခံယူပွဲကိုပြည်သူ့  ဆန္ဒမပါပဲ သဲသဲမဲမဲ ဇွတ်လုပ်သွားတယ်။ နိုင်ငံတကာက ၀င်ရောက်ကူညီပေးဖို့ ဆို တော့လည်းရှုးယောင်ဆောင်သွားတယ်။ မုန်တိုင်းကြောင့်သေတာထက် စစ်အစိုးရ ယုတ်မာလို့ သေရတာပိုများပြီ။ ဒီလို ရှိုင်းစိုင်းယုတ်မာကောင်တွေကို သူတို့ ကိုလည်း ဒီမိုကရေစီရရင် အဲဒီလိုပြန်လုပ်ပစ်ရမယ်။
တကာပြောတော့ နိုင်ငံတစ်နိုင်ငံမှာ စနစ်တစ်ခုပြောင်ုးသွားဖို့ ဆို၊ အဲဒီနိုင်ငံသစ်မှာ တရားစီရင်ရေးဆိုတာပဲရှိမှာ ဂလဲ့စားချေရေးတော့ရှိမယ်မထင်ဘူး။
ဒီကောင်တွေ မျိုးပြုတ်သွားမှ ဖြစ်မှာပေါ့။
ဒါနဲ့ တကာ၊ စားစရာ အစားအသောက်တွေနဲ့  မစင်အညစ်အကြေးတွေ ရောလိုက် ရင် ဘာဖြစ်သလဲ။
ဘုန်းကြီးကလည်း ကြံကြံဖန်ဖန် လုပ်ပြီ။ ဘာဖြစ်တာလဲ၊
စားစရာနဲ့ စွန့် စရာ ရောလိုက်ရင် ဘယ်သူပျက်မှာလဲမေးတာလေ၊ စားစရာပဲ ပျက် သွားမှာပေါ့၊ မစင်ကတော့ပျက်သွားမှာ မဟုတ်ဘူးလေ။
ခွေးရှုးနဲ့ ခွေးကောင်း ဖက်ကိုက်ရင် ခွေးကောင်းပဲနာတယ်ဆိုလည်းရှင်းပါတယ်။ ဘုန်းကြီးပီပီ စာသံပေသံနဲ့ ။
အဲဒီ ဥပမာပေးရင် တကာနစ်နာသွားမှာစိုးလို့ ပါ။
ဒီကောင်တွေကို ဒီလိုလက်နက်ကိုင်လမ်းစဉ်နဲ့ မှမဟုတ်ရင် အခုပဲနှစ်တွေဘယ် လောက်ဖြစ်နေပြီလဲ၊ ဒီလိုပဲ လွတ်လပ်ရေးကို တိုက်ပွဲဝင်ခဲ့ရသေးတာ မဟုတ်လား။
လွတ်လပ်ရေးရဲ့ အဆုံးသတ်နဲ့ အဆုံးအဖြတ်ဟာ လက်နက်ကြောင့်မဟုတ်ဘူးနော်၊
တို့ ဗမာတွေကို ရှုံးသွားလို့  ကြောက်သွားလို့ ပေးလိုက်ရတာ မဟုတ်ဘူးနော်။ သေ နတ်တစ်ချက်မှမဖောက်လိုက်ရပဲ လွတ်လပ်ရေးရသွားတဲ့နိုင်ငံတွေလည်းရှိပါသေး တယ်။ အချိန်ကျရင်ဖြစ်မှာပေါ့။
ဘုန်းကြီးပြောတဲ့အချိန်က ဘယ်တော့မှလဲ။
မြန်မာတွေလွတ်လပ်ရေးအတွက် သေကြ ကြေကြ အသက်တွေပေးခဲ့ပြီးကာမှ အခု တော့လွတ်လပ်ရေးကပျောက်ဆုံးသွားရတယ်လေ။ တို့ တတွေလောက်အသက်တွေ မပေးခဲ့တဲ့နိုင်ငံတွေတောင်မှ တို့ နိုင်ငံထက်တိုးတက်ပြီး လွတ်လပ်ရေးရဲ့ အရသာ တွေ ရှိနေတာမဟုတ်လား။ တကယ်ဆိုတို့ ကတောင်အသက်တွေပေးဆပ်ပြီး လွတ် လပ်ရေးအရင်ခဲ့တယ်။ တို့ မြန်မာတွေလွတ်လပ်ကိုတန်ဖိုးထားပြီး မထိမ်းသိမ်းလို့ ၊
တို့ အသုံးမကျလို့ ပဲ။ လွတ်လပ်ရေးအတွက်လက်နက်ကိုင်ခဲ့တိုင်း အခုလက်နက်ကိုင် ရင်မှန်ပါ့မလားတကာ။
အဲဒီလိုမှမဟုတ်ရင် ဒီအယုတ်တမာကောင်တွေ ကမ္ဘာတည်နေမှာပေါ့။ တစ်ဆွေလုံး တစ်မျိုးလုံးမဟုတ်ရင်တောင် အနည်းဆုံးနေပြည်တော်ထပ်ပိုင်းက အယောက်(၅၀) လောက်ကိုရှင်းပစ်လိုက်ဖို့ သင့်တယ်။
ကမ္ဘာမှာ ကျွန်စနစ်ကြီးပပျောက်သွားအောင် ကျွန်တွေမှန်သမျှ အကုန်သတ်ပစ်လိုက် လို့ ပပျောက်သွားတာလားတကာ။ တကာနေထိုင်မကောင်းလို့ ခေါင်းကိုက်နေရင် ခေါင်းရှိနေလို့ ခေါင်းကိုက်နေတာဆိုတော့ခေါင်းဖြတ်ပေးမယ်ဆိုရင်ဖြစ်မလား။ ခေါင်း တော့မဖြတ်ပစ်လိုက်ပါနဲ့  အဲဒီခေါင်းကိုက်နဲ့ ပဲနေပါရစေပြောမှာပဲ။
အဲဒီလိုပဲပေါ့၊ အာဏာရှင်စစ်အစိုးရကိုမုန်းတိုင်းအာဏာရှင်တွေကိုသတ်ပစ် လိုက်ရင် ပြီးသွားပါ့မလား။ နောက်ထပ်မျိုးဆက်သစ် အာဏာရှင်လေးတွေ ထပ်မပေါ် နိုင်ဘူးလား။ စိန်လွင်တုန်းကဆိုလည်းစိန်လွင်သတ်ပစ်ချင်တယ်။ စောမောင်အလှည့် ရောက်ပြန်တော့လည်းစောမောင် စောမောင် ၊ စောမောင်မရှိရင်ကောင်းသွားမှာလို့  မေတ္တာပို့ ကြတယ်။ အခုသန်းရွှေ အလှည့်ကြတော့သန်းရွှေသေရင် အောင်ပွဲလို့ မှတ် နေကြတယ်။ စိန်လွင်တို့ စောမောင်တို့ ခင်ညွန့် တို့ အခုအကုန်သွားကုန်ကြပြီ၊မောင် သန်းရွှေကျန်နေတော့ကော ကောင်းနေလို့ လား။ ပိုတောင်ဆိုးနေသေးမဟုတ်လား။
တကာပြောခဲ့သလို နိုင်ငံတစ်နိုင်ငံမှာ စနစ်တစ်ခုပြောင်းသွားဖို့  အ တွက်
နေပြည်တော်ထိပ်ပိုင်းက အယောက်(၅၀)မက(၁၀၀)လောက်သေ လည်း
ဘာထူးမှာလည်း။ မကောင်းတဲ့စနစ်ကိုကောင်းတဲ့စနစ်နဲ့ အစားထိုး အနိုင်ယူနိုင်မယ့်နည်းလမ်းရှာရမယ်။ အဲဒီကောင်းတဲ့စနစ်ကိုလည်း မပျက် စီးအောင် ထိမ်းသိမ်းစောင့်ရှောက်သွားရဦးမယ်။ ဒီနေ့ ကမ္ဘာမှာ နာဇီတွေ ဖက်ဆစ်တွေဆို အားလုံးကကြဉ်ထားလိုက်ကြပြီ မဟုတ်လား။ တစ် ကောင်တစ်မြီးမှ ခေါင်းထောင်
လို့ မရတော့ဘူး။ ကမ္ဘာကြီးကအာဏာရှင် ဆိုရင်လည်း လူရာမသွင်းဘဲ
မောင်းထုတ်နေတဲ့ အချိန်ရောက်နေပြီ။ ဒါနဲ့  တကာက ဒီမိုကရေစီ လိုချင်တယ်လား။
မေးရက်လိုက်တာဘုရား။
ဘာလို့ လိုချင်တာလဲ။
အရှင်ဘုရားက စကားကပ်တော့မယ်ထင်တယ်။
ဒီမိုကရေစီ ရရင်ဘာလုပ်ဖို့ လဲ။
ဒီမိုကရေစီ ရမှတော့ပြီးပြီပေါ့။
ဒါဆိုတကာ ပိုက်ဆံကောလိုချင်လား။
မလိုချင်တဲ့သူ ကောရှိမလားဘုရား။
ပိုက်ဆံရရင် ဘာတွေလုပ်ဖို့ လဲ၊ ပိုက်ဆံကဘာတွေလုပ်လို့ ရလို့ လဲ။
သုံးစွဲရမှာပေါ့ ဘုရား၊ လိုအပ်ချက်တွေ စားစရာတွေ ၀ယ်ရမှာပေါ့။
ဒါပဲလား။
ပိုတော့လည်း နောင်ရေးအတွက် စုဆောင်းရမှာပေါ့။
ပိုအောင်လို့ မခြွေတာရဘူးလား။ အရင်းအနှီးကော မလုပ်ကြဘူးလား။
မလောက်ရင် ဘာနဲ့ စုမှာလဲ။
အလုပ်တွေဘာတွေ ပိုလုပ်ရမှာပေါ့။
လုပ်တာတော့ လုပ်ရမှာပေါ့ ဘုရား။
ဒီမိုကရေစီ ဆိုတာလဲ အဲဒီသဘောပဲလေ၊ ဘာဖြစ်လို့ လိုချင်နေတာလဲ၊ဘာ တွေဘယ်လို အသုံးတည့်လို့ လဲ သိနေရမယ်တကာ။ ရရှိထားတဲ့အရာကို သုံးဖြုန်းပစ်လို့ မတော်ဘူး။ မ ပျောက်ပျက်အောင် တိုးတက်အောင် နောင်ရေးကောင်းဖို့ ထိမ်းသိမ်းရဦးမယ်၊စောင့်ရှောင့် တတ်ရမယ် တကာ။
တပည့်တော်က ဘုန်းကြီးလိုစကားမတတ်လို့ ပါ။ သိတော့သိပါတယ်။
ဒီမိုကရေစီဆိုတာ အခွင့်အရေးသက်သက် အသုံးချဖို့ မဟုတ်ဘူး။ ဒီမိုကရေစီ မှာကျင့်သုံးစရာ တွေ၊ စောင့်စည်းမှုတွေ၊ စောင့်ရှောင့်စရာတွေ ဆိုတဲ့တာဝန်တွေအများကြီးရှိတယ်။ အဲဒီအရာ တွေ အချိုးညီပြီး လူ့ အဖွဲ့ အစည်းတစ်ခုလုံး တန်းတူညီတူတရားမျှတတဲ့  အခွင့်အရေးထဲမှာ ပျော်ရွှင်လွတ်လပ်ကြရမှာ။ အခွင့်ကောင်းတွေကိုချည်း ယူပြီး အမြတ်ထုတ်နေရင် အရုပ်ဆိုး ဆုံးရှုံးသွားလိမ့်မယ်။ တကာလိုချင်လှချည်ရဲ့ ဆိုတဲ့ ဒီမိုကရေစီ၊ ကဲ - - - အခုပဲရပြီပဲထား လိုက်ပါတော့၊ ဒီမိုကရေစီအတိုင်းနေဖို့ ထိုင်ဖို့ ၊ စိတ်ထားတတ်ဖို့ တကာအသင့်ဖြစ်ပြီလား။ ဒီမို ကရေစီ ပီသပြည့်ဝတဲ့ လူတစ်ယောက် ခုကတည်းက ဖြစ်နေဖို့ ကလည်း အရေးကြီးတယ်လေ၊
တို့ မြန်မာပြည်သားတွေ ဒီမိုကရေစီ မရသေးသည့်တိုင် ကိုယ့်အိမ် ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး ပေါင်းအရောင်းလေးတွေကြားမှာ တစ်ဦးနဲ့ တစ်ဦး ဒီမိုကရေစီလေးကျကျ ပေါင်း သင်းဆက်ဆံ လုပ်ကိုင်တတ်နေရမယ်။ တစ်စ တစ်စ တိုးချဲ့ လုပ်ကိုင်သွားရမယ်၊ အာဏာရှင် ရဲ့  အငွေ့ အသက်လေးကအစ တို့ ပတ်ဝန်းကျင်မှာ မရှိစေရဘူး။ တကာတို့ ကျုပ်တို့ မှာ အ၀န်းအ၀ိုင်းကြီးတွေမရှိပေမယ့် အနည်းဆုံးတော့ ကျုပ်တို့ မှာ ဘ၀ ဆိုတာရှိသေးတယ်။ အာ ဏာရှင်ကို ကျုပ်တို့ ဘ၀ထဲကနေ ဆွဲထုတ်လို့ ထားနိုင်ရမယ် တကာ။
တို့ မြန်မာပြည်သားတွေ တစ်ဦးနဲ့ တစ်ဦး ဒီမိုကရေစီနည်းအတိုင်း ပေါင်းကြ သင်းကြ ပြောကြဆိုကြမယ်၊ လုပ်ကိုင်းဆုံးဖြတ်တတ်ကြပြီး ဒီမိုကရေစီစိတ်ကလေး မွေးမွေးသွားမယ် ဆိုရင် တစ်နေ့ ကြီးထွားလာမှာပေါ့။ အာဏာရှင်စနစ်ကို အရသာတွေ့ နေတဲ့(နအဖ)က အာဏာရှင်ပုံစံတကျ လုပ်ကိုင်ပြီး အာဏာရှုးနေသလို၊ တို့ လိုဒီမိုကရေစီ လိုချင်သူတွေက လည်း ဒီမိုကရေစီပုံစံဖမ်းပြီး ပေါင်းကြ ရောင်းကြ ရှုးသွပ်နေကြရမယ်ကွ။ အိမ်မက်ထဲမှာ တောင် ဒီမိုကရေစီ ကျနေရမယ်။
အခု တကာတို့ ကျုပ်တို့ တတွေဆိုရင် အာဏာရှင်ရဲ့ လွတ်မြောက်တဲ့နေရာကို ရောက်နေခဲ့ပြီ၊ ဒီဖက်မှာ အာဏာရှင်ကို နည်းအမျိုးမျိုးနဲ့  အတိုက်အခံလုပ်ပြီး ရောက်လာခဲ့တဲ့ ဒီမိုကရေစီလိုလားခဲ့သူတွေချည်းပဲ။ ဒီမိုကရေစီလိုလားတဲ့သူတွေ စုနေတဲ့နေရာလည်းဖြစ် တယ်။ အာဏာရှင်ရဲ့ စက်ကွင်းက လွတ်တဲ့နေရာလည်းဖြစ်တော့ ပြောရရင် ဒီမိုကရေစီတစ် ၀က်လောက်ရနေတဲ့နေရာလို့  ပြောရမယ်မှာ မဟုတ်လား။
ကမ္ဘာကြီးကို ပြောင်လဲဖို့ အတွက် ကိုယ့်ကိုယ်ကို အရင်ဆုံးပြောင်းလဲပြနိုင်ဖို့  ကြိုးစား ရမှာဆိုတဲ့သဘောပေါ့။
ကိုယ်ကအရင် နေကောင်းနေမှ ဆေးပညာသင်နိုင်ပြီး အများကို ဆေးကုပေးနိုင်မှာပေါ့။
တပည့်တော် ဒီအတိုင်းခံယူပါတယ် ဘုရား။
0 comments:






