8.6.09 / Labels:

** 1ST PART AT ALLIANCE FRANÇAISE: FREE SHOW!


2pm to 8:30pm: OPEN STAGE FOR LIVE MUSIC
Musical performances by amateurs and professionals from several international schools and from different nationalities (Myanmar, French Japanese, Korean, Indonesian) and music organizations from British Council and American Center.
All kind of music: world music, jazz and swing, pop, heavy-rock, classical, Hip hop, R’n’B…
Specials guests: Zaw Win Htut, ALEX, Eint Chit, Eclectic Blues, and many more !

**2ND PART at Inya Lake hotel’s ballroom: 9p.m. to 1 a.m. : DJ PARTY
With DJ DYNO (France), DJ JAY, and DJ Nway Oo (from Dj’s bar) - 2000 ks only!
Tickets available at Alliance Française

CCCL/Alliance Française, 340, Pyay Road
Sanchaung Township, Yangon - MYANMAR
Tel : (+95-1) 535 428/536 900 - Fax : (+95-1) 537 733

/ အပြည့်အစုံမှာ

27.5.09 / Labels:

ထိုင်းနိုင်ငံ မဲဆောက်မြို့  UNHCR ရုံးရှေ့ တွင် ဆန္ဒပြ


မေလ ၂၇နေ့ က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ရှိ ကုလသမဂ္ဂ ရုံးရှေ့ တွင် ထိုင်းနိုင်ငံရောက် ၂၀၀၇ ခုနှစ် စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) ဒီမိုကရေစီအင်အားစုများနှင့်

FREE BURMA PROJECTတို့ မှ ပူးပေါင်း၍ဒေသ စံတော်ချိန် နေ့ လည် ၁၂း၀၀ နာရီတွင်
ဒီမိုကရေစီရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်းလွှတ် စသည့် ကြွေးကြော် သံများဖြင့် တောင်းဆို ဆန္ဒပြ ခဲ့ကြသည်။


/ အပြည့်အစုံမှာ

/ Labels:





/ အပြည့်အစုံမှာ

26.5.09 / Labels:

25.5.09 / Labels:

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ထိုင်း ၊ စင်ကာပူ ၊ ဂျပန် ၊ ကိုရီးယားတို့ မှာ ဆန္ဒပြ

မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးနဲ့ ရုရှသံရုံး ရှေ့ မှာ ထိုင်းနိုင်ငံရောက် မြန်မာတွေ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေရဲ့  တောင်းဆိုချက်စာကို တရုတ်သံရုံး တာဝန်ခံတွေက လက်မခံပဲ ငြင်းပယ်ခဲ့သလို ထိုင်းလုံခြုံရေး ရဲတွေကတဆင့် ပေးအပ်ဖို့  ကြိုးစားတာကိုလည်း လက်မခံတဲ့အတွက် သံရုံးအ၀င်တံခါးဝမှာ ထားခဲ့ရတယ်လို့ သိရပါတယ်။

/ အပြည့်အစုံမှာ

/ Labels:

မုန်တိုင်းသတင်း




-----Original Message-----
Subject: FYI, If u have friends working in Myanmar........Tell them
In view of the impending disaster, I send u this msg (in case u need toadvise yr friends in Myanmar):
From Sunday evening 24/5- An intense cyclone due to pass by the IrrawadyDelta and it will be steered close to Myanmarcoast; strong winds andhigh surge expected to flood the delta - the condition will be worsenby the concurrent highest tide of the month)(though this cyclone is not a CAT4 equivalent- hurricane, but it is aslow moving intense cyclone, so more time to raise waves, keep surgelevel high at coast to keep flood water on land, longer duration ofstrong winds 25-30 kts
-- Strongest impact on 26/5/09
The Rangoon Capital will be hit by steady strong winds 30 kts (I went to the MO office after 2008 Cyclone Nargis; this time,similar damages by wind will recur)

-- Nothing ever remains the same in life!

/ အပြည့်အစုံမှာ

24.5.09 / Labels:

ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား အနီး၌ ဆန္ဒပြ

၂၄ မေလ ၂၀၀၉
ယနေ့  နေ့ လည် ၁၂ နာရီတိတိတွင်
ထိုင်း-မြန်မာ လွတ်မြောက်ရေးနယ်မြေ၏
ဒီမိုကရေစီ အင်အားစုများက ... ... ... ...

မတရား ဖိနှိပ် ခံနေရသော မြန်မာပြည်သူ ပြည်သား နိုင်ငံရေးအကျဉ်းသားများနှင့် တကွ
ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြ တောင်းဆိုမှု တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

/ အပြည့်အစုံမှာ

/ Labels:


/ အပြည့်အစုံမှာ

/ Labels:

20.5.09 / Labels:

အရှေ့ တိုင်းမိန်းမနှင့်အမျိုးသမီး လွတ်မြောက်ရေး ၁

မောင်သာမည
အိန္ဒိယ နိုင်ငံသည် ယဉ်ကျေးမှု အရာတွင် အလွန် အစဉ်အလာ ကြီးမားသည့် နိုင်ငံဖြစ်သော်လည်း လူလူချင်း ခွဲခြားသည့် ဓလေ့မှာ ယခု ထက်တိုင် အမြစ်တွယ်နေဆဲ ဖြစ်သည်။

လူကို ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားသည့် စနစ်မှာ ယခုထက်တိုင် ထွန်းကားနေဆဲ ဖြစ်သည်။ အထူးသဖြင့် မိန်းမတို့ ကို ခွဲခြား နှိမ်ချသည့် အကျင့်ဆိုးများ ရှိနေသေး သည်။
အိန္ဒိယ ယဉ်ကျေးမှုသည် မြန်မာနိုင်ငံသို့ လည်း ပျံ့ နှံ့ ခဲ့ရာ မိန်းမသည် ခွေးထီးလောက် မမြတ်ဟူသော အယူ အဆသည် မြန်မာနိုင်ငံတွင်(ပြင်းပြင်းထန်ထန် မဟုတ်သော်မှ) အထိုက်အလျောက် ရှိခဲ့သည်ဟု ဆိုရမည်။ မိန်းမ သည် ယောက်ျားကဲ့သို့  မမြင့်မြတ်၊ ထို့ ကြောင့် နောင်ဘ၀တွင် ယောက်ျား အဖြစ် ပြန်လည်မွေးဖွား ရပါလိုကြောင်း ယောက်ျား ဆုပန်သည့် အလေ့များ မြန်မာ့ အ၀န်းအ၀ိုင်းတွင် ရှိနေသည်ကား အမှန်ပင်။

သို့ သော် အိန္ဒိယ နှင့် မြန်မာ နိုင်ငံသည် အရာရာ ထပ်တူညီသည်တော့ မဟုတ်။ အိန္ဒိယ မှာက ဟိန္ဒူဘာသာရေး၊ မြန်မာ နိုင်ငံမှာက ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ အိန္ဒိယမှာက ဒီမိုကရေစီ စနစ်၊ မြန်မာ နိုင်ငံမှာက စစ်အာဏာရှင် စနစ်၊ လက်ရှိ အနေအထား အားဖြင့် အမျိုးသမီး တို့ ၏ အနာဂတ်ကို တွက်ကြည့်မည် ဆိုလျှင်တော့ အိန္ဒိယ အမျိုးသမီး တို့ က အခွင့်အလမ်း ပိုကောင်းသည်ဟု ဆိုရမည်။ ထို့ ထက်ကား အိန္ဒိယသည် လွတ်လပ်စွာ ပြောဆိုဝေဖန် နိုင်သော နိုင်ငံ တခု ဖြစ်နေခြင်းသည် အကြီးမားဆုံး အားသာချက် ဖြစ်သည်။ ထို့ ကြောင့်လည်း မိန်းမကို နှိမ်ချ သည့် အကျင့်များ ရှိနေသေးသော်လည်း မိန်းမကို တန်းတူညီ မျှ နေရာပေးသည့် အတွေးအခေါ်များကို လွတ်လပ် စွာ ဟောကြားသူများ ပေါ်ပေါက်ခဲ့သည်။ ယင်း အတွေးအခေါ်ရှင်များ ထဲက တယောက်မှာ အိုရှို ဖြစ်သည်။

တွေးခေါ်ရှင် အိုရှိုက အနောက်တိုင်း မိန်းမတို့ နှင့် အရှေ့ တိုင်း မိန်းမ တို့ ကို နှိုင်းယှဉ်ပြရင်း အမျိုးသမီး လွတ်မြောက်ရေး အကြောင်းကို သုံးသပ်ပြပုံမှာ စိတ်ဝင်စားစရာ ကောင်းသည်။ အရှေ့ တိုင်း မိန်းမများသည် ကျေနပ် ရောင့်ရဲသည့်ပုံ ပေါက်နေပြီး အနောက်တိုင်း မိန်းမများက မကျေနပ်သည့်ပုံ ပေါက်နေသည်ဟု အိုရှိုက ပြောသည်။ ဤသည်မှာ လိင်ကိစ္စ အသိတရားတခုတွင် အကြောင်းခံနေသည်ဟု သူက ကောက်ချက်ဆွဲကာ အမျိုးသမီးတို့ ၏ ဘ၀ကို သမိုင်းနှင့် ချီပြီး အောက်ပါ အတိုင်း ရှင်းပြပါသည်။

ရာစုနှစ်ပေါင်း များစွာ ကြာမြင့်တဲ့ တိုင်အောင် မိန်းမတွေဟာ ကလေး ထုတ်တဲ့ စက်ရုံတွေလို အသက်ရှင်ခဲ့ရတယ်။ ယောက်ျားတွေက မိန်းမတွေကို လူသားလို သဘောမထားဘဲ စက်ရုံတွေလိုပဲ အသုံးချခဲ့ တယ်။ ဘာကြောင့်လဲဆိုတော့ အရင်ရဆိုရင် ကလေး(၁၀) ယောက်မွေးရင် (၉)ယောက်က သေသွား တတ်လို့ ပါ ပဲ။ ဒါကြောင့် ကလေး (၂)ယောက်လောက် လိုချင်တယ်ဆိုရင် အနည်းဆုံး ကလေး(၂၀)လောက် မွေးရ ပါတယ်။ ဒီလိုနဲ့  မိန်းမတွေဟာ ကလေးမွေးနိုင်တဲ့ အရွယ် တလျောက်လုံးမှာ ကလေးတွေ တယောက်ပြီး တယောက် မွေး နေခဲ့ရတယ်။ ကိုယ်ဝန် ဆောင်နေခဲ့ရတယ်။ ကိုယ်ဝန်ဆောင်ရတယ် ဆိုတာက ပင်ပန်း ဆင်းရဲတဲ့ အလုပ်တခုပါ။

မိန်းမတွေဟာ လိင်မှုကိစ္စမှာ ပျောင်ရွှင်ကြည်နူးမှုကို ခံစားခဲ့ရခြင်း မရှိပါဘူး။ ပင်ပန်းဆင်းရဲ မှုကိုပဲ ခံစားခဲ့ရတယ်။ သည်ဆင်းရဲကို သည်းခံခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက သူ့ တာဝန် ဖြစ်နေတာကိုး။ ဒါပေမယ့် စိတ်ထဲမှာ တော့ ယောက်ျား ဖြစ်သူကို မုန်းတီး နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယောက်ျားတွေက သူ့ အပေါ်မှာ တိရစ္ဆာန်တကောင်လို ပြုမူခဲ့တာကိုး။ မိန်းမတွေဟာ လိင်မှုကိစ္စကို ရှောင်ကြဉ်တဲ့ ရသေ့ ရဟန်း သူတော်စင်တွေ ကို အမြဲတမ်း ကိုးကွယ်ပူဇော်တာ ဘာကြောင့်လို့  ထင်ပါသလဲ။ လိင်မှုကိစ္စကို ရှောင်ကြဉ်တဲ့ အတွက် မိန်းမ ယူတဲ့ ယောက်ျားတွေထက် ပိုပြီး မြင့်မြတ်တယ်လို့  ယူဆလို့ ပဲ ဖြစ်ပါတယ်။

မိန်းမတွေဟာ သူတို့  ယောက်ျားတွေကို ရသေ့ ရဟန်း သူတော်စင်တွေကို လေးစားသလိုမျိုး မလေးစားနိုင်ပါဘူး။ မိန်းမ တယောက်နဲ့  လိင်ဆက်ဆံမှု လုပ်လိုက်တာနဲ့  တပြိုက်နက် အဲဒီ မိန်းမက အဲဒီယောက်ျားကို မလေးစား တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ ကိုအသုံးချလိုက်ပြီလို့  သိသွားတာကိုး သည်ကိစ္စနဲ့ ပတ်သက်ပြီး ဘာသာ စကားတိုင်းမှာ အထင်အရှား တွေ့ ရပါတယ်။ ယောက်ျားကပဲ မိန်းမကို လိင်ဆက်ဆံမှု ပြုတယ်လို့  ဘာသာ စကား တွေမှာ ရှိပါတယ်။ မိန်းမက ယောက်ျားကို လိင် ဆက်ဆံမှု ပြုတယ်လို့ မရှိဘူး။ ယောက်ျားက ပြုသူ၊ မိန်းမက အပြု ခံရသူ၊ ဒီလိုမျိုး အသုံးအနှုန်းတွေပဲ ရှိပါတယ်။ ဒါပေမယ့် မိန်းမတွေဟာ သည်အဖြစ်ကို သည်းခံကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သူ့ တာဝန်လို့  သတ်မှတ်ထားတာကိုး။ ကိုယ့် ယောက်ျားက အိမ်ဦးနတ် ဖြစ်နေတယ်လေ။ အိမ်ဦးနတ်လို့  သတ်မှတ်ထားတော့ အိမ်ဦးနတ် သာယာအောင် ဖြည့်ဆည်းပေးရမယ် မဟုတ်လား။

မိန်းမတွေဟာ လိင်မှု ကိစ္စကနေ ပျော်ရွှင်တဲ့ ခံစားမှုကို မရခဲ့ကြဘူး။ လိင်မှု ကိစ္စ ဆိုတာ ယောက်ျား ဖြစ်သူကသာ ပျော်ရွှင် ခံစားရအောင် ဖြည့်ဆည်း ပေးရတဲ့သူပဲ ဖြစ်တယ်။ မိန်းမ ဖြစ်သူလည်း ပျော်ရွှင် ခံစားနိုင်တယ် ဆိုတာကို ယောက်ျား ဖြစ်သူက အသိမပေးဘူး ၀ှက်ထားတယ်။

အိုရှိုက မိန်းမတွေဟာ ယောက်ျားတွေ အတွက် လိင်မှုကိစ္စမှာ အဖြည့်ခံတွေ ဖြစ်ခဲ့တယ်လို့  ပြောရင်း ယောက်ျား တွေဟာ မိန်းမတွေကို လိင်မှု ကိစ္စမှာ သူတို့  နည်းတူ ပျော်ရွှင် ခံစားမှု မရအောင် လှည့်စား ခဲ့တယ်လို့  ဆိုပါ တယ်။ တကယ်တော့ ယောက်ျား မိန်းမ တန်းတူညီမျှ လွတ်လပ်ခဲ့တဲ့ ရှေးရှေး ခေတ်ကဆိုရင် လိင်မှု ကိစ္စမှာလည်း တန်းတူညီမျှ ရှိခဲ့ပြီး အတူ အညီ ပျော်ရွှင် ခံစားခဲ့ရမှာ အမှန်ပဲလို့  ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ယောက်ျားတွေ ကသာ ပျော်ရွှင်ခံစားမှုကို အပိုင်စီးခဲ့တယ်။ မိန်းမတွေဟာလည်း ယောက်ျားတွေရဲ့  ပိုင်ဆိုင်စရာ ကာမ ပစ္စည်း တခုလို ဖြစ်ခဲ့ပါတယ်။ မြန်မာ ယဉ်ကျေးမှုမှာ ကာမပိုင်ယောက်ျား ဆိုတဲ့ အသုံးအနှုန်းဟာ ဒါကို ရည်ညွန်းနေပါ တယ်။

အိုရှိုက အိန္ဒိယ အမျိုးသမီးတွေဟာလည်း လိင်မှုကိစ္စနဲ့  ပတ်သက်ပြီး အသိပညာ နည်းခဲ့တယ်လို့  ပြောပါတယ်။ အနောက်တိုင်းက အမျိုးသမီးတွေကတော့ စိတ်ပညာရှင် ဖရိုက်နဲ့  လိင်မှုပညာရှင် မာစတာ ဂျွန်ဆင်တို့ ရဲ့  ကျေးဇူးကြောင့် လိင်မှုကိစ္စမှာ အမျိုးသမီးတွေဟာလည်း ယောက်ျားတွေနည်းတူ ပျော်ရွှင်ခံစားနိုင်စွမ်းရှိတယ် ဆိုတာကို သိလာကြတယ်။ သည်အချိန်မှာ အမျိုးသမီး လွတ်မြောက်ရေး လှုပ်ရှားမှုတွေလည်း ပေါ်လာပါတယ်။

ဒါပေမယ့် အရှေ့ တိုင်း အမျိုးသမီးတွေကတော့ နောက်ကျ ကျန်ရစ်ခဲ့တယ်။ နောက်ကျ ကျန်ရစ်ခဲ့ရတဲ့ အကြောင်း အရင်းကတော့ ကိုယ့်ဘ၀ကိုယ် ကျေနပ်ရောင့်ရဲ့ နေလို့ ပဲ ဖြစ်တယ်။ ဘာကြောင့် ကျေနပ်ရောင့်ရဲ နေရသလဲ ဆိုရင် ဘာသာရေးအယူအဆတခု စူးဝင်နေလို့  ဖြစ်တယ်လို့  အိုရှိုက ရှင်းပြပါတယ်။

အရှေ့ တိုင်းမိန်းမတွေဟာ ကျေနပ်ရောင့်ရဲ နေကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့  ဆုံးရှုံးနေရတဲ့ အရာကို သတိမထား မသိရှိလို့  ဘဲဖြစ်ပါတယ်။ ဒါကြောင့် လွတ်မြောက်ရေး ဆိုတာတွေကို တွေးတောင် မတွေးမိကြပါဘူး။ အရှေ့ တိုင်း တခုလုံးဟာ ကျေနပ်ရောင့်ရဲမှု ဆိုတဲ့အရာနဲ့  လွှမ်းမိုးနေတာကို ခံနေရတယ်။ ယောက်ျားတွေရော မိန်းမတွေရော အတူတူပါပဲ။ ဆင်းရဲမှုကိုလည်း မကျေမနပ် မဖြစ်ဘူး။ နာဖျား မကျန်းဖြစ်မှုကိုလည်း မကျေမနပ် မဖြစ်ဘူး။ သေဆုံးမှုကိုလည်း မကျေမနပ် မဖြစ်ဘူး။ ကျွန်ပြုခံနေရတာကိုလည်း မကျေမနပ် မဖြစ်ဘူး။ ဘာပဲ ဖြစ်ဖြစ် ကျေနပ် ရောင့်ရဲ နေပါတယ်။

အရှေ့ တိုင်း စိတ်ဓါတ်မှာ တော်လှန်ရေး ဆိုတဲ့ စိတ်ကူးမျိုး ရှိလာဖို့  မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အရင် ဘ၀က လုပ်ခဲ့တဲ့ အတိတ်ကံကြောင့် အခုဘ၀မှာ သည်လိုဖြစ်နေရတယ် ဆိုတဲ့ အယူအဆက အားကောင်း လွန်တဲ့ အတွက် ဖြစ်ပါတယ်။ အခု ဖြစ်နေတာတွေဟာ လူမှုစနစ်နဲ့  မဆိုင်ဘူး၊ ပညာရေး စနစ်နဲ့ လည်း မဆိုင်ဘူး၊ လူတန်းစား ခွဲခြားတဲ့ ဓလေ့နဲ့ လည်း မဆိုင်ဘူး၊ ယောက်ျားတွေက မိန်းမတွေကို ကျွန်ပြုထားတာတွေနဲ့  မဆိုင်ဘူး အတိတ်ကံနဲ့ ပဲ ဆိုင်တယ်လို့  ယူဆနေတဲ့ အတွက် ဖြစ်ပါတယ်။ သည်အယူအဆက လွှမ်းမိုးနေတဲ့ အတွက် တော်လှန်ရေး ဆိုတဲ့ စိတ်ကူး မပေါ်ပေါက်လာနိုင်တာပါ။

မိန်းမတယောက်က အတိတ်ကံကြောင့် မိန်းမ အဖြစ် မွေးဖွားလာရတာလို့  အရှေ့ တိုင်းဘာသာရေး မှန်သမျှက ဟောညွန်ပါတယ်။ ယောက်ျားက မြင့်မြတ်တယ်၊ မိန်းမက ယုတ်နိမ့်တယ်လို့  ဟောညွန်ပါတယ်။ ဒါကို လူတိုင်း လိုလိုက လက်ခံထားတယ်။ ဆင်းရဲ မွဲတေတယ် ဆိုရင်လည်း လူလူချင်း အမြတ်ထုတ်ခံရလို့  ဖြစ်နေတာလို့  မမြင် ဘူး။ အတိတ်ကံကြောင့် ဆင်းရဲတာလို့  ယုံနေကြတယ်။

အရှေ့ တိုင်းမှာ ဘာသာရေး ဂိုဏ်းတွေ အမျိုးမျိုး ပေါ်ထွန်းခဲ့တယ်။ ဘာသာရေး ဂိုဏ်းတွေရဲ့  အယူအဆတွေဟာ ဆင်ခြင်တုံ တရားရှိသူတွေ အဖို့  ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ဒါပေမယ့် လူသား သန်းပေါင်းများစွာက အဲသည် အယူအဆတွေကို လက်ခံနေကြတယ်။ ဥပမာ ပြောရရင် ဂျိန်းဘာသာရေးမှာ မိန်းမတွေဟာ အလင်း ဥာဏ်မရနိုင်ဘူးလို့  ယူဆထားပါတယ်။ မိန်းမ ခန္ဓာကိုယ်ဟာ လိင်မှု ကိစ္စနဲ့  လုံးဝကင်းရှင်းနိုင်ခြင်း မရှိတဲ့ အတွက်လို့  ဆိုပါတယ်။ မိန်းမခန္ဓာကိုယ်ဟာ ရာသီသွေး ပုံမှန် ဆင်းနေရတဲ့ အတွက် မသန့် ရှင်းဘူး၊ ဒါကြောင့် ဥာဏ်အလင်း မရနိုင်ဘူးလို့  ယူဆတာပါ။

အိုရှိုက အရှေ့ တိုင်း အမျိုးသမီးများသည် ဤသို့ သော ဘာသာရေး အယူအဆများ အပေါ်တွင် မကျေမနပ် မဖြစ်ဘဲ လက်ခံနေကြသည်ဟု ဆိုသည်။ သူတို့  အဖို့  ယောက်ျားများ ကျေနပ်အောင် အဖြည့်ခံလုပ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။ သို့ ပါမှ နောက်ဘ၀မှာ ယောက်ျားအဖြစ် မွေးဖွားရလိမ့်မည်ဟူသော အယူအဆကိုလက် ခံရင်း လက်ရှိဘ၀ကို ကျေနပ်ရောင့်ရဲ နေကြသည်၊ ထို့ ကြောင့် လွတ်မြောက်ရေးကို မစဉ်းစားမတော့ပါ ဟုဆိုပါ သည်။

/ အပြည့်အစုံမှာ

/ Labels:

အရှေ့ တိုင်းမိန်းမနှင့်အမျိုးသမီး လွတ်မြောက်ရေး ၂

မောင်သာမည
အရှေ့  တိုင်းက အမျိုးသမီးတွေဟာ ယောက်ျားတွေရဲ့  လိင်မှု ကိစ္စ အဖျော်ဖြေခံတွေ အဖြစ် အသတ်မှတ် ခံနေခဲ့ရသလို ဘာသာရေး အယူအဆကလည်း... ...

ထွက်ပေါက်မရှိအောင် ကွပ်ညှပ် နေတာ ခံနေရတဲ့အကြောင်း၊ သည်လိုနဲ့  အိမ်ဦးနတ် ဖြစ်တဲ့ ခင်ပွန်းသည်ရဲ့  အလိုကို ဖြည့်ဆည်း ပေးဖိုဟာ မိန်းမတွေရဲ့  ဘ၀ပေးတာဝန် ဖြစ်တယ်။
ယောက်ျားတွေရဲ့  အဖြည့်ခံအဖြစ် သေသေ၀ပ်ဝပ် တာဝန် ထမ်းခြင်းဖြင့်သာ နောင်ဘ၀မှာ (မြင့်မြတ်တယ်လို့  ယောက်ျားတွေက ပြောတဲ့) ယောက်ျား အဖြစ်ကို ရရှိလိမ့်မယ်လို့  မျှော်လင့်ရင်း လွတ်မြောက်ရေး ဆိုတာကို မစဉ်းစားမိတဲ့အကြောင်းလည်း အိုရှိုက ထောက်ပြ ပါတယ်။ သည်လိုနဲ့  မိန်းမဟာ ယောက်ျားထက် နိမ့်ကျတယ်ဆိုတဲ့ အယူ အစွဲတခု ပေါ်လာခဲ့ ပါတယ်။ တကယ်ကတော့ မိန်းမတွေမှာ ယောက်ျားတွေထက် သဘာဝ အရပဲ သာလွန်တဲ့ အချက် တရပ် ရှိနေကြောင်း၊ ဒီလို သာလွန်ချက်ကို ယောက်ျားတွေက မနာလိုရာကနေ မိန်းမ တွေကို ယောက်ျားတွေက ဖိနှိပ်ခဲ့ရတာ ဖြစ်တဲ့ အကြောင်း အိုရှိုက သည်လိုပြောပါတယ်။


မိန်းမတွေဟာလည်း ယောက်ျားတွေမှာ လိုပဲ အသိဥာဏ် ရှိပါတယ်။ အသိဥာဏ် ဆိုတာက လိင်နဲ့  မသက်ဆိုင်ဘာဘူး။ ဆိုပါစို့ - ကမ္ဘာကျော် သိပ္ပံ ပညာရှင် အိုင်းစတိုင်းကို ခွဲစိတ်ပြီး မိန်း မတယောက်ဖြစ်အောင် ပြောင်းလိုက်မယ် ဆိုရင် သူ့ အသိဥာဏ်တွေ ပျောက်သွားမလား။ အသွင် အပြင်က မိန်းမ တယောက်ဖြစ်သွား ပေမယ့် အသိဥာဏ်ကတော့ ပြောင်းသွားမှာ မဟုတ်ပါဘူး။ အိုင်းစတိုင်းက အိုင်းစတိုင်းပဲ ဖြစ်နေပါလိမ့်မယ်။ သည်လိုပဲ ယောက်ျားနဲ့ မိန်းမ ဟာ အသွင်အပြင်သာ ကွဲပြားတာပါ။ အသိဥာဏ်က မကွဲပြား ပါဘူး။

ဒါပေမယ့် ယောက်ျားတွေက မိန်းမတွေကို နှိမ်ခဲ့ပါတယ်။ ဖိနှိပ်ခဲ့ပါတယ်။ ဒီလို ဘာကြောင့် ဖိနှိပ် နှိမ်ချခဲ့တာလဲ ဆိုတာကို နှစ်ပေါင်း များစွာ ကြာတဲ့ အထိ သိပ္ပံပညာရှင်တွေ နားမလည် ခဲ့ကြဘူး။ စိတ်ပညာ ထွန်းကား လာတော့ မှဘဲ သည်အကြောင်းအရင်းကို သိလာပါတယ်။ ယောက်ျားတွေဟာ ကိုယ့်ကိုယ်ကိုယ် မိန်းမတွေထက် နိမ့်ကျတယ်လို့  ပြင်းပြင်းထန်ထန် ခံစား ခဲ့ရတဲ့ အဖြစ်ကနေ မနာလိုစိတ်၊ မခံချင်စိတ်တွေ ပေါ်လာပြီး မိန်းမတွေကို ဖိနှိပ်ချဖို့  ကြိုးစားတာ ဖြစ်ပါတယ်တဲ့။

မိန်းမတွေနဲ့  နှိုင်းယှဉ်ရင်း ယောက်ျားတွေမှာ သိမ်ငယ်စိတ် ၀င်ရတဲ့ အကြောင်းအရင်း ကတော့ မိန်းမတွေက သာလျှင် မိခင်တွေ ဖြစ်လာနိုင်တဲ့ အတွက်လို့  ဆိုပါတယ်။ မိန်းမတွေ က အသက်ဘ၀ကို ဖန်တီးနိုင်သူတွေ ဖြစ်နေတယ်။ အသက် ဘ၀ရဲ့  အရင်းအမြစ်တွေ ဖြစ်နေ တယ်။ ယောက်ျားက အဲသလို မစွမ်းဘူး။ သည်လိုနဲ့  ယောက်ျားတွေက မိန်းမတွေကို နှိမ်ချ လာတယ်။ ဖိနှိပ်လာတယ်။ ချုပ်ချယ်လာတယ်။ နေအိမ်ထဲမှာ ပိတ်လှောင်ပြီး ကလေးမွေးတဲ့ စက်ရုံ တခုလို ဖြစ်လာအောင် ဖန်တီးပါတယ်။ ဒါမှ မိန်းမတွေဟာ အောက်တန်း နောက်တန်း ကျသွားမယ်။ ဒါဆိုရင် ယောက်ျားတွေ အနေနဲ့  မိန်းမတွေကို အထင်ကြီး စရာ မလိုတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် မိန်းမထက် နိမ့်တယ်လို့  သိမ်ငယ်စိတ် ၀င်စရာ မလိုတော့ဘူး။ သည်လိုနဲ့  လူ့  အဖွဲ့ အစည်းတိုင်းမှာ မိန်းမတွေဟာ ယောက်ျားတွေနဲ့  တန်းတူညီမျှတဲ့ အဖြစ်ကနေ ကျဆုံးသွားခဲ့ ရပါတယ်။

အိုရှိုက မိန်းမတွေ အပေါ် ယောက်ျားတွေ ဖိနှိပ်ရခြင်းဟာ မိန်းမ တွေရဲ့  အလှ အပနဲ့  မိန်းမ တွေရဲ့  ဖန်တီးစွမ်းအားအပေါ် ယောက်ျားတွေ မနာလို ဖြစ်ရာကနေ မိန်းမကို ဖိနှိပ် နိမ်ချတဲ့ ဓလေ့ဆိုးကြီး ပေါ်ပေါက်လာရ တာပါလို့  စိတ်ပညာရှင်တွေရဲ့  တွေ့ ရှိချက်တွေနဲ့  ကိုးကားပြီး ကောက်ချက်ချပါတယ်။ သည်ဓလေ့ ဆိုးကြီးကနေ မိန်းမတွေဟာ သဘာဝအရကို ယောက်ျား ထက် နိမ့်ကျတယ်ဆိုတဲ့ အယူအစွဲဟာလည်း လူ့ အဖွဲ့ စည်းတိုင်းမှာ လွှမ်းမိုးနေခဲ့တယ်လို့  ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံရေး တွေးခေါ်ရှင် ကားလ်မတ်၊ စိတ်ပညာရှင် ဖရိုဒ်၊ လိင်မှု ပညာရှင် မာစတာနဲ့  ဂျွန်ဆင်တို့ ရဲ့  ကျေးဇူးတွေကြောင့် အနောက်တိုင်းက မိန်းမတွေဟာ သူတို့ ရဲ့  အနိမ်ခံဘ၀၊ အလှည့်စားခံ ဘ၀၊ အဖိနှိပ်ခံ ဘ၀ကို ပြန်လည် သိမြင်လာခဲ့တယ်လို့  သူက ထောက်ပြပါတယ်။ သည်လိုနဲ့  အနောက်တိုင်း မိန်းမတွေဟာ သူတို့  ဘ၀ကို ကျေးကျွန်လို ဖြစ်အောင် အတင်း ဖိနှိပ်နေတဲ့ ယောက်ျားတွေကိုလည်း ဒေါသထွက်လာတယ်။ သည်ဒေါသ စိတ်နဲ့  အမျိုးသမီး လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဖော်ဆောင်လာကြတယ် လို့  အိုရှိုက ထောက်ပြရင်း သည်လို ဒေါသစိတ်နဲ့  လက်တုန့် ပြန်ခြင်းဟာ တကယ့် လွတ်မြောက်ရေးကို ဦးတည်မှာ မဟုတ်ဘဲ ပဋိပက္ခတွေကိုသာ ဖန်တီးမှာ ဖြစ်တယ်လို့  သတိပေးပါတယ်။

သည်နေရာမှာ အိုရှိုက အနောက်တိုင်း မိန်းမတွေရဲ့  လွတ်မြောက်ရေး လှုပ်ရှားမှုတွေဟာ ပဋိပက္ခကို ဖန်တီးတဲ့ လှုပ်ရှားမှုတွေ ဖြစ်တယ်လို့  ပြောပါတယ်။ အနောက်တိုင်းက အမျိုးသမီး လှုပ်ရှားမှုကို ဦးဆောင်သူတွေဟာ စိတ်မမှန်တဲ့ ယောက်ျားတွေကို ဆန့် ကျင် တိုက်ခိုက်နေတဲ့ စိတ်မမှန်တဲ့ မိန်းမတွေ ဖြစ်နေတယ်လို့  သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ မုန်းတီးတဲ့ စိတ်တွေ နာကြည်းတဲ့ စိတ်တွေ လက်စား ချေလိုတဲ့ စိတ်တွေနဲ့  တကယ့်လွတ်မြောက်ရေးကို မဖန်တီးနိုင်ဘူးလို့  အိုရှိုက ယူဆပါတယ်။ မိန်းမတွေဟာ ယောက်ျားတွေကို လက်စားချေတဲ့ အနေနဲ့  သူတို့  ပြုမူခဲ့ပုံ အတိုင်း လိုက်လုပ်ရင်း နောက်ဆုံးမှာ ကိုယ့်မှာရှိတဲ့ လှပ တင့်တယ် မှုတောင် ပျောက်ဆုံးသွားရတယ်လို့  ပြောပါတယ်။

အမျိုးသမီးလွတ်မြောက်ရေး လှုပ်ရှားမှုဟာ တခြား အစွန်းတဖက်ကို ဦးတည်သွားနေတယ်။ ယောက်ျားတွေကို လက်စားချေဖို့  ကြိုးစားနေတယ်။ ယောက်ျားတွေက မိန်းမတွေ အပေါ် ပြုမူခဲ့သလိုမျိုး တုံ့ ပြန်မှု ပြုဖို့  ကြိုးစားနေတယ်။ ဒါဟာ မိုက်မဲမှု သက်သက်ပဲ ဖြစ်ပါတယ်။

အမျိုးသမီး လှုပ်ရှားမှုက ယောက်ျား အလိုမရှိ ဆိုတာမျိုး ကြွေးကြော်နေတယ်။ ယောက်ျားတွေ နဲ့  အဆက်ဖြတ်မယ်လို့  ကြွေးကြော်နေတယ်။ ယောက်ျားတွေကို သပိတ်မှောက်ပြီး မိန်းမချင်း ပဲ ဆက်ဆံသင့်တယ် ဆိုတဲ့ မိန်းမချင်း လိင်တူ ဆက်ဆံတာမျိုးကို အားပေး အားမြှောက် လုပ်နေကြတယ်။ ယောက်ျားတွေက မိန်းမတွေ အပေါ် စော်ကားခဲ့တဲ့ အတိုင်း ယောက်ျားတွေ ကို ပြန်စော်ကားမယ်၊ ပြန်နှိပ်စက်မယ်။ ယောက်ျားတွေက ဆဲဆိုတဲ့ အတိုင်း ဆဲဆိုမယ်။ ယောက်ျားတွေ ဆေးလိပ်သောက်တဲ့အတိုင်း ဆေးလိပ်သောက်မယ်။

မိန်းမတွေက ယောက်ျားတွေ အတိုင်းလိုက်ပြီး အတုခိုး လုပ်မယ်ဆိုရင် မိန်းမတွေဟာ ယောက်ျား မိတ္တူတွေပဲ ဖြစ်သွားမှာပေါ့။ သည်အခါမှာ မိန်းမရဲ့  ထူးခြားတဲ့ ၀ိသေသ အမှတ် အသား ပျောက်ဆုံးသွားမှာပေါ့။ အခုဆိုရင် ပျောက်တောင် ပျောက်နေပြီ။ အနောက်တိုင်း မိန်းမတွေရဲ့  ခန္ဓာကိုယ်မှာ အရင်တုန်းက ရှိခဲ့တဲ့ လှပတင့်တယ်မှုမျိုး အခု မရှိတော့ဘူး။ အမို့  အမောက်တွေ ပျောက်ကုန်ပြီ။ အရင်တုန်းက ရှိခဲ့တဲ့ ရင်သားအလှ မရှိတော့ဘူး။

ယောက်ျားတွေကို လက်စားချေလိုက်ရတယ် လို့  ထင်နေပေမယ့် တကယ်တော့ ကိုယ့်ကိုယ် ကိုယ် ပြန်ဖျက်မိရက်သား ဖြစ်သွားတာပါ။ လက်စားချေမှု ဆိုတာ ကိုယ့်ကို ပြန်ဖျက်ဆီးမြဲ ဖြစ်ပါတယ်။ အတိတ်ကာလာဟာ သည်လိုမှားယွင်းမှုတွေနဲ့  ပြည့်နေခဲ့ပါတယ်။ ယောက်ျား တွေက မိုက်မဲတဲ့ အလုပ်တွေကို လိုက်လုပ်နေတယ်။

အိုရှိုက အနောက်တိုင်း မိန်းမတွေဟာ လွတ်မြောက်ရေး အတွက် လှုပ်ရှားရာမှာ လက်စား ချေလိုတဲ့ စိတ် ဆန္ဒနဲ့  လုပ်တာကြောင့် နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်ဆီးမိရက် သား ဖြစ်နေတယ်လို့  ထောက်ပြရင်း စစ်မှန်တဲ့ လွတ်မြောက်ရေး အတွက် တကယ် လိုအပ် နေတာက မှန်ကန်တဲ့စိတ်၊ ပြင်းပြထက်သန်တဲ့ မေတ္တာ ဂရုဏာ စိတ်ဖြစ်တယ်လို့ လည်း သူက အကြံပေးပါတယ်။
မောင်သာမည




















/ အပြည့်အစုံမှာ

/ Labels:

အရှေ့ တိုင်းမိန်းမနှင့်အမျိုးသမီး လွတ်မြောက်ရေး ၃


မောင်သာမည
အမျိုးသမီးတွေ အနေနဲ့  လွတ်မြောက်မှု ရချင်တယ် ဆိုရင် အမုန်းစိတ်တွေ၊ အာဃာတ စိတ်တွေ၊ ဒေါသစိတ်တွေနဲ့  တုန့် ပြန်ရမှာ မဟုတ်ပဲ မေတ္တာ တရားနဲ့  ယှဉ်ရပါလိမ့်မယ်။ မေတ္တာတရား မပါဝင်ဘဲ လွတ်မြောက်ရေးကို လုပ်လို့  မရပါဘူး။

မေတ္တာတရား မရှိဘဲ လုပ်ရင် လုပ်သမျှဟာ ပဋိပက္ခတွေကိုပဲ ဖန်တီးလိမ့်မယ် လို့  အိုရှိုက ရှင်းပြပါတယ်။ အနောက်တိုင်း အမျိုးသမီး လှုပ်ရှားမှုဟာ မေတ္တာတရား မပါတာကြောင့် မိန်းမနဲ့  ယောက်ျားတွေ အကြား ပဋိပက္ခတွေကိုသာ တိုးပွားစေတယ်။ ဒါကြောင့် လွတ်မြောက်ရေး မရဘဲ ရန်ပွဲတွေပဲ ထပ်ဖြစ် လာတယ်လို့  အိုရှိုက ထောက်ပြပါတယ်။

မေတ္တာ တရားဟာ လွတ်လပ်မှုကို ဆောင်ကြဉ်းပေး ပါတယ်။ လွတ်လပ်မှုကို မဆောင်ကြဉ်း ပေးရင် အဲဒါဟာ မေတ္တာတရား မဟုတ်ဘူး။ မေတ္တာ တရား မပါတဲ့ ယောက်ျားနဲ့  မိန်းမ ဆက်ဆံရေးဟာ ချစ်ခင် ရင်းနှီးတဲ့ ဆက်ဆံရေး မဟုတ်ဘဲ ထိန်းကွပ် ချူပ်ချယ် အနိုင်ကျင့်ရေး သာဖြစ်နေတယ်လို့  အိုရှိုက ပြောပါတယ်။

မေတ္တာ တရား ဆိုတာ အနိုင်ကျင့် ချုပ်ချယ်မှု မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူကို အနိုင်ကျင့် တာမျိုး ဘယ်လို လုပ်လို့ ရမှာလဲ။ ကိုယ်ချစ်တဲ့သူကို ချုပ်ချယ်တာမျိုး ဘယ်လို လုပ်လို့  ရမှာလဲ။ ချုပ်ချယ်တာတွေ အနိုင်ကျင့်တာတွေ လုပ်နေရင်းနဲ့  ချစ်လို့ ၊ မြတ်နိုးလို့  ဘယ်လို ရနိုင်မှာလဲ။ ဒါပေမယ့် ဒီနေ့  ကမ္ဘာကြီး တခုလုံးမှာတော့ ချစ်တယ်၊ ချစ်တယ် ဆိုပြီး အနိုင်ကျင့် တာတွေ ချုပ်ချယ်တာတွေ ဖြစ်နေလေရဲ့ ။ တကယ်တော့ ဒါဟာ ချစ်ခြင်း မေတ္တာ မဟုတ် ပါဘူး။ အာဏာတပ်မက်မှုသာ ဖြစ်ပါတယ်။ တခြားသူအပေါ် ဗိုလ်ကျစိုးမိုးမှုသာ ဖြစ်ပါတယ်။

ခင်ဗျားတို့ ဟာ တခြားသူတွေ လွတ်လပ်မှာကို ကြောက်နေတယ်။ လွတ်လပ်ရင် ထိန်းချုပ်လို့  ရမှာ မဟုတ်တဲ့ အတွက် ကြောက်နေတာ ဖြစ်တယ်။ ဒါကြောင့် ချစ်တယ် ဆိုပြီး လွတ်လပ်မှု ကို နည်းမျိုးစုံနဲ့  ဖျက်ဆီးနေတာ ဖြစ်တယ်။ လွတ်လပ်မှုကို ဖျက်ဆီးလိုက်တာနဲ့  မေတ္တာ တရားလည်း ပျောက်ကွယ်သွားတော့ တာဘဲ။

မေတ္တာ တရားဟာ အလွန် သိမ်မွေ့ နူးညံ့တယ်။ နှင်းဆီပွင့်လေး တပွင့်လိုပဲ။ သည်နှင်းဆီပွင့် လေး ပွင့်လန်းလတ်ဆတ်နေဖို့ အတွက် မိုးရေထဲမှာ၊ လေပြေထဲမှာ၊ နေရောင်ထဲမှာ လွတ်လပ် စွာ ရှင်သန်နေဖို့  လိုအပ်သလို၊ ပျော်ရွင်မြူးတူးနေဖို့  လိုအပ်သလို မေတ္တာတရား ရှင်သန် ဖွဲ့  ဖြို့ နေဖို့ လည်း လွတ်လပ်မှု လိုအပ်တယ်။

မေတ္တာ တရားဟာ ကောင်းကင်ပြင်ကြီးထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းနေတဲ့ ငှက် တကောင် နဲ့ လည်းတူတယ်။ သည်ငှက်လေးကို ဖမ်းပြီး လှောင်အိမ်ထဲ ဖမ်းထည့်လိုက်မယ် ဆိုရင် ငှက်ကတော့ သည်ငှက်ဘဲ။ ဒါပေမယ့် လွတ်လပ်စွာ ပျံသန်းနေတဲ့ ငှက်တော့ မဟုတ် တော့ဘူး။ အကျဉ်းကျနေတဲ့ ငှက်ဖြစ်သွားပြီး။ လွတ်လပ်တဲ့ ငှက်က သေသွားပြီပေါ့။ အကျဉ်း စံငှက်ပဲ ရှိနေတော့တာပေါ့။ ရွှေလှောင်အိမ် ဖြစ်ပါစေ ငှက်ကတော့ အကျဉ်းစံငှက်ပဲ ဖြစ်သွား ပြီ။ ခင်ဗျာဟာ လွတ်လပ်တဲ့ ငှက်ကို သတ်ပစ်လိုက်တာပဲ။ သူ့  အတောင်ပံတွေကို ဖြတ်ပစ် လိုက်တာပဲ။ ကောင်းကင်ကြီးကို ဖယ်ရှားပစ်လိုက်တာပဲ။

ချစ်ခြင်း မေတ္တာတရားဆိုတဲ့ စကားလုံးကို သုံးပြီး ကျွန်တော်တို့  လုပ်နေတာ သည်အတိုင်းပဲ။ ချစ်တယ်၊ ချစ်တယ် ဆိုပြီး ကျွန်တော်တို့  လုပ်နေတာက ရွှေလှောင်အိမ်ကို ဆောက်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့  ကြောက်နေကြတယ်။ ကောင်းကင်ကြီးက ကျယ်ပြန့် တော့ ကျွန်တော်တို့  ကြောက်နေကြတယ်။ ငှက်ကလေး ပြန်မလာမှာကို ကြောက်နေကြတယ်။ ဒါ ကြောင့် ငှက်ကလေးကို ထိန်းချုပ်နိုင်ဖို့ အတွက် လှောင်အိမ်ဆောက်ပြီး အဲသည် လှောင်အိမ် ထဲမှာ ထည့်ထားလိုက်တယ်။ အကျဉ်းချလိုက်တယ်။
ချစ်သူတွေဟာ အမြဲတမ်း ကြောက်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာက လေပြေ လေညှင်းလေး တခု တိုက်သွားတာမျိုးနဲ့  တူတာကိုး။ ဒါမျိုးက ဖန်တီးယူလို့  မရဘူး။ သူ့ ဖာသာ ရောက်လာတာ။ လေပြေ လေညှင်းလေးတချက် တိုက်လာသလိုပဲ။ ဒါပေမယ့် သူ့  ဖာသာ ရောက်လာတဲ့ အရာမျိုးဟာ သူ့  ဖာသာ ပြန်ထွက်သွားတတ်ပါတယ်။

အချစ်က ခင်ဗျားဆီ ရောက်လာတယ်။ ရင်ထဲက ပန်းတွေ ပွင့်လာတယ်။ နှလုံးသားမှာ တေးသီချင်းတွေ ပေါ်လာတယ်။ ကချင် ခုန်ချင်စိတ်တွေ ဖြစ်လာတယ်။ ဒါပေမယ့် အဲသည် နောက်ကွယ်မှာ ကြောက်စိတ် တခု ပုန်းကွယ်နေတယ်။ အခု ခင်ဗျားဆီကို ရောက်လာတဲ့ သည်လေပြေ လေညှင်းလေး၊ သည်ရနံ့  မွှေးမွှေးလေနုအေးအေးလေး မနက်ဖြန်မှာ ခင်ဗျား ဆီက ထွက်ခွာသွားရင် ဘာဖြစ်မလဲ။

သည်လိုနဲ့  ကြောက်စိတ် ဖြစ်လာတယ်။ သည်လိုနဲ့  ပိုင်ဆိုလိုမှု ဖြစ်လာတယ်။ သည်လိုနဲ့  တံခါးတွေ ပြတင်းပေါက်တွေကို ပိတ်လိုက်တယ်။ လေပြေ လေညှင်းလေးကို ထွက်မသွားစေ ချင်ဘူးလေ။ ဒါပေမယ့် လေပြေ လေညှင်းလေးကို တံခါးတွေ၊ ပြတင်းတွေ ပိတ်ပြီး လှောင်လိုက်တဲ့ အခါမှာ အဲဒါဟာ နဂိုမူလ လေပြေ လေညှင်းလေး မဟုတ်တော့ဘူး။ အအေး ဓါတ် ပျောက်ကွယ်သွားပြီ။ အမွှေးနံ့  ပျောက်သွားပြီ။ မကြာခင်မှာဘဲ လေက အနံ့ ဆိုးလာ တယ်။ လေနုအေးလေး မွှေးနေဖို့  လွတ်လပ်မှု လိုပါတယ်။ ဒါပေမယ့် ခင်ဗျားက လွတ်လပ်မှု ကို ဖယ်ရှား လိုက်ပြီ။ သည်လိုနဲ့  လေနုအေးလေး သေသွားခဲ့ရပြီ။

ချစ်ခြင်း မေတ္တာ တရား ကင်းမဲ့တဲ့အတွက် ယောက်ျား မိန်းမ ဆက်ဆံရေးဟာ တယောက်နဲ့  တယောက် ချုပ်ချယ်တဲ့ အခြေအနေ တခုကို ဖန်တီးမိသွားတယ်။ အဲဒီ အခြေအနေ ကတော့ အိမ်ထောင်ရေးပဲလို့  အိုရှိုက ပြောပါတယ်။ အိုရှိုက အိမ်ထောင်ရေး ဆိုတဲ့ အရာအပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်ပါတယ်။ ယောက်ျားနဲ့  မိန်းမဟာ သည်အိမ်ထောင်ရေး ဆိုတဲ့ အနေ အထားကို ဖန်တီးရင်း တယောက်ကို တယောက် ထောင်သွင်း အကျဉ်းချမိရက်သား ဖြစ်နေ တယ်လို့  ပြောပါတယ်။

ယောက်ျား ဖြစ်သူက မိန်းမ ဖြစ်သူကို အပိုင်သိမ်းရင်း အိမ်ထောင်ရေး ဆိုတဲ့ အခြေအနေကို ဖန်တီးခဲ့ရာမှာ ပထမတော့ မိန်းမဟာ အပိုင်းခံရသူ ဖြစ်ပါတယ်။ ယောက်ျားက ပိုင်ရှင်၊ မိန်းမ က အပိုင်းခံ ပစ္စည်း။ တနည်း ပြောရရင် ယောက်ျားက ကျွန်ပိုင်ရှင်၊ မိန်းမက ကျွန်။ ရှေးဟောင်း တရုတ် နိုင်ငံမှာ ဆိုရင် ယောက်ျားဖြစ်သူက မိန်းမကို သတ်ပစ်ရင်တောင် ပြစ်မှု မမြောက်တဲ့ အကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ မိန်းမကို လူလို့ မသတ်မှတ်ဘဲ သက်မဲ့ ပစ္စည်း တခုအဖြစ် သတ်မှတ်ခဲ့တဲ့ အတွက်ကြောင့်လည်း အိုရှိုက ရှင်းပြပါတယ်။ ဒါပေမယ့် ကျွန်ပြုသူဟာလည်း ကျွန်ပဲ ဖြစ်ရတဲ့ အကြောင်းကိုလည်း သူက ထောက်ပြပါတယ်။

ယောက်ျားဟာ မိန်းမကို ကျွန်ပြုတယ်။ ဒါပေမယ့် ယောက်ျားဟာလည်း ကျွန်တယောက်ပဲ ပြန်ဖြစ် သွားခဲ့တယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင် ကျွန်မဖြစ်ပဲ သူတပါးကို ကျွန်ပြုလို့  မရဘူး။ ပေးတဲ့ အရာကို ပြန်ယူရစမြဲ မဟုတ်ပါလား။ မေတ္တာပေးရင် မေတ္တာ ပြန်ရပါမယ်။ ကျွန် ဘ၀ကိုပေးရင် ကျွန်ဘ၀ပဲ ပြန်ရပါမယ်။ ပေးတဲ့ အရာဟာ ကိုယ်ဆီကို ပြန်လာစမြဲပါပဲ။
ယောက်ျားတွေက လွတ်လပ်ပြီး မိန်းမတွေက မလွတ်လပ်ဘူးလို့  အမျိုးသမီး တွေက ထင်နေ တာဟာ မှားတယ်လို့  အိုရှိုက ယူဆပါတယ်။ မိန်းမတွေကို မလွတ်လပ်အောင် လုပ်တဲ့အတွက် ယောက်ျား တွေဟာလည်း မလွတ်လပ်သူတွေ ဖြစ်နေတယ်။ မိန်းမတွေကို ကျွန်ပြုတဲ့ အတွက် ယောက်ျားတွေ ကိုယ်တိုင်ဟာလည်း ကျွန်တွေ ဖြစ်နေရတယ်။ ဒါကြောင့် လွတ်မြောက်ရေး ဆိုတာဟာ မိန်းမတွေ အတွက်သာမက ယောက်ျားတွေ အတွက်လည်း လိုအပ်နေတာ ဖြစ်တယ်။ အနောက်တိုင်း မိန်းမတွေဟာ ဒါကို မသိဘဲ ယောက်ျားတွေကိုဆန့်  ကျင် တိုက်ခိုက်နေတယ်။ ဒါကြောင့်လည်း သူတို့ ရဲ့ လွတ်မြောက်ရေး တိုက်ပွဲဟာ လွတ်လပ် မှုကို
ဖော်ဆောင်ပေးမှာ မဟုတ်ပဲ ယောက်ျားတွေ လုပ်ခဲ့သလို ချုပ်ချယ်ရေးသာ ဖြစ်လိမ့်မယ် လို့  အိုရှိုက ပြောပါတယ်။

ယောက်ျားရော မိန်းမပါ လွတ်မြောက်ဖို့  လိုအပ်နေတယ်။ အတိတ်ကာလက လွတ်မြောက်ဖို့  လိုအပ်နေတယ်။ အမှားတွေက လွတ်မြောက်ဖို့  လိုအပ်နေတယ်။ အတိတ် တုန်းက ရှိခဲ့တဲ့ အရုပ်ဆိုးတဲ့ အယူအဆတွေက လွတ်မြောက်ဖို့  လိုအပ်နေတယ်။ ယောက်ျားအသစ်၊ မိန်းမ အသစ်တွေ ဖန်တီးဖို့  လိုအပ်နေတယ်။

မိန်းမတွေ အနေနဲ့  ယောက်ျားတွေကို လက်စားချေတဲ့ နည်းနဲ့  လွတ်မြောက်ရေးကို ယူရမှာ မဟုတ်ဘူး။ လွတ်မြောက်ရေး ဆိုတာ ဒေါသစိတ်နဲ့  မုန်းတီးစိတ်နဲ့  လုပ်ရမှာ မဟုတ်ဘူး။ မေတ္တာ ဂရုဏာ စိတ်တွေနဲ့ သာ လွတ်မြောက်ရေးကို လုပ်ခဲ့မယ် ဆိုရင် အနောက်တိုင်း မိန်းမ တွေဟာ လှပ တင့်တယ်မှုကို လက်လွတ် ဆုံးရှုံးမှာ မဟုတ်ဘူး။ အမျိုးသမီး လွတ်မြောက်ရေး ဆိုတာ အမျိုးသမီးတွေကိုသာ လွတ်မြောက်စေမှာ မဟုတ်ဘဲ ယောက်ျားတွေကိုလည်း တပါတည်း လွတ်မြောက်စေမှာ ဖြစ်တယ်လို့  အိုရှိုက မြင်ပါတယ်။ ဒါကို အနောက်တိုင်း မိန်းမ တွေကတော့ မမြင်ဘဲ ဖြစ်နေတယ်။ ဒါကြောင့်လည်း အနောက်တိုင်း မိန်းမတွေဟာ ယောက်ျား မုန်းတီးရေး၊ ယောက်ျား ဆန့် ကျင်ရေးကို လုပ်ရက်မသား ဖြစ်နေတာကို သူက ထောက်ပြပါတယ်။ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုကိုလည်း သူက ရှင်းပြပါတယ်။ အမျိုးသမီး လွတ်မြောက်ရေး ဆိုတာဟာ ယောက်ျားတွေကို တမင် ရည်ရွယ်ပြီး ဒုက္ခပေးရေးပဲ ဖြစ်နေတယ်။ တကယ်က အမှားတွေ ဖြစ်ခဲ့တဲ့ အတိတ်ကာလကို ဆန့် ကျင်ရေး ပဲ ဖြစ်သင့်တယ်။ ဆင်းရဲ ဒုက္ခ ခံစားခဲ့ရတဲ့ အတိတ် ကာလ ဆိုးကို ဆန့် ကျင်တာမျိုးဘဲ ဖြစ်သင့်တယ်။ အဲသည် အတိတ် ကာလ ဆိုးထဲမှာ မိန်းမတွေသာ ဆင်းရဲ ဒုက္ခ ခံစားခဲ့ရတာ မဟုတ် ပါဘူး။ ယောက်ျားတွေလည်း ခံစားခဲ့ရတာပါ။ မိန်းမရော ယောက်ျားတွေပါ ဆင်းရဲ ခဲ့ရတဲ့ အတိတ် ကာလဆိုးကို ဆန့် ကျင် တော်လှန် ပုန်ကန်တာမျိုးဘဲ ဖြစ်သင့်ပါတယ်။ ဒါမှ လွတ်မြောက်ရေး လှုပ်ရှားမှု အမှန် ဖြစ်တယ်။

ဆင်းရဲ ဒုက္ခတွေ ခံစားခဲ့ရတဲ့ အတိတ်ကာလ ဆိုးကို ဆန့် ကျင်တာမျိုး လုပ်မယ်ဆိုရင် တော်လှန်ရေးမှာ သမာ သမတ်ကျမှုဆိုတဲ့ အရည်အသွေး တခု ပါဝင်လာပါလိမ့်မယ်။ အဲသည် အရည် အသွေးက မိန်းမတွေကိုရော ယောက်ျားတွေကိုပါ အကျိုး ရှိစေ ပါလိမ့်မယ်။ ယောက်ျား မိန်းမ အားလုံးကို လှပ တင့်တယ်စေပါ လိမ့်မယ်။

မောင်သာမည
(စားညွန်း- A New Vision of Women's Liberation by Osho )

/ အပြည့်အစုံမှာ

/ Labels:

အရှေ့ တိုင်းမိန်းမနှင့်အမျိုးသမီး လွတ်မြောက်ရေး ၎


မောင်သာမည
ယောကျာ်းတွေ ကြီးစိုးထားတဲ့ ကမ္ဘာလောကမှာ မိန်းမတွေ အနေနဲ့  နှိမ်ခံဘ၀မှာ နေကြရပါတယ်။ မိန်းမတွေကို နှိပ်တာ အကြောင်းမဲ့တော့ မဟုတ်ဘူး။

အကြောင်းရှိတယ်- မိန်းမတွေမှာ သူတို့ ထက်သာလွန်တဲ့ အရည်အသွေးတွေ ရှိနေတာ ကို သိတဲ့အတွက် ယောက်ျားတွေက နှိပ်လာခဲ့တာလို့  အိုရှိုက ပြောပါတယ်။
မိန်းမတွေဟာ သူတို့ ကို ဆွဲဆောင်နိုင်တယ်။ မိန်းမတွေရဲ့  သည်လို ဆွဲဆောင်မှုကို ယောက်ျာားသားတွေ မကျော်လွှား နိုင်ဘူး။
မိန်းမတွေကလည်း ဆွဲဆောင်မှုတွေနဲ့ သူတို့ အပေါ် လွှမ်းမိုးနိုင်မှာကို ကြောက်တယ်။ သည်အကြောက်တရား ကြောင့် မိန်းမတွေကို ဖိနှိပ်လာတာ ဖြစ်တယ်လို့  သူက ဆိုပါတယ်။
မိန်းမတွေကို နှိမ်ချတဲ့ နေရာမှာ ဘာသာရေး သမားတွေဟာ အဆိုးဆုံးပဲလို့  အိုရှိုက ယူဆပါတယ်။ ဘာသာရေးမှာ မိန်းမတွေကို နှိမ်ချခဲ့ပုံနဲ့ ပတ်သက်ပြီး သည်လိုပြောပါတယ်။

ဘုရားသခင်ရဲ့  တရားတော်တွေကို သယ်ဆောင်ဖြန့် ဖြူးနေသူတွေလို့  ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေတဲ့ သူတွေဟာ မေတ္တာတရားအကြောင်း ဂရုဏာတရားအကြောင်း ဟောကြ ပြောကြပေမယ့် မိန်းမတွေကိုတော့ လူလို့  ဘယ်တော့မှ မသတ်မှတ်ခဲ့ကြပါဘူး။
တကယ်တော့ အဲသည် ဘာသာရေးခေါင်းဆောင်တွေဟာ မိန်းမတွေက မွေးထုတ်ပေးလိုက်တဲ့ သူချည်းဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ ဟာ မိန်းမဘ၀ မိန်းမအဖြစ်ကို ကဲ့ရဲ့ ကြတယ်။ အပြစ်မြင်ကြတယ်။ အကြောင်းကတော့ ရှင်းရှင်းလေးပဲ။ သူတို့ ဟာ မိန်းမကို ကြောက်နေကြတာပါ။ စိတ်ပညာအရ ပြောရရင် ကြောက်နေတဲ့ တချိန်တည်းမှာ ဆွဲဆောင်ညို့ ငင် တာကိုလည်း ခံနေရပါတယ်။ အကြောက်တရားနဲ့  အစွဲတရားက ယှဉ်တွဲတည်ရှိနေတဲ့ အရာနှစ်ခုပါ။ တကယ်က အကြောက်တရားဟာ စွဲဆောင် ညှို့ ငင်မှုကနေ ထွက်ပေါ်လာတဲ့အရာပါ။ ဘာသာရေးသမား ယောက်ျားတွေဟာ မိန်းမ တွေရဲ့  ညှို့ ငင်ဆွဲဆောင်မှုကိုခံရပါတယ်။ တကယ်က ဒါဟာ သဘာဝပါ။ ဒီအထဲမှာ ဘာမှ အမှားအယွင်း မရှိပါဘူး။ လုံးဝ လူ့ သဘာဝ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာရေး ခေါင်းဆောင်ကြီး တစ်ယောက်၊ ကယ်တင်ရှင်ကြီး တစ်ယောက် ဖြစ်ချင်ရင်တော့ ထုံတမ်းစဉ်လာတွေနဲ့ညီအောင် လုပ်ရပါတော့မယ်။ သည်ထုံးတမ်းစဉ်လာ အားလုံးကလည်း ယောက်ျားတွေ ကပဲ ဖန်တီးထားတဲ့ အရာတွေပါ။ သည်နေ့  သည်ကာလထိ ကျွန်တော်တို့ ဟာ ယောက်ျားတွေ ဖန်တီး ထားတဲ့ လူ့ အဖွဲ့ အစည်းထဲမှာ မိန်းမတွေကို ထည့်မစဉ်းစားဘူး။

တရုတ် တွေးခေါ်ပညာရှင်ကြီး ကွန်ဖျူးရှပ်ကို ကြည့်ပါ။ တရုတ် တနိုင်ငံလုံးဟာ ကွန်ဖျူးရှပ်ရဲ့  အတွေးအခေါ် အယူ အဆအောက်မှာ ရှိပါတယ်။ ဒီအယူအဆက ဘာလဲဆိုရင် မိန်းမမှာ ၀ိညာဉ်မရှိဘူး ဆိုတဲ့ အယူအဆ။ မိန်းမမှာ ရုပ်ခန္ဓာ ကိုယ်ပဲရှိတယ်။ ၀ိညာဉ်မရှိဘူး။ ဒါကြောင့် မိန်းမတယောက်ကိုသတ်ရင် လူသတ်မှု မမြောက်ဘူး။ သည်လို ယူဆခဲ့ပါ တယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာ ယောက်ျားတယောက်က သူရဲ့ ဇနီးကို သတ်ရင် လူသတ်မှုလို့  မယူဆခဲ့တာ နှစ်ပေါင်း များစွာ ကြာအောင်ပါပဲ။ မိန်းမသတ်တာကို ကိုယ်ပိုင်ဆိုင်တဲ့ စားပွဲတလုံး ကုလားထိုင်တလုံးကို ဖျက်ဆီးပစ်လိုက် သလောက်ပဲ သတ်မှတ်ခဲ့ပါတယ်။ မိန်းမဟာ ပိုင်ဆိုင်စရာ ပစ္စည်းတခုဖြစ်နေခဲ့တယ်။ မိန်းမကို စားပွဲ တလုံး၊ ကုလားထိုင်တလုံးလို သဘောထားခဲ့တယ်။
သည်နေ့ အချိန်မှာ ကမ္ဘာ လောကကြီး တခုလုံးက ကွန်ဖျူးရှပ်ကို ပညာအရှိဆုံး ပုဂ္ဂိုလ်တယောက်လို့  သတ်မှတ်ထား ပါတယ်။ ဘာပညာ ရှိတာလဲ။ သူဟောခဲ့တာ မှန်သမျှကတော့ လူတွေရဲ့ စိတ်ကို ရှုပ်ထွေး ပွေလီစေတာက လွဲလို့  ဘာမှ မရှိပါဘူး။
ဘာသာရေးတိုင်းဟာ မိန်းမကို ကြောက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးတိုင်းက လိင်စိတ်ကို ကြောက် ကြတာကိုး။ ဒါ့ကြောင့် ဘာသာရေးတိုင်းက လိင်စိတ်ကို ဖိနှိုပ်ကြတယ်။ လိင်စိတ်ကို ဖိနှိပ်ရင် တဆက်တည်း မိန်းမတွေ ကိုလည်း ဖိနှိပ်လာတယ်။ လိင်စိတ်ကို ကဲ့ရဲ့  ရှုတ်ချမယ်ဆိုရင် မိန်းမကို ကဲ့ရဲ့ ရှုတ်ချရမယ်။ မိန်းမကို လေးစားတယ် ဆိုရင်တော့ လိင်စိတ်ကိုလည်း လေးစားရမယ်။ သည်လို ဆက်စပ်နေပါတယ်
ဘာကြောင့် ဘာသာရေး ခေါင်းဆောင်ဆိုသူတွေက လိင်စိတ်ကို ဆန့် ကျင်ကြတာလဲ။ ဘာသာရေး အမျိုးမျိုးက ခေါင်း ဆောင်တွေဟာ အတွေးအခေါ် အယူအဆ အမျိုးမျိုး ကွဲပြားခြားနားနေပေမယ့် လိင်စိတ်ကို ဆန့် ကျင်တဲ့ နေရာမှာ တော့ အားလုံးတူနေကြပါတယ်။ ဒါဟာ ဘာသာရေးအားလုံး သဘောတူမှုရတဲ့ တခုတည်းသော အချက်ပါပဲ။ လိင်စိတ် ကို ဆန့် ကျင်တာကတော့ လိင်စိတ်ကို ကြောက်လို့ ပါ။ လိင်စိတ်ကို ဘာကြောင့် ကြောက်သလဲဆိုရင် လိင်စိတ်ဟာ လူ မှာ အကြီးမားဆုံး အင်အား ဖြစ်နေလို့ ပါပဲ။ လိင်စိတ်ဟာ သဘာဝအရ ဖြစ်စေ၊ ဇီဝ ဗေဒသဘောအရ ဖြစ်စေ အင်အား အကြီးဆုံးသော အရာဖြစ်ပါတယ်။ နောက်ပြီး လိင်စိတ်ကို ဖျက်ဆီးလို့ လည်း မရနိုင်ပါဘူး။
လိင်စိတ်ကို ရှုတ်ချပြစ်တင်ပြီး ဖိနှိပ်မလား ဒါမှမဟုတ် လိင်စိတ်ကို နားလည်ပြီး ပြောင်းလဲမှု လုပ်မလား။ တကယ်တော့ လိင်စိတ်ကို နားလည်ပြီး ပြောင်းလဲမှု လုပ်ဖို့ က မလွယ်ပါဘူး။ အလွန် အချိန်ကြာမယ်။ အသိတရားတွေ အသိတရား တွေ ကြီးကြီးမားမား လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ လိင်စိတ်ဟာ မသိစိတ်နဲ့  ဆိုင်တဲ့ အင်အားတခု ဖြစ်နေလို့  ပါ။ ခန္ဓာကိုယ်မှာ ရှိသမျှ ကလာပ်စည်း အားလုံးဟာ လိင်စိတ်နဲ့  ပြီးပါတယ်။ လိင်စိတ်နဲ့  ရှင်သန် လှုပ်ရှားနေပါတယ်။ ကိုယ့်ရဲ့  အသိစိတ်ဟာ မသိစိတ် တခုဖြစ်တဲ့ လိင်စိတ် အင်အားနဲ့  နှိုင်းယှဉ်ရင် ဘာမှ မပြောပလောက်တော့ ပါဘူး။ မသိစိတ်က ကိုယ့်ကို အချိန်မရွေး သိမ်းပိုက်ပစ်နိုင်တယ် ဆိုတဲ့ အကြောက်တရား ပေါ်လာတာပေါ့။ လိင်စိတ်ကို နှိပ်ကွက်တာက ပိုလွယ်တဲ့ ပုံ ပေါက်ပါတယ်။ ဖိနှိပ်တဲ့ အလုပ်အတွက် ဘာအသိပညာမှ မလိုအပ်ပါဘူး။ ဘယ်လို အရှုး အနှမ်းမဆို နှိပ်ကွပ်တဲ့ အလုပ်ကို လုပ်နိုင်ပါတယ်။ တကယ်လည်း အရှုးအနှမ်းတွေပဲ လိင်စိတ်ကို ဖိနှိပ်နေကြတာပါ။
အိုရှို ကအိန္ဒိယ မှာရှိကြတဲ့ ဘာသာရေးမျိုးစုံက ဘာသာရေး ခေါင်းဆောင်တွေ ဘာသာရေး ၀န်ထမ်းတွေ အားလုံးဟာ လိင်မှု ကိစ္စကို နှိပ်ကွပ်လေလေ မိုက်မဲလေလေ ဖြစ်တယ်လို့  ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ သဘာဝ တရားကို နှိပ်ကွပ်တာဟာ ရှုးမိုက်တဲ့ အလုပ်ဖြစ်ပြီး အဲဒါကြောင့် အသိပညာကိုလည်း ဖျက်ဆီးမိရက်သား ဖြစ်သွားတယ်လို့  သူက ထောက်ပြပါတယ်။
လိင်စိတ်ကို ဖိနှိပ်တဲ့ လူတွေဟာ အလွန်လေးလံ ထိုင်းမှိုင်းတဲ့ပုံ ပေါက်နေကြတဲ့ အကြောင်း ၊ ဘာကိုမှ ကြားတဲ့ သိတဲ့ ပုံလည်း မပေါ်ကြောင်း၊ သူတို့ မျက်လုံးတွေဟာ သေနေကြပြီး ခန္ဓာကိုယ်ကလည်း ကြုံဝင်နေတဲ့ အကြောင်း သူက ပြောပါတယ်။
သူက အိန္ဒိယ နိုင်ငံမှာ ထင်ရှားတဲ့ ဂျိန်းဘာသာမှာ မိန်းမကို ဖိနှပ်ပုံ အကြောင်းသည်လို ဆက်ပြောပြပါတယ်။
မိန်းမ ခန္ဓာနဲ့  ယောက်ျား ခန္ဓာ ဘာကွာခြားသလဲ။ ဇီဝ ကမ္မ သဘောအရ ခြားနားတာပဲရှိတယ်။ ဒါဟာ တကယ့် ခြားနား ချက်လည်းမဟုတ်ဘူး။
ဒါပေမယ့် ဂျိန်းဘာသာကတော့ မိန်းမခန္ဓာကိုယ်က လွတ်မြောက်မှုကို မဖန်တီးနိုင်ဘူးလို့  ယုံကြည်နေပါတယ်။ မိန်းမ တွေ ပထမဆုံး လုပ်ရမှာက ယောက်ျားဖြစ်အောင် လုပ်ရမှာ ဖြစ်တယ်။ ဒါကြောင့် ဂျိန်းဘာသာမှာ ရှိကြတဲ့ သီလရှင်တွေ ဟာ လွတ်မြောက်မှုအတွက် အားမထုတ်ဘဲ နောက်ဘ၀မှာ ယောက်ျားအဖြစ် မွေးဖွားလာဖို့  အတွက် အားထုတ်ကြပါ တယ်။
ဂျန်းဘာသာမှာ မိန်းမတွေ အပေါ် နှိမ်ချပုံအကြောင်း သူ့ ကိုယ်တွေ့ ကို အိုရှို ကပြောပြပါတယ်။ ဂျိန်းဘာသာဟာ ယောက်ျားတွေပဲ ဘုန်းကြီးဝတ်ရတဲ့ ဘာသာဖြစ်တယ်။ ဂျိန်းဘုန်းကြီးကို တိတ္တံကရ လို့ ခေါ်ပါတယ်။ တိတ္တံကရ ဖြစ်ရင် ဘာအ၀တ်အစားမှ မ၀တ်ရဘဲ ကိုယ်တုံးလုံးနဲ့  နေရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့  တိတ္တံကရအဖြစ်ကို ရောက်ဖို့  မဖြစ်နိုင်လောက်ပါပဲ။ အ၀တ်အစား ၀တ်ခွင့်ရှိတဲ့ သီလရှင် အဆင့်နဲ့  နေပြီး နောက်ဘ၀မှာ ယောက်ျားဖြစ် အောင် အားထုတ်ဖို့ ပဲရှိပါတယ်။
ဒါကို မာလိဘိုင် ဆိုတဲ့အမျိုးသမီးက မကျေနပ်ပါဘူး။ ယောက်ျားတွေပဲ လွတ်မြောက်မှုကို ရနိုင်တယ်ဆိုတဲ့ အယူအဆ ဟာ ယောက်ျားတွေ တီထွင်ထားတဲ့ အယူအဆတခု ဖြစ်တယ်လို့  သူကပြောပြီး တိတ္တံကရ အဖြစ် ၀င်ရောက်လိုက်ပါ တယ်။ အ၀တ်အစားမ၀တဘဲ ကိုယ်တုံးလုံးနဲ့  လွတ်မြောက်မှုရအောင် အားထုတ်ပါတယ်။
သည်လို ရဲရဲရင့်ရင့် တော်လှန် လိုက်တဲ့အခါ မာလိဘိုင် ဂျိန်းဘာသာမှာ တိတ္တံကရ အဖြစ် လက်ခံလိုက်ရပါတယ်။ ဒါပေမယ့် မာလိဘိုင် ကွယ်လွန်တဲ့ အခါမှာ နာမည်ကို မာလိနသ် ဆိုတဲ့ ယောက်ျားနာမည်ကို ပြောင်းပြီး ရုပ်တုကိုလည်း ယောကျာ်း ရုပ်တုအဖြစ် ထုလုပ်ထားပါတယ်။
သည်အကြောင်းကိုသိတဲ့ အိုရှိုက ဂျိန်းဘုရားကျောင်းကိုသွားပြီး တိတ္တံကရ မာလိဘိုင်ရဲ့  ရုပ်တု ဘယ်ဟာလဲလို့  မေးလိုက်ပါတယ်။ သည်အခါမှာ ဘုရားကျောင်းမှာ ရှိတဲ့ ဘုန်းကြီး တပါးက ယောက်ျားရုပ်တု တခုကို ညွန်ပြခဲ့ပါတယ်။ တကယ်က မိန်းမ တယောက်ကို ဂျိန်းဘာသာရဲ့ အထွတ်အမြတ်ဖြစ်တဲ့ တိတ္တံကရ အဖြစ် နေရာမပေးနိုင်တဲ့အတွက် ယောက်ျား နာမည်ပြောင်းပြီး ယောက်ျား ရုပ်တု ထုထားတာ ဖြစ်တဲ့ အကြောင်း အိုရှိုက သိတော့ အငြင်းပွား ကြပါတယ်။ နောက်ဆုံးတော့ အိုရှိုကို ဂျိန်း ဘုရားကျောင်းထဲ အ၀င်မခံတော့ပါဘူး။
ဂျိန်းဘာသာမှာလိုပဲ မိုဟာမဒင်ဘာသာနဲ့  ဂျူးဘာသာတွေမှာလည်း မိန်းမကို နှိမ်ထားတယ်လို့  အိုရှိုက ပြောပါတယ်။ မိုဟာမေဒင် ယောကျာ်း တယောက်ဟာ မိန်းမ လေးယောက်ယူခွင့် ရှိတယ်။ ဒါပေမယ့် မိုဟာမေဒင် မိန်းမတယောက် ကတော့ ယောက်ျား လေးယောက် ယူခွင့်မရှိဘူး။ နောက်ပြီး မိန်းမတွေကို ပလီထဲ ၀င်ခွင့်မပေးဘူး။ မိန်းမတွေဟာ ပလီ အပြင်ကပဲ ၀တ်ပြုခွင့်ရတယ်။ မိန်းမ တယောက်ဖြစ်တဲ့အတွက် ညစ်ညမ်းတယ်လို့  ယူဆထားတာကိုး။
ကျွန်တော်မှတ်မိတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။ တကယ့်ဖြစ်ရပ်မှန် ဟုတ်၊ မဟုတ်တော့ မသိဘူး။ အိန္ဒိယ ၀န်ကြီးချူပ် အင်ဒီရာ ဂန္ဒီဟာ အစ္စရေးကို သွားလည်ပါတယ်။ အဲသည်အချိန်က အစ္စရေး ၀န်ကြီးချုပ် ဂိုလ်ဒါမေယာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် နှစ်ယောက်လုံးဟာ မိန်းမတွေ ဖြစ်ပါတယ်။ အင်ဒီရာ ဂန္ဒီဟာ အစ္စရေးကို ရောက်တဲ့အခါ ဂျူးဘုရား ကျောင်း ကိုသွားပြီး ဂျူးဘာသာဝင်တွေ ဘယ်လိုဝတ်ပြုသလဲဆိုတာ ကြည့်ချင်ပါတယ်။ ဒါကြောင့် ဂိုလ်ဒါမေယာက အင်ဒီရာဂန္ဒီ ကို ဂျူးဘုရားကျောင်း တခုဆီကို ခေါ်သွားပါတယ်။ ဘုရားကျောင်းကို ရောက်တော့ ဘုရားကျောင်းရဲ့  ခန်းမထဲ ခေါ်မသွားဘဲ လသာ ဆောင်ကိုခေါ်သွားပါတယ်။
အင်ဒီရာ ဂန္ဒီက လသာဆောင်ဆိုတာ ၀န်ကြီးချုပ်တွေ ထိုင်ရတဲ့ သီးသန့်  နေရာတခုလားလို့  ဂိုလ်ဒါမေယာကို မေးပါတယ်။ တကယ်က ဂျူးဘာသာရဲ့ ထုံးစံအရ မိန်းမတွေကို လသာဆောင်ဘက်မှာ သီးသန့် ခွဲထားပြီး နေရာပေး ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂိုလ်ဒါမေယာက အဲသည်လို ခွဲခြားထားတဲ့ အကြောင်း မပြောချင်ပါဘူး။ ဒါကြောင့် ဟုတ်တယ်၊ ဒီလသာဆောင်ဟာ ၀န်ကြီးချုပ်တွေ အတွက် သီးသန့် နေရာပါလို့ ပဲ ပြန်ဖြေခဲ့တယ်။
တကယ်က လသာဆောင်ဟာ ၀န်ကြီးချုပ်တွေ ထိုင်ဖို့  သီးသန့် နေရာ မဟုတ်ပါဘူး။ မိန်းမတွေ အတွက် ခွဲခြားထားတဲ့ နေရာသာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဖြစ်ပေမယ့် မိန်းမကတော့ မိန်းမပဲ မဟုတ်ပါလား။ ။
မောင်သာမည
(စာညွန်း - A New Vision of Women’s Liberation by Osho)


/ အပြည့်အစုံမှာ

19.5.09 / Labels:

အရှေ့ တိုင်းမိန်းမနှင့်အမျိုးသမီး လွတ်မြောက်ရေး ၅

မောင်သာမည
မိန်းမဆိုတာ အိမ်ထောင်သားမွေးလောက
နဲ့ ဘ၀ဆုံးသွားရမယ့် သူမဟုတ်ဘူးဆိုတာကို
သဘောပေါက်နားလည်ပါမှ အမျိုးသမီးတွေအနေနဲ့  လွတ်မြောက်ရေးကို ရမယ်လို့ အိုရှိုကယူဆပါတယ်။


သားသမီးများများမွေးနိုင်တဲ့အပေါ် ဂုဏ်ယူရမယ့်
ခေတ်ဟာ ကျန်ရစ်ခဲ့ပြီလို့ သူကဆိုပါတယ်။
ကမ္ဘာ ကြီးဟာ လူဦးရေလွန်ကဲတဲ့အနေအထားကို
ရောက်နေပြီး အစာရေစာမလောက်ငှတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပြီ။ဒါကြောင့်ကလေးမွေးတာဟာ
ဖန်တီးမှုတစ်ခုမဟုတ်တော့ဘဲဖျက်ဆီးမှုတခု ဖြစ် လာပြီလို့ သူကပြောပါတယ်။

အတိတ်ကာလတုန်းကတော့ ကမ္ဘာကြီး ဟာသည်လောက်လူဦးရေမထူထပ်သေးပါဘူး။
လူ သားတွေကိုလိုလည်းလိုအပ်နေခဲ့ပါတယ်။သည်လို အပ်ချက်ကိုမိန်းမတွေက
ဖြည့်ဆည်းပေးခဲ့ပါတယ်။အခုတော့ လူတွေကလိုတာထက်ပိုနေပြီ။
သည်အခြေအနေမှာ မိန်းမတွေအနေနဲ့ ဖန်တီးမှုအသစ်တ မျိုးကို
လုပ်ဆောင်ဖို့ လိုလာပြီ။ ဒါမှလည်း ယောက်ျားတွေနဲ့တန်းတူရည်တ
ူ ဖြစ်လာနိုင်ပါ တယ်။
ဖန်တီးမှုအသစ်တွေကိုမလုပ်ဆောင်ဘူး ဆိုရင်တော့အတိတ်ကအတိုင်း
ကလေးမွေးထုတ်တဲ့စက်ရုံတခုပဲ ဖြစ်နေလိမ့်မယ်။ ယောက်ျားတွေ ကလည်းမိန်းမတွေကိုကလေးများများမွေးထုတ်ဖို့ ပဲ အသုံးချခဲ့ပါတယ်။

အဲသည်အချိန်တုန်းကတော့ ကလေးများများမွေးတာ
တွက်ခြေကိုက်တာကိုး။ ကလေးမွေးတာဟာစီးပွားရေးလုပ်ငန်းတခုလို ဖြစ် ခဲ့ပါတယ်။
အခုတော့ ပြောင်းလဲသွားပါပြီ။ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲနေပါပြီ။
ဒါကြောင့် မိန်းမတွေအနေနဲ့ ဖန်တီးမှုအသစ်တွေကိုလုပ်ဆောင်ဖို့ လိုလာပြီ။
ပန်းချီတွေဆွဲဖို့ ပန်းပုတွေထုဖို့ လိုလာပြီ။ သီချင်း တွေ ဂီတတွေရေးဖွဲ့ ဖို့ လိုလာပြီ။
ဖန်တီးမှုနယ်ပယ် ကြီး အတွင်း အပြည့်အ၀ ၀င်ရောက်ခွင့်ရှိသင့်ပြီ။

အတိတ်ကာလတုန်းက မိန်းမတွေဟာ အနု ပညာနယ်ပယ်မှာ
ရောအတွေးအခေါ်နယ်ပယ်မှာပါဖန်တီးနိုင်တဲ့ အခြေအနေမရှိခဲ့ဘူး။
ထိပ်တန်းကို ရောက်မလာခဲ့ပါဘူး။
ကလေးမွေးတဲ့အလုပ်ကိုပဲ မိန်းမတစ်ယောက်ရဲ့ ဖန်တီးမှုတခုလို့ သတ်မှတ်
ထားတဲ့ စနစ်ကြီးထဲမှာ နေခဲ့ကြရတာကြောင့် ဖြစ်ပါတယ်။ကလေးများများ
မွေးထုတ်တဲ့ မိန်းမကို ဂုဏ်ပြုခဲ့ကြတယ်၊ ကလေးများများမွေးတဲ့
မိန်းမကို ယောက်ျားတွေက သဘောကျခဲ့တယ်။ယောက်ျား ဓားသွေး
မိန်းမသားမွေးဆိုတဲ့စကားဟာစနစ်တခု ခေတ်တခုကို ရည်ညွှန်းတဲ့စကားပါ။

ဒါနဲ့ ပက်သက်ပြီး အိုရှိုကမိုဟာမက်ပေါ်ထွန်းခဲ့တဲ့ ခေတ်ကို ဥပမာပြပါတယ်။
မိုဟာမက်ဟာ သူ ကိုယ်တိုင်လည်း မိန်းမအများယူခဲ့သလိုသူ့ နောက်
လိုက်တွေကိုလည်း မိန်းမ လေးယောက်အထိယူခွင့်ပြုခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ စစ် တိုက်နေကြတာကိုး။
စစ်ဖြစ်နေတော့ လူတွေသေ ကြတယ်။ လူအင်အားတွေလိုနေတယ်။
ဒါကိုမိန်းမ တွေက ဖြည့်ဆည်းပေးရတယ်။ ကလေးများများ မွေးပေးနိုင်တဲ့
မိန်းမဟာ တကယ့်ဖန်တီးရှင်ဖြစ်ခဲ့ တဲ့ခေတ်ပေါ့။ အင်အားနဲ့ အနိုင် ယူတဲ့ခေတ်ပါ။
သည်နေ့ အချိန်မှာတော့ လူအင်အားကို တည်ဆောက်ပြီးအင်အားပြရမယ်
့ခေတ်ကြီးမဟုတ် တော့ပါ။ ဒါကိုအမျိုးသမီးတွေ သဘောပေါက်ဖို့ လို တယ်။
အရင်ခေတ်တုန်းက ကလေးမွေးရင်းအချိန်ကုန်ခဲ့တဲ့နေရာမှာ တီထွင်ဖန်တီးမှုတွေ လုပ်ရမယ်
လို့ အိုရှိုက အကြံပြုပါတယ်။

အတိတ်ကာလတုန်းက မိန်းမတွေဟာ ထိပ်တန်း ကဗျာ လင်္ကာတွေ မရေးစပ်နိုင်ခဲ့ဘူး။ ထိပ်တန်းပန်းချီပန်းပုတွေ မဖန်တီးနိုင်ခဲ့ဘူး။သိပ္ပံပ ညာရှင်ကြီးတွေမဖြစ်ခဲ့ကြဘူး။
ဘာသာရေးခေါင်း ဆောင်တွေမဖြစ်ခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ က ကိုယ်ဝန်ပဲဆောင်နေခဲ့ရတာကိုး။ က လေးမွေးတာနဲ့ အင်အားကုန်ခန်းနေခဲ့ရတာကိုး။
က လေးတွေ ဒါဇင်နဲ့ ချီပြီး မွေးခဲ့ရတာကြောင့် အမျိုး သမီးတွေဟာ
အဟာရချို့ တဲ့ခဲ့ရပါတယ်။ပင်ပန်း ဆင်းရဲခဲ့ရပါတယ်။ကျန်းကျန်းမာမာ မရှိခဲ့ပါဘူး။
အ မျိုးသမီးတွေဟာ သူတို့ ဘ၀ကို ပြည့်ပြည့်၀၀ မနေ ထိုင်ခဲ့ကြဘူး။

အခုတော့ ကိုယ်ဝန်မဆောင်ဘဲ ကလေး မမွေးဘဲနေမယ်ဆိုရင် နေနိုင်တဲ့ခေတ်ကို
ရောက် လာပါပြီ။ကိုယ်ဝန်တားတဲ့ဆေးတွေပေါ်လာပါပြီ။ သည်ဆေးတွေရဲ
့အကူအညီနဲ့  ကလေးမမွေးဘဲ နေလို့  ရနေပါပြီ။ ဆန္ဒမပါဘဲ သားမွေးရတဲ့ဘ၀က
လွတ်မြောက်အောင် လုပ်လို့ ရနေပါပြီ။

သည်လို့သားမွေးရင်း ဘ၀ကုန်ရတဲ့ အခြေအနေ အောက်က လွတ်မြောက်အောင်
လုပ် နိုင်တာဟာ အမျိုးသမီးတွေအတွက် တီထွင်ဖန်တီး မှုအသစ်ကို
လုပ်ဆောင်နိုင်တဲ့ အင်အားတွေ ရလာ တာပဲဖြစ်တယ်လို့  အိုရှိုကဆိုပါတယ်။
သည်လို အင်အားသစ်တွေနဲ့ လွတ်မြောက်လာတဲ့ အမျိုးသ မီးတွေအနေနဲ့  ဗုဒ္ဓ၊ဇာရာသုစတြ၊ယေရှုခရစ်၊ကရစ် သျှနားတို့ လို ဘာသာရေးရှေ့ ဆောင်တွေ ဖြစ်လာ နိုင်တဲ့အကြောင်း၊မိုးဇက်၊၀ဂ္ဂနာ၊လီယိုနာဒိုဒါဗင်စီ၊ မိုက်ကယ် အင်ဂျလို၊
ရှိတ်စပီးယား၊ကာလီဒါသ၊ရာ ဘင်ဒြာနတ်တဂိုး၊ တော်စတွိုင်းတို့ လိုစာပေဂီတ
ပန်းချီ ပန်းပုအနုပညာရှင်တွေလည်း ဖြစ်လာနိုင်တဲ့ အကြောင်း သူကပြောပါတယ်။

မိန်းမ တွေရဲ့  အင်အားတွေကို ကလေးမွေး တဲ့နေရာမှာ မသုံးဖြုန်းတော့ဘူးဆိုရင်
သူတို့ ဟာ ပေါ်ထွန်းခဲ့တဲ့ ဘာသာရေးခေါင်းဆောင်တွေ စာ ပေအနုပညာရှင်တွေထက်
ပိုကြီးကျယ်တဲ့သူတွေ ဖြစ်လာအောင် လုပ်နိုင်လိမ့်မယ်။ ဘာကြောင့်လ
ဲ ဆိုတော့မိန်းမတွေမှာ ယောက်ျားတွေထက်ဖန်တီး စွမ်းအားတွေ
အများကြီးပိုရှိနေတဲ့အတွက်ပါပဲလို့  အိုရှိုက ယူဆပါတယ်။
မိန်းမတွေရဲ့ အင်အားတွေကိုလွတ်လပ်ခွင့် ပေးလိုက်ရင် ဖန်တီးမှုတွေ
လုပ်လာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ယောက်ျားတွေအနေနဲ့ မိန်းမတွေရဲ
့တီ ထွင်ဖန်တီးမှုစွမ်းရည်ကိုလန့် နေကြတယ်။ မိန်းမ တွေက ယောက်ျားတွေထက
်သေချာပေါက်သာ လွန်သွားနိုင်ပါတယ်။ သဘာဝအရ မိန်းမတွေမှာ
တီထွင်ဖန်တီးနိုင်စွမ်းပိုရှိနေပါတယ်။

ဒါပေမယ့် ယောက်ျားတွေက မိန်းမတွေကို ကျွဲအုပ်နွားအုပ်လို အသုံးချနေခဲ့ပါတယ်။
ယောက်ျားတွေက မိန်းမတွေကို ကလေးမွေးမြူတဲ့နေရာ မှာ အသုံးချနေခဲ့ပါတယ်။
မိန်းမတွေကို မွေးမြူရေး ခြံတခုလိုစိုက်ခင်းတခုလိုအသုံးချနေခဲ့ပါတယ်။လင်
ယောက်ျားလို့ အနက်ရှိတဲ့ အင်္ဂလိပ်စကားလုံး(Hus –band) ဟာ
စိုက်ပျိုးမွေးမြူရေးသမား(Farmer)နဲ့  အဓိပ္ပာယ်အတူတူဖြစ်ပါတယ်။
ဇနီးမယားကစိုက် ခင်းဖြစ်ပါတယ်။ လင်ယောက်ျားက လယ်သမား
ဖြစ်ပါတယ်။မိန်းမရဲ့ အလုပ်က နှစ်တိုင်းအသီးအနှံ ကောင်းကောင်းသီးပွင့်ပေးဖို့ ပါပဲ။

ဒါကို အမျိုးသမီးတွေနားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဒါကို သဘောမပေါက်ရင်
ဘယ်တော့မှ လွတ်မြောက်မှာမဟုတ်ဘူး။ အတိတ် ကာလက ပြဌာန်းခံခဲ့ရတဲ့
ဘ၀ပုံစံကို ရပ်ပစ်ဖို့ လို တယ်။ကိုယ့်အတွက် ကလေးတွေမွေးပေးတဲ့ တွက်
တော်လိုက်တာ မိန်းမရယ်လို့ ယောက်ျားတွေက ပြောခဲ့ကြပါတယ်။သည်စကားဟာ
နှစ်သိမ့်တဲ့ စကားသက်သက်ပါ။ သည်လို လှည့်စားမှုမျိုးတွေ ကိုသတိထားပါ။
ယောက်ျားတွေကမိန်းမတွေကို ရတဲ့ နည်းလမ်းပေါင်းစုံနဲ့  အမြတ်ထုတ်ခဲ့ကြတယ်။
သည် အမြတ်ထုတ်မှုကို ဆုံးခန်းတိုင်ဖို့  အချိန် ရောက်ပြီ။

အမျိုးသမီးတွေအနေနဲ့ ကိုယ့်အင်အားတွေ ကို ကလေးမွေးတဲ့နေရာမှာမသုံးတော့ဘဲ
ဖန်တီး တဲ့ နေရာမှာ အသုံးပြုရင် ယောက်ျားတွေထက်သာ လွန်မယ်လို့ 
အိုရှိုကယူဆပါတယ်။ဖန်တီးမှုဆိုတာ လူ့ လောက ကြီးကို ပိုပြီး သာယာလှပလာစေတဲ့အ
ရာဖြစ်တာကြောင့် အမျိုးသမီးတွေဟာ ပိုပြီးတန်ဖိုး ရှိတဲ့ ဘ၀ကိုရောက်လာမယ်၊
အမျိုးသားတွေနဲ့  တန်းတူရည်တူဘ၀ကို ရလာမယ်လို့ အိုရှိုက ဆိုပါ တယ်။
ကမ္ဘာကြီးကို ပိုမိုလှပလာအောင်လုပ်တဲ့ အ ရာမှန်သမျှဟာ ဖန်တီးမှုရှိတဲ့အရာပါပဲ။
ကိုယ့်အိမ်ခြံ ၀န်းထဲကဥယျာဉ်ကို ပြင်ဆင်မွမ်းမံပါ။ပန်းမျိုးသစ် တွေ စပ်ပါ။
ပန်းမျိုးသစ်တွေက ရနံ့ သစ်တွေပေးပါ လိမ့်မယ်။

ယောက်ျားတွေနဲ့ နေရာတကာ ယှဉ်ပြိုင်ပါ။ မိန်းမဟာ ယောက်ျားနဲ့ တန်းတူရည်တူ
ဖြစ်တဲ့အကြောင်း အလုပ်နဲ့ သက်သေပြပါ။ အမျိုးသမီးလွတ်
မြောက်ရေးလှုပ်ရှားမှုနဲ့ မပြပါနဲ့ ။ သည်လှုပ်ရှားမှု ကအမုန်းတရားတွေပဲ
ဖန်တီးခဲ့ပါတယ်။ သည်လှုပ်ရှားမှုက ယောက်ျားတွေနဲ့ တန်းတူရည်တူအဖြစ်ကို
ပေးမှာတော့ မဟုတ်ဘူး။ တန်းတူရည်တူအဖြစ်ကို ကြိုးစားလုပ်ဆောင်ပြီး
ရယူရတာဖြစ်ပါတယ်။ထိုက် တန်အောင်လုပ်ပြရတာဖြစ်ပါတယ်။

သည်နေ့ သည်အချိန်အထိယောက်ျားတွေ ဖန်တီးနေခဲ့သမျှကို မိန်းမတွေက
ဖန်တီးလာနိုင်တဲ့ တနေ့ မှာ တန်းတူရည်တူ ဘ၀ကိုတောင်းဖို့ လို
တော့မယ်မထင်တော့ပါဘူး။အခုဆိုရင် မိန်းမတွေ အနေနဲ့ ဘယ်နေရာမှာမဆိ
ု ဖန်တီးနိုင်တဲ့အခွင့်အ လမ်းရှိလာနေပါပြီ။ ပီကာဆို ဖြစ်လာနိုင်ပါပြီ။
မိုးဇက် ဖြစ်လာနိုင်ပါပြီ။ ဗင်ဂိုး ဖြစ်လာနိုင်ပါပြီ။ရှိတ် စပီးယားဖြစ်လာနိုင်ပါပြီ။
သည်လိုအနုပညာရှင်ကြီး တွေ မဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ မိန်းမ တွေက
သာလွန်ကောင်း သာလွန်ပါလိမ့်ဦးမယ်။ ပိုပြီးနူးညံ့ သိမ်မွေ့ ပါလိမ့် ဦးမယ်။
မိန်းမတွေ ထုလုပ်တဲ့ ပန်းပုက ပိုပြီး အသက်ဝင်မှာ သေချာပါ တယ်။

မိန်းမတွေအနေနဲ့ ယောက်ျားတွေနဲ့ တန်းတူ ရည်တူမဖြစ်နိုင်တဲ့ အရာကတခုပဲရှိပါတယ်။
အဲ သည်နေရာမှာ တန်းတူရည်တူ ဖြစ်အောင်မကြိုး စားပါနဲ့ လို့ သတိပေးပါရစေ။
ကြွက်သားတွေကြီး ထွားတဲ့နေရာမှာ တန်းတူအောင်သွားမလုပ်ပါနဲ့ ။
အဲသည်နေရာမှာတော့ ယောက်ျားတွေကို သာလွန်ခွင့်ပေးလိုက်ပါ။
ဘာကြောင့်လဲ ဆိုတော့ မိန်းမတွေအနေနဲ့  အားကစားရုံတွေကို သွားပြီး
ယောက်ျားတွေရဲ့ ကြွက်သားအထစ်ထစ်နဲ့ ကိုယ်ခ န္ဓာမျိုးရအောင်လေ့ကျင့်ပြီဆို
ရင်တော့ လူ့ လော ကရဲ့ သမိုင်းမှာ အဆိုးဝါးဆုံး ကာလကြီးကို ရောက် လာမှာ ဖြစ်လို့ ပါပဲ။
မောင်သာမည
စာညွန်း - The Book of Woman by Osho



/ အပြည့်အစုံမှာ

18.5.09 / Labels:

အပိုင်း (၁)

အရှင်ဘုရားက ဘယ်လိုအကြောင်းနဲ ၊့ဒီဘက်ကို ကြွခဲ့တာလဲ ဘုရား။
ပြောရရင်တော့ တကာရေ၊ တို့ ဘာသာဟာ မလွတ်လပ်လို့ ပဲ။
ဘယ်လိုများ လွတ်လပ်မှုမရှိတာလဲ ဘုရား။
ကိုးကွယ်ယုံကြည်ခွင့်နဲ့ ယူဆပိုင်ခွင့် လွတ်လပ်မှုမရှိတာကို ခေါ်ရမှာပဲ။
အရှင်ဘုရားတို့ က ဘုန်းကြီးလုပ်နေပြီးမှတော့ အဲဒီလွတ်လပ်ခွင့်မရဘူးဆိုတာ
တပည့် တော်နားမရှင်းဘူး ဘုရား။

မျက်စိလည်နေသူဟာ နားလည်းမရှင်းတတ်ဘူးလေ။

ဘာသာရေးဆိုတာ ခက်ခဲနက်နဲလှတယ်ကြောင့်လား ဘုရား။
ဒီလိုကြောင့် မဟုတ်တတ်ပါဘူး တကာ။

ခက်ခဲနက်နဲတဲ့အရာ မဟုတ်ဘူးလို့ ဆိုလိုတာလားဘုရား။
ဒီလိုလည်းယူဆစရာ မဟုတ်ဘူးတကာ။

အဲဒါမှ ခက်တာပါ ဘုရား။
တကာ မျက်စိပိုလည်သွားပြီ။ နားထောင်လို့ ရပါ့ဦးမလား။

မဟုတ်ရပါဘူး ဘုရား။ မေးသမျှ ဝေးရလို့ ပါ၊ တကယ်ဆို တပည့်တော်လည်း ဗုဒ္ဓ ဘာသာဝင်တစ်ယောက်ပါပဲ။
ဒါဆို ဒီကတကာကို ဥပမာ တစ်ခုလောက် မေးကြည့်ချင်တယ်။

မေးပါ ဘုရား။
အမှောင်ချထားမယ့် အခန်းတစ်ခုထဲမှာ ၊ တကာ့ကို ပစ္စည်းလေးတစ်ခု ရှာခိုင်းချင်တယ်။ ဆိုပါတော့အဲဒီအခန်းထဲမှာပစ္စည်းပေါင်း
သောင်းခြောက်ထောင်နဲ့ဆင်တူရိုးမှားပစ္စည်းပစ္စယတွေနဲ့လည်းရောနေဦးမယ်ဆိုရင်၊
တကာလွယ် လွယ်ကူကူနဲ့ ရှာနိုင်ပါ့မလား။

လွယ်တော့ ဘယ်လွယ်ပါ့မလဲ ဘုရား။
ဒါဆို ရှာရမယ့် ပစ္စည်းကို မရှိဘူး လို့ ပြောနိုင်မလား။

မရှာနိုင် မတွေ့ တာနဲ့ တော့၊ မရှိဘူး ပြောလို့ ဘယ်ရပါ့မလဲ ဘုရား။
ဟုတ်ပြီ။ ဒါဆို အဲဒီပစ္စည်းက ခက်ခဲနက်နဲတာလား၊
ရှာဖို့ ရန်ကစ္စက ခက်ခဲပြီး နက်နဲနေတာလား။

တပည့်တော် ရိပ်မိပါပြီ ဘုရား။ အမှောင်ချထားခံရတာကလည်း
တပည့်တော်တို့ မမွေးခင်ကတည်းက ဆိုတော့အခု
နေများ အလင်းကိုမတော်တဆတွေ့ မိရင် ထိန့် လန့် ပြီး၊ မျက်လုံးတောင်ရဲရဲမဖွင့်ကြည့်နိုင်ဘဲ၊
ရောဂါဝင်လာပြီလို့  တောင်ထင်ရမယ်။
ဘာသာဟာသာသနာဘဲတကာ။သာသနာဆိုတာ အဆုံးအမ လို့  အဓိပ္ပါယ်ဖြစ်တယ်တကာ။ အဆုံးအမဆိုတာ လူ သားတိုင်းအတွက်မဟုတ်လား။လူတိုင်းနဲ့ ကော မထိုက်တန်ဘူးလား။ လူတိုင်းနားမလည်လောက်တဲ့၊ မလိုက်နာနိုင်တဲ့ အနေအထားမျိုး ဗုဒ္ဓက ဟောထားမှာတဲ့လား။ ဟောကြားခဲ့တဲ့
ခေတ်စနစ်အခြေအနေနဲ့  ကြောင့် မျက်စိလည်စရာလောက်သာဖြစ်ရမယ်။ အခုလိုမျိုးလို အမှောင်ချထားခံရတဲ့ တိုင်ပြည်မျိုးမှာ မျက်စိလည်ရာ ကနေ မျက်စိပါ ကန်းရောပေါ့။
ဗုဒ္ဓ ရဲ့ သံဓိဌာန်က သူ့ တရားကို လူတိုင်းနားလည်နိုင်ရမယ်၊ သူကျင့်ခဲ့သလို ကျင့်ကြံလို့ ရရမယ်၊
သူလွတ်မြောက်သွား သလို လူသားတိုင်းလွတ်မြောက်ရမယ်ဆိုတဲ့ သံဓိဌာန်ကြီး (၃)ရပ်တောင် ရှိနေပါသေးတယ်တကာ။

ဒီလိုဆိုတပည့်တော်ပိုပြီး သဘောပေါက်လာပါပြီဘုရား။
ဒီထက်အားတက်စရာက ဗုဒ္ဓဟာ
သူ့ ရဲ့ အဆုံးအမတရားကို အာမခံချက်တွေ ပေးထားသေးတယ်။

အမိန့် ရှိပါဦး ဘုရား။ တပည့်တော်ကြည်ညိုပါရစေ။
အဲဒါကတော့ တရားဂုဏ်တော်(၆)ပါးပေါ့တကာ၊
ဗုဒ္ဓရဲ့ တရားစစ် တရားမှန် ဟုတ်မဟုတ်ခွဲခြားပြီး စစ်ဆေးနိုင်အောင် မှတ်ကျောက်တင်နိုင်အောင်ပေါ့။ တရားတွေဟာ
အဲဒီဂုဏ်အင်္ဂါ(၆)ပါးနဲ့ ညီညွတ်မှသာ
ဗုဒ္ဓရဲ့ တရားတော်ဖြစ်ပြီး ၊ ဗုဒ္ဓရဲ့  တရားမှန်ရင်လည်း အဲဒီ ဂုဏ်သတ္တိ (၆)ပါးရှိတယ်လေ။

တပည့်တော်ကို တရားရဲ့ ဂုဏ်စွမ်းအင်တွေအကြောင်း ရှင်းပြပေးပါလားဘုရား။
တကာက တရားတောင်းပေမယ့် နောက်တော့မှပဲ ရှင်းပြပါ့မယ်။ အခုတော့တကာမေးထားတဲ့မေးခွန်းကိုအရင် ဖြေဖို့ ရှိ သေးတယ်မဟုတ်လား။

အား - - - ဟုတ်သားပဲ ဘုရား။ တပည့်တော်မေးတာ ဘုန်းကြီးလုပ်နေပြီး ဘာသာတရားလွတ်လပ်ခွင့် မရတာလား ဘုရား။
ဟုတ်တယ်လေ တကာ၊ ဘာသာတရားရဲ့ 
ရှေ့ ဆောင်လုပ်ခွင့်ရှိပေမယ့်
ဘာသာရေးရာက လွတ်လပ်ခွင့်ရှိတာ မဟုတ် ဘူးတကာ။

တပည့်တော်တို့ မြန်မာပြည်မှာ ခရစ်ယာန်၊ မူစလင် စတဲ့ဘာသာဝင်တွေတောင် လွတ်လွတ်လပ်လပ်ကိုးကွယ်လို့ ရ ရသေးတာပဲ။ ဗုဒ္ဓဘာသာတိုင်းပြည်အနေနဲ့  ဘယ်လိုအကြောင်းကြောင့်လဲ ဘုရား။
ဘာသာဝင်တွေ အများဆုံးနေတဲ့တိုင်းပြည်ဆိုပေမယ့် နိုင်ငံတော်ဘာသာဆိုတော့ကာ နိုင်ငံအာဏာရှင်တွေက ပိုင်စိုး ချယ်လှယ်ထားတယ်လေ။ သူတို့ လုပ်တာဟာ တရား ၊
သူတို့ သာလျှင်ဘာသာတရားမှာကအစ ဦးဆောင်အကြီးအ ကဲလေ။ ဘာသာဝင်တွေများခွင့်ရှိပေမယ့်
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရအတိုင်းတော့
တို့ မှာဖြစ်ခွင့်မရှိဘူး။ ဆိုရမှာပေါ့။

အချိန်ကလေး နည်းနည်းရဦးမယ်ဆိုရင် တပည့်တော့်နာကြားပါရစေဦး ဘုရား။
တကာလည်း သိပြီးလျှက်ဖြစ်မှာပါ။
ဗုဒ္ဓရဲ့ တရားတော်တွေဟာ သစ္စာလေးပါးတရားထဲက လွတ်ကင်းတယ်ဆိုတာ မရှိ ဘူးလေ။

တပည့်တော်မှတ်သားမိတာက ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်ရောက်တော့ ဥစ္စာရှာပြီး တတိယအရွယ်ကြမှ တရားရှာဆိုတော့၊ တပည့်တော်လည်း- - - -- - - -
အဲဒီလိုဆို အသက်ကုန်ခါနီမှ တရားရတော့ရင် မ္ဆိာဒိဌိ
အာဏာရှင်အဖို့ အဓွန့် ရှည်လှပေါ့။
တရားဆိုတဲ့အရာဟာပညာရှာစဉ်မှာလည်းသိရမယ်။
ဥစ္စာရှာချိန်မှာလည်းသိနေရသလို အရာရာဘာပဲလုပ်လုပ် ရှိထားနေရမယ်တကာ။ တရားဆိုတာ သီးသီးခြားခြားဘေးထွက်ပြီး အချိန်ယူလုပ်ရမယ့်အရာ
မဟုတ်ဘူး။ ဘာသာရပ်တစ်ခု မဟုတ်ဘူးလေ၊ ပညာကိုပဲသင်သင် စီးပွားကြီးပွားတွေပဲရှာရှာ နိုင်ငံအရေးတွေ မိသားစုအရေးတွေပဲ ဆောင်ရွက် ဆောင်ရွက်၊ တရားနဲ့ အတူ ပူးတွဲအားထုတ်နေရမှာပေါ့။ လူနဲ့ လူအချင်းချင်း ဆက်သွယ်၊ ဆက်ဆံနေ သမျှ
ကာလပတ်လုံးအရေးကစ္စတကာမှာ အသုံးချဖို့ ၊ အသုံးကျလို့ သာ ဗုဒ္ဓက သာသနာတော်ကြီးကို ပေးအပ်ခဲ့တာ မဟုတ်လားတကာ။

တပည့်တော်က တရားလုပ်တယ်ဆိုတာ တစ်ယောက်တည်း ပုတီစိပ် တရားထိုင်တဲ့တရားအလုပ်လောက်ပဲ မြင်မိတာ မို့ ပါ ဘုရား။
တစ်ယောက်တည်းသာဆိုရင်တရားတာ၊မတရားတာဘယ်လိုအဖတ်ဆည်ရမှာလည်းတကာ။လူနှစ်ယေက်ရှိလာမှတစ်ယောက်နဲ့တစ်ယောက်တရားတာ၊မတရားတာဖြစ်လာပြီပေါ့။အင်္ဂါဂြိုလ်ပေါ်လူတစ်ယောက်ရောက်သွားပြီး၊ တရားတာတွေလုပ်နေတယ်မတရားတာတွေလုပ်နေတယ်၊
တရားနဲ့ နေနေတယ်လို့ ပြောလို့ ရကောင်းပါ့မလား။
တရားဟာ
တစ်ယောက်ထဲလုပ်ဆောင်နေလို့ ရတယ်
လို့ ဆိုတဲ့စကားဟာ
အများနဲ့ တစ်ယောက်ကို ဆိုလိုတာပါ ၊ လူသူကင်းမဲ့နေတဲ့ အရပ်က တစ်ယောက်တည်းကို ဆိုလိုတာ မဟုတ်ပါဘူး တကာ။

တပည့်တော်ကိုတမျိုးတော့မထင်ပါနဲ့ဘုရား။စိတ်ထဲသိသလိုလို၊မသိသလိုလိုဖြစ်နေလို့ ပွင့်ပွင့်
လင်းလင်းလေးမေး ခွင့်ပြုပါ။
မေးလေ တကာ။ အချိန်ရသလောက် ဆွေးနွေးဖြစ်တာပေါ့။

တပည့်တော်။ - - - တရားဆိုတာ ဘာလဲ
လို့ မေးချင်တာပါဘုရား။
တကာ တရားဆိုတာ ပါဠိလို ဓမ္မ ပဲ။ ဓရမ ဆိုတဲ့စကားက ဆင်းသက်လာတာပေါ့။ မြန်မာလိုဆိုရင်တော့ အဆောင်လို့  ဘာသာပြန်ရမယ်။ အဆောင်ဆိုကတည်းက ဆောင်ထားရမယ်အရာဖြစ်တယ်တကာ။ လူမှာအမြဲ၊ မြဲနေအောင် ဆောင်နေရမယ်တကာ။

ဆောင်နေတာကတော့ဟုတ်ပါပြီ၊ ဘယ်အရာကိုဆောင်ထားရမှာလဲဘုရား။
ဘယ်လိုအရာကိုဆောင်ထားရမှာလဲဆိုရင် တရားတဲ့ဟာကိုပဲဆောင်ထားရမှာပေါ့။ တရား ဆိုတာ အဆောင်၊ ဆောင် နေတဲ့အရာဟာတရား၊ တရားကိုပဲဆောင်ထားရမယ်။ လူမှာအမြဲမပြတ် ဘာမှကပ်နေစရာမလိုဘူး။ ကပ်နေတာ ဆောင်နေတာ ဆိုရင်လည်း အဲဒီကပ်နေတာကြီးကို
တရားလို့ ခေါ်ရမယ်။
တရားဆိုတာ မတရားတာတွေရဲ့ ပြောင်းပြန်တွေပဲ တကာ။ မတရားတာတွေဆောင်ရွက်နေမယ် အားထုတ်ကြိုးပမ်းနေ မယ် သိမြင်နေတယ် ဆိုတဲ့ အဲဒီအချက်တွေရဲ့ ပြောင်းပြန်တွေဟာ တရားတွေပဲ။ မတရားတာတွေရဲ့ ပြောင်းပြန်တွေကို ဆောင်ထားရမှာပေါ့။
တရားတဲ့အမြင်၊အတွေး၊အပြော၊အလုပ်၊အနေ၊ကြိုးစားမှု၊နိုးကြားမှု၊စိတ်ထားမှု ဆိုတဲ့အချက်တွေ လူမှာဆောင်ထားရ မယ်။အဲဒီအချက်တွေဟာ လူတိုင်းမှာရှိနေတဲ့အချက်တွေပဲ။အဲဒီအချက် တွေရဲ့ 
အပြင်ဘက်ကနေ
မှားယွင်းလို့ မရသလို မှန်ကန်လို့ လည်းမရဘူး။
မှားရင်လည်းအဲဒီအချက်နဲ့မှားပြီး၊ မှန်ရင်လည်း ဒီအချက်
(၈)ချက်နဲ့ ပဲမှန်လို့ ရတယ်။
ဒါကြောင့်ဒီအချက်တွေဟာ တရားနေဖို့ အတွက် မှန်ကန်တဲ့အချက်တွေဖြစ်နေဖို့ လိုတယ်။ အဲဒီလိုတရားတဲ့အမြင်၊အ တွေး၊အပြော၊အလုပ်၊အနေ၊ကြိုးစားမှု၊နိုးကြားမှု၊စိတ်ထားမှု ဆိုတဲ့အချက်တွေဟာ သမာတဲ့ မဂ်တွေပဲတကာ။
အဲဒီတော့အရာရာကိုလုပ်သည်ဖြစ်စေ၊ပြောသည်ဖြစ်စေ၊တွေးသည်ဖြစ်စေ တရားသဖြင့်တရားနေရမယ်။ မတရားတဲ့ လုပ်ဆောင်ချက်တွေမှန်သမျှ
တရားနဲ့ ဖြေရှင်းရမယ်။မတရားတဲ့အရာတွေ
နဲ့  ထိတွေ့ မိတိုင်း၊
တရားနဲ့ တုန့် ပြန်အစား ထိုးပေးရမယ် တကာ၊ ဒါဟာ
လူ့ တာဝန် ၀တ္တရားတွေပဲ။

တပည့်တော်နားလည်ပါပြီဘုရား။ ခုအခြေအနေဟာ တရားတဲ့သူတွေမှာ တရားတဲ့ အတိုင်း တရားခွင့်မရှိဖြစ်ရပြီပေါ့။ အဲဒီမတရားမှုတွေကို
တရားမှုနဲ့ အစားသွင်းဖြေရှင်းခွင့်မရှိတာဟာ ဘာသာတရားလွတ်လပ်ခွင့် မရှိတာပဲ ဘုရား။ အာ ဏာရှင် စစ်အစိုးရဟာ လူ့ တာဝန်၊ လူ့ ဝတ္တရား တွေကိုတောင်လွန်ဆန် ချိုးဖဲ့ လိုက်တာအမှန်ပဲ။
ဟုတ်ပါတယ်တကာ။တာဝန်ဆိုတာမလုပ်မနေရစတမ်းဆိုပေမယ့်လွဲလို့ရတယ်လေ။
အစားထိုးပေးလို့ ရပေမယ့် ၀တ္တရားကတော့ မလုပ်လည်းဖြစ်ပေမယ့် လုပ်ရတယ်။
လွဲလို့ ယူလို့ မရသလို အစားပြန်ပြုလို့ လည်းမရဘူး။ ၀တ္တရား အကြွေးဟာ ပြန်ဆပ်လို့ မရဘူး။
အဲဒီလို သဘောသဘာဝ နှစ်ရပ်စလုံး ကျုပ်တို့ တကာတို့ မှာ
ရှိနေတယ်။ တာဝန်လို ရှောင်လို့ မရသလို ၀တ္တရားလိုလည်း အကြွေးထားလို့ မရဘူး တကာ။

အဲဒီလို တရားသမှုနဲ့  ဆောင်ကြဉ်းပြီး ဖြေရှင်းနေရမှာကိုက
လူ့ သမိုင်းရဲ့  တာဝန်နဲ့ ဝတ္တရား ဆိုတော့ - - - - -
အဲဒါ သီလ ပဲတကာ။





/ အပြည့်အစုံမှာ

/ Labels:

အပိုင်း (၂)

အရှင်ဘုရား ဒီဖက်မှာ ဆွမ်းရေး၊ကွမ်းရေးကော အဆင်ပြေရဲ့ လားဘုရား။
ပြေပါတယ်တကာ။
အရှင်ဘုရားက နိုင်ငံရေးဘက်မှာကောလှုပ်ရှားတာပဲလား။
တကာ့ စကားကထူးဆန်းလိုက်တာ။ ဘုန်းကြီးဆိုတာနိုင်ငံရေးမလုပ်သင့်ဘူးဆိုတဲ့ သဘောလား။
မဟုတ်ပါဘူး။တပည့်တော်က ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်ရင်း ဒီဖက်ကိုရောက် ခဲ့ရပြီးတော့ အရှင်ဘုရားက...

ဘာသာရေးလွတ်လပ်ခွင့်မရလို့ ဒီဖက်ကိုကြွခဲ့ရတာလို့  အရင်တခါက မိန့် ကြားခဲ့တာ သတိရလို့ ပါ။
ဘုန်းကြီးဆိုရင် ဘုန်းကြီးပီပီသသ ဖြစ်ရမှာပေါ့။ ဘာသာတရားထွန်းကားဖို့ ပြန့် ပွား
ဖို့ အားထုတ်နေရမှပဲ။ ထွန်းကားတယ်ပြန့် ပွားတယ်ဆိုတာကလည်း ဘုန်းကြီးတွေ ဆီမှာချည်းမဟုတ်ဘူး။ တကာ တကာမတွေဆီအထိ၊ တကာ တကာမတွေဆိုတာ ပြည်သူပြည်သားတွေဆိုတော့ လူသားတို့ တတွေပဲမဟုတ်လား - - - -

လိုတိုရှင်း အမျိုးဘာသာ သာသနာဆိုလည်းရှင်းပါတယ် ဘုရား။ ဒါဆိုနိုင်ငံရေးကိစ္စ တွေမှာ - - - - -
အမျိုးအတွက်တင်မကဘူး အမျိုးသားရေးလောက်တင်မကလို့ ပေါ့တကာ။ သာသနာ ဟာလူတိုင်းအတွက်ဖြစ်ရမယ်။ လူတိုင်းဟာဘာသာအတွက်မဖြစ်စေရဘူး။

ဘုန်းကြီးနဲ့ စကားပြောရခက်ပါတယ်။ တပည့်တော်လည်းဒီသဘောပဲပြောတာပါ။
ဘာသာ သာသနာဟာလူသားတွေအတွက် အသုံးချစရာဖြစ်နေရမယ်။ လူသားတွေ ဟာ ဘာသာ သာသနာရဲ့  အသုံးချခံမဟုတ်ရဘူး။
ရှင်းပြီနော်။

ရှင်းပါတယ်ဘုရား။
လူသားတွေငြိမ်းရေးအေးရေးအတွက် မတရားမှုတွေပပျောက်အောင် လုပ်ရမှာ တရားသမှုတွေကျရောက်အောင်လုပ်ရမှာ ဘုန်းကြီးတို့ တကာတို့ ရဲ့ တာဝန်နဲ့ ဝတ္တ ရား ဆိုတဲ့ သီလမဟုတ်လား။

ခုတစ်ခါတော့ တပည့်တော်ကအရင်ပြန်ထောက်ပါရစေ။ အဲဒီတော့တပည့်တော် လျှောက်တဲ့အမေးရဲ့ အဖြေက အရှင်ဘုရားက နိုင်ငံရေးကစ္စတွေနဲ့ ကင်းရှင်းတယ်ဆို တဲ့သဘောပေါ့။ ဒါမှမဟုတ် ဘုန်းကြီးဖြစ်တဲ့ အတွက်ဘာသာရေးရာကပိုပြီး အချက် ကျတယ်ဆိုတဲ့သဘောလား။
တကာကျေနပ်အောင် ပြတ်ပြတ်သားသား ဖြေပေးဖို့ အတွက် ဘုန်းကြီးမေးမယ့် မေး ခွန်းကိုအရင် ဦးစားထားပြီး တကာကအရင်ဖြေပါလား။ တပည့်တော်က ဘုန်းကြီး တွေနိုင်ငံရေးမလုပ်ရဘူးလို့ ဆိုလိုပြီး မေးတာမဟုတ်ပါဘူး။ အရှင်ဘုရားကနိုင်ငံရေး ဘက်မှာ လှုပ်ရှားမှုဘယ်လိုရှိမရှိဆိုတဲ့ သဘောနဲ့ ပါ။
ဘုန်းကြီးဆိုတာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပြီး အာဏာယူဖို့ တော့မသင့်တော်ဘူး လေ။

ဒါဆို အရှင်ဘုရားကနိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုမရှိဘူးပေါ့။
မှားပြီ တကာက ဘုန်းကြီးရဲ့ စကားကို ဆုံးခန်းတိုင်အောင်မစောင့်ပဲ ။

ဒါဆိုတပည့်တော်ကိုပဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ နိုင်ငံရေးလုပ်တယ်ပြောတာ ပေါ့။ ဒီလို မဟုတ်ရပါဘူး ဘုရား။ တိုင်းပြည်တစ်ပြည်မှာ စနစ်တစ်ခုပြောင်းသွားဖို့ ပဲ ရည်ရွယ်တာပါ။
ဒါဆို စနစ်တစ်ခုပြောင်းသွားဖို့  ဘယ်လိုလုပ်သလဲ။

စစ်အစိုးရရဲ့ အာဏာရှင်စနစ်ကို ကျဆုံးခန်းသွင်းနေတာပေါ့။
ဘယ်လိုသွင်းတာလဲ လုပ်ပါဦး။

ဒီလောက် ရက်စက်ယုတ်မာ ကောက်ကျစ်ပြီး လူမဆန်တဲ့စစ်အစိုးရကို စကားလုံးလှ လှနဲ့ ပြောနေလို့ မရဘူးလေ။
ဘယ်လိုလုပ်မှာလဲ။

သူတို့ လိုဘဲ လက်နက်ကိုင်ပြီးတိုက်ရမှာပေါ့။
တကာပြောတော့ လူမဆန်တဲ့စစ်အစိုးရဆို။

ဟုတ်တယ်လေ။ သူတို့ ဆီမှာလက်နက်ရှိနေမှတော့ လက်နက်အားကိုးနဲ့ လုပ်ချင် တိုင်းလုပ်နေတာ၊ ပြည်သူတွေခမျာ လက်နက်ကိုကြောက်ပြီး နေနေရတာ။ တကယ် တမ်းရင်ထဲမှာတော့ ဘယ်လိုမှ မခံစားနိုင်ဘူး။ ပြည်သူ့ လက်ထဲမှာ သူတို့ လိုလက် နက်သာ ရှိကြည့် သူသေ ကိုယ်သေလုပ်ကြမှာ၊ အခုလိုဘာလက်နက်မှ မရှိတဲ့အချိန် မှာတောင် ကျောက်ခဲတစ်လုံး တုတ်တစ်ချောင်းနဲ့ တိုက်ပွဲဝင်ပြီး အသေခံရဲသေးတာ လက်နက်သာ ကိုယ်စီရှိလို့ ကတော့ ပွဲပြတ်သွားတာကြာပြီ။
လက်နက်အားကိုးနဲ့ လူမဆန်စစ်အစိုးရကို တကာကလည်း လူမဆန်တဲ့နည်းနဲ့ ပဲ ပြန်သုံးတော့မှာလား။

ဘုန်းကြီးကလည်း ရွှေပြည်အေး တရားဟောနေပြန်ပြီ၊ ဒီလိုမှမဟုတ်ရင် ဘာရှိတော့ မလဲ၊ ကုလသမဂ္ဂကြောင့် ပြောင်းလဲသွားတာ တွေ့ ဖူးလို့ လား။
ကျူပ်မေးမယ့်ဟာတောင်မမေးဖြစ်ဘူး၊ တကာပြောချင်တာတွေပဲ လိုက်မေးရတော့ မယ်။

ဘုန်းကြီးက ဘာများမေးချင်လို့ လဲ။
ရပါတယ်။ တစ်သီးတစ်ခြားမမေးတော့ပါဘူး။ အခုတကာပြောနေတာတွေနဲ့ ပဲ ဆက် စပ်ပြီး မေးလိုက်တော့မယ်။

ဘုန်းကြီးပဲ အခုလတ်တလောဖြစ်သွားတာကြည့်လေ၊ ဘုန်းကြီးတို့ ရွှေဝါရောင်တော် လှန်ရေးနဲ့ အခု နာဂစ်မုန်တိုင်းမှာ လူတွေသေသွားကြတာ သိန်းကျော်။ မုန်တိုင်းရန် ကြိုတင်ကာကွယ်ပေးဖို့ နေနေသာသာ ကယ်ဆယ်ရေးကိုတောင် ထိထိရောက် ရောက်မလုပ်ပေးဘူး။ ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး ဆန္ဒခံယူပွဲကိုပြည်သူ့  ဆန္ဒမပါပဲ သဲသဲမဲမဲ ဇွတ်လုပ်သွားတယ်။ နိုင်ငံတကာက ၀င်ရောက်ကူညီပေးဖို့ ဆို တော့လည်းရှုးယောင်ဆောင်သွားတယ်။ မုန်တိုင်းကြောင့်သေတာထက် စစ်အစိုးရ ယုတ်မာလို့ သေရတာပိုများပြီ။ ဒီလို ရှိုင်းစိုင်းယုတ်မာကောင်တွေကို သူတို့ ကိုလည်း ဒီမိုကရေစီရရင် အဲဒီလိုပြန်လုပ်ပစ်ရမယ်။
တကာပြောတော့ နိုင်ငံတစ်နိုင်ငံမှာ စနစ်တစ်ခုပြောင်ုးသွားဖို့ ဆို၊ အဲဒီနိုင်ငံသစ်မှာ တရားစီရင်ရေးဆိုတာပဲရှိမှာ ဂလဲ့စားချေရေးတော့ရှိမယ်မထင်ဘူး။

ဒီကောင်တွေ မျိုးပြုတ်သွားမှ ဖြစ်မှာပေါ့။
ဒါနဲ့ တကာ၊ စားစရာ အစားအသောက်တွေနဲ့  မစင်အညစ်အကြေးတွေ ရောလိုက် ရင် ဘာဖြစ်သလဲ။

ဘုန်းကြီးကလည်း ကြံကြံဖန်ဖန် လုပ်ပြီ။ ဘာဖြစ်တာလဲ၊
စားစရာနဲ့ စွန့် စရာ ရောလိုက်ရင် ဘယ်သူပျက်မှာလဲမေးတာလေ၊ စားစရာပဲ ပျက် သွားမှာပေါ့၊ မစင်ကတော့ပျက်သွားမှာ မဟုတ်ဘူးလေ။

ခွေးရှုးနဲ့ ခွေးကောင်း ဖက်ကိုက်ရင် ခွေးကောင်းပဲနာတယ်ဆိုလည်းရှင်းပါတယ်။ ဘုန်းကြီးပီပီ စာသံပေသံနဲ့ ။
အဲဒီ ဥပမာပေးရင် တကာနစ်နာသွားမှာစိုးလို့ ပါ။

ဒီကောင်တွေကို ဒီလိုလက်နက်ကိုင်လမ်းစဉ်နဲ့ မှမဟုတ်ရင် အခုပဲနှစ်တွေဘယ် လောက်ဖြစ်နေပြီလဲ၊ ဒီလိုပဲ လွတ်လပ်ရေးကို တိုက်ပွဲဝင်ခဲ့ရသေးတာ မဟုတ်လား။
လွတ်လပ်ရေးရဲ့ အဆုံးသတ်နဲ့ အဆုံးအဖြတ်ဟာ လက်နက်ကြောင့်မဟုတ်ဘူးနော်၊
တို့ ဗမာတွေကို ရှုံးသွားလို့  ကြောက်သွားလို့ ပေးလိုက်ရတာ မဟုတ်ဘူးနော်။ သေ နတ်တစ်ချက်မှမဖောက်လိုက်ရပဲ လွတ်လပ်ရေးရသွားတဲ့နိုင်ငံတွေလည်းရှိပါသေး တယ်။ အချိန်ကျရင်ဖြစ်မှာပေါ့။

ဘုန်းကြီးပြောတဲ့အချိန်က ဘယ်တော့မှလဲ။
မြန်မာတွေလွတ်လပ်ရေးအတွက် သေကြ ကြေကြ အသက်တွေပေးခဲ့ပြီးကာမှ အခု တော့လွတ်လပ်ရေးကပျောက်ဆုံးသွားရတယ်လေ။ တို့ တတွေလောက်အသက်တွေ မပေးခဲ့တဲ့နိုင်ငံတွေတောင်မှ တို့ နိုင်ငံထက်တိုးတက်ပြီး လွတ်လပ်ရေးရဲ့ အရသာ တွေ ရှိနေတာမဟုတ်လား။ တကယ်ဆိုတို့ ကတောင်အသက်တွေပေးဆပ်ပြီး လွတ် လပ်ရေးအရင်ခဲ့တယ်။ တို့ မြန်မာတွေလွတ်လပ်ကိုတန်ဖိုးထားပြီး မထိမ်းသိမ်းလို့ ၊
တို့ အသုံးမကျလို့ ပဲ။ လွတ်လပ်ရေးအတွက်လက်နက်ကိုင်ခဲ့တိုင်း အခုလက်နက်ကိုင် ရင်မှန်ပါ့မလားတကာ။

အဲဒီလိုမှမဟုတ်ရင် ဒီအယုတ်တမာကောင်တွေ ကမ္ဘာတည်နေမှာပေါ့။ တစ်ဆွေလုံး တစ်မျိုးလုံးမဟုတ်ရင်တောင် အနည်းဆုံးနေပြည်တော်ထပ်ပိုင်းက အယောက်(၅၀) လောက်ကိုရှင်းပစ်လိုက်ဖို့ သင့်တယ်။
ကမ္ဘာမှာ ကျွန်စနစ်ကြီးပပျောက်သွားအောင် ကျွန်တွေမှန်သမျှ အကုန်သတ်ပစ်လိုက် လို့ ပပျောက်သွားတာလားတကာ။ တကာနေထိုင်မကောင်းလို့ ခေါင်းကိုက်နေရင် ခေါင်းရှိနေလို့ ခေါင်းကိုက်နေတာဆိုတော့ခေါင်းဖြတ်ပေးမယ်ဆိုရင်ဖြစ်မလား။ ခေါင်း တော့မဖြတ်ပစ်လိုက်ပါနဲ့  အဲဒီခေါင်းကိုက်နဲ့ ပဲနေပါရစေပြောမှာပဲ။
အဲဒီလိုပဲပေါ့၊ အာဏာရှင်စစ်အစိုးရကိုမုန်းတိုင်းအာဏာရှင်တွေကိုသတ်ပစ် လိုက်ရင် ပြီးသွားပါ့မလား။ နောက်ထပ်မျိုးဆက်သစ် အာဏာရှင်လေးတွေ ထပ်မပေါ် နိုင်ဘူးလား။ စိန်လွင်တုန်းကဆိုလည်းစိန်လွင်သတ်ပစ်ချင်တယ်။ စောမောင်အလှည့် ရောက်ပြန်တော့လည်းစောမောင် စောမောင် ၊ စောမောင်မရှိရင်ကောင်းသွားမှာလို့  မေတ္တာပို့ ကြတယ်။ အခုသန်းရွှေ အလှည့်ကြတော့သန်းရွှေသေရင် အောင်ပွဲလို့ မှတ် နေကြတယ်။ စိန်လွင်တို့ စောမောင်တို့ ခင်ညွန့် တို့ အခုအကုန်သွားကုန်ကြပြီ၊မောင် သန်းရွှေကျန်နေတော့ကော ကောင်းနေလို့ လား။ ပိုတောင်ဆိုးနေသေးမဟုတ်လား။
တကာပြောခဲ့သလို နိုင်ငံတစ်နိုင်ငံမှာ စနစ်တစ်ခုပြောင်းသွားဖို့  အ တွက်
နေပြည်တော်ထိပ်ပိုင်းက အယောက်(၅၀)မက(၁၀၀)လောက်သေ လည်း
ဘာထူးမှာလည်း။ မကောင်းတဲ့စနစ်ကိုကောင်းတဲ့စနစ်နဲ့ အစားထိုး အနိုင်ယူနိုင်မယ့်နည်းလမ်းရှာရမယ်။ အဲဒီကောင်းတဲ့စနစ်ကိုလည်း မပျက် စီးအောင် ထိမ်းသိမ်းစောင့်ရှောက်သွားရဦးမယ်။ ဒီနေ့ ကမ္ဘာမှာ နာဇီတွေ ဖက်ဆစ်တွေဆို အားလုံးကကြဉ်ထားလိုက်ကြပြီ မဟုတ်လား။ တစ် ကောင်တစ်မြီးမှ ခေါင်းထောင်
လို့ မရတော့ဘူး။ ကမ္ဘာကြီးကအာဏာရှင် ဆိုရင်လည်း လူရာမသွင်းဘဲ
မောင်းထုတ်နေတဲ့ အချိန်ရောက်နေပြီ။ ဒါနဲ့  တကာက ဒီမိုကရေစီ လိုချင်တယ်လား။

မေးရက်လိုက်တာဘုရား။
ဘာလို့ လိုချင်တာလဲ။

အရှင်ဘုရားက စကားကပ်တော့မယ်ထင်တယ်။
ဒီမိုကရေစီ ရရင်ဘာလုပ်ဖို့ လဲ။

ဒီမိုကရေစီ ရမှတော့ပြီးပြီပေါ့။
ဒါဆိုတကာ ပိုက်ဆံကောလိုချင်လား။

မလိုချင်တဲ့သူ ကောရှိမလားဘုရား။
ပိုက်ဆံရရင် ဘာတွေလုပ်ဖို့ လဲ၊ ပိုက်ဆံကဘာတွေလုပ်လို့ ရလို့ လဲ။

သုံးစွဲရမှာပေါ့ ဘုရား၊ လိုအပ်ချက်တွေ စားစရာတွေ ၀ယ်ရမှာပေါ့။
ဒါပဲလား။

ပိုတော့လည်း နောင်ရေးအတွက် စုဆောင်းရမှာပေါ့။
ပိုအောင်လို့ မခြွေတာရဘူးလား။ အရင်းအနှီးကော မလုပ်ကြဘူးလား။

မလောက်ရင် ဘာနဲ့ စုမှာလဲ။
အလုပ်တွေဘာတွေ ပိုလုပ်ရမှာပေါ့။

လုပ်တာတော့ လုပ်ရမှာပေါ့ ဘုရား။
ဒီမိုကရေစီ ဆိုတာလဲ အဲဒီသဘောပဲလေ၊ ဘာဖြစ်လို့ လိုချင်နေတာလဲ၊ဘာ တွေဘယ်လို အသုံးတည့်လို့ လဲ သိနေရမယ်တကာ။ ရရှိထားတဲ့အရာကို သုံးဖြုန်းပစ်လို့ မတော်ဘူး။ မ ပျောက်ပျက်အောင် တိုးတက်အောင် နောင်ရေးကောင်းဖို့ ထိမ်းသိမ်းရဦးမယ်၊စောင့်ရှောင့် တတ်ရမယ် တကာ။

တပည့်တော်က ဘုန်းကြီးလိုစကားမတတ်လို့ ပါ။ သိတော့သိပါတယ်။
ဒီမိုကရေစီဆိုတာ အခွင့်အရေးသက်သက် အသုံးချဖို့ မဟုတ်ဘူး။ ဒီမိုကရေစီ မှာကျင့်သုံးစရာ တွေ၊ စောင့်စည်းမှုတွေ၊ စောင့်ရှောင့်စရာတွေ ဆိုတဲ့တာဝန်တွေအများကြီးရှိတယ်။ အဲဒီအရာ တွေ အချိုးညီပြီး လူ့ အဖွဲ့ အစည်းတစ်ခုလုံး တန်းတူညီတူတရားမျှတတဲ့  အခွင့်အရေးထဲမှာ ပျော်ရွှင်လွတ်လပ်ကြရမှာ။ အခွင့်ကောင်းတွေကိုချည်း ယူပြီး အမြတ်ထုတ်နေရင် အရုပ်ဆိုး ဆုံးရှုံးသွားလိမ့်မယ်။ တကာလိုချင်လှချည်ရဲ့ ဆိုတဲ့ ဒီမိုကရေစီ၊ ကဲ - - - အခုပဲရပြီပဲထား လိုက်ပါတော့၊ ဒီမိုကရေစီအတိုင်းနေဖို့ ထိုင်ဖို့ ၊ စိတ်ထားတတ်ဖို့ တကာအသင့်ဖြစ်ပြီလား။ ဒီမို ကရေစီ ပီသပြည့်ဝတဲ့ လူတစ်ယောက် ခုကတည်းက ဖြစ်နေဖို့ ကလည်း အရေးကြီးတယ်လေ၊
တို့ မြန်မာပြည်သားတွေ ဒီမိုကရေစီ မရသေးသည့်တိုင် ကိုယ့်အိမ် ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး ပေါင်းအရောင်းလေးတွေကြားမှာ တစ်ဦးနဲ့ တစ်ဦး ဒီမိုကရေစီလေးကျကျ ပေါင်း သင်းဆက်ဆံ လုပ်ကိုင်တတ်နေရမယ်။ တစ်စ တစ်စ တိုးချဲ့ လုပ်ကိုင်သွားရမယ်၊ အာဏာရှင် ရဲ့  အငွေ့ အသက်လေးကအစ တို့ ပတ်ဝန်းကျင်မှာ မရှိစေရဘူး။ တကာတို့ ကျုပ်တို့ မှာ အ၀န်းအ၀ိုင်းကြီးတွေမရှိပေမယ့် အနည်းဆုံးတော့ ကျုပ်တို့ မှာ ဘ၀ ဆိုတာရှိသေးတယ်။ အာ ဏာရှင်ကို ကျုပ်တို့ ဘ၀ထဲကနေ ဆွဲထုတ်လို့ ထားနိုင်ရမယ် တကာ။
တို့ မြန်မာပြည်သားတွေ တစ်ဦးနဲ့ တစ်ဦး ဒီမိုကရေစီနည်းအတိုင်း ပေါင်းကြ သင်းကြ ပြောကြဆိုကြမယ်၊ လုပ်ကိုင်းဆုံးဖြတ်တတ်ကြပြီး ဒီမိုကရေစီစိတ်ကလေး မွေးမွေးသွားမယ် ဆိုရင် တစ်နေ့ ကြီးထွားလာမှာပေါ့။ အာဏာရှင်စနစ်ကို အရသာတွေ့ နေတဲ့(နအဖ)က အာဏာရှင်ပုံစံတကျ လုပ်ကိုင်ပြီး အာဏာရှုးနေသလို၊ တို့ လိုဒီမိုကရေစီ လိုချင်သူတွေက လည်း ဒီမိုကရေစီပုံစံဖမ်းပြီး ပေါင်းကြ ရောင်းကြ ရှုးသွပ်နေကြရမယ်ကွ။ အိမ်မက်ထဲမှာ တောင် ဒီမိုကရေစီ ကျနေရမယ်။
အခု တကာတို့ ကျုပ်တို့ တတွေဆိုရင် အာဏာရှင်ရဲ့ လွတ်မြောက်တဲ့နေရာကို ရောက်နေခဲ့ပြီ၊ ဒီဖက်မှာ အာဏာရှင်ကို နည်းအမျိုးမျိုးနဲ့  အတိုက်အခံလုပ်ပြီး ရောက်လာခဲ့တဲ့ ဒီမိုကရေစီလိုလားခဲ့သူတွေချည်းပဲ။ ဒီမိုကရေစီလိုလားတဲ့သူတွေ စုနေတဲ့နေရာလည်းဖြစ် တယ်။ အာဏာရှင်ရဲ့ စက်ကွင်းက လွတ်တဲ့နေရာလည်းဖြစ်တော့ ပြောရရင် ဒီမိုကရေစီတစ် ၀က်လောက်ရနေတဲ့နေရာလို့  ပြောရမယ်မှာ မဟုတ်လား။

ကမ္ဘာကြီးကို ပြောင်လဲဖို့ အတွက် ကိုယ့်ကိုယ်ကို အရင်ဆုံးပြောင်းလဲပြနိုင်ဖို့  ကြိုးစား ရမှာဆိုတဲ့သဘောပေါ့။
ကိုယ်ကအရင် နေကောင်းနေမှ ဆေးပညာသင်နိုင်ပြီး အများကို ဆေးကုပေးနိုင်မှာပေါ့။

တပည့်တော် ဒီအတိုင်းခံယူပါတယ် ဘုရား။


/ အပြည့်အစုံမှာ

17.5.09 / Labels:

အပိုင်း (၃)

ဘုန်းကြီးတို့ လည်း တိုင်းရေးပြည်ရေး မအေးတာနဲ့ ပြည်တွင်းမှာ ကောင်းကောင်းတောင် ၀ါမဆိုဖြစ်ခဲ့ဘူးနော်။
ဒီလိုပဲပေါ့ တကာရေ။
မနေ့ ညက ဘုန်းကြီးပြောနေတဲ့စကားလေး ဆက်ပေးပါဦး ဘုရား။
ဘုန်းကြီးဆိုတာ ဘုရားရဲ့ တပည့်ပဲ၊ ဘုရားဟာ သူ့ တရားကြောင့်ဘုရားဖြစ်ရတာ၊ တရားရှင်ဟာ ဘုရားရှင်ပဲတ ကာ။ တရားရှင်ရဲ့ တပည့်တွေဟာ တရားရေးအတွက် ဘ၀အပြည့်ပေးထားသူတွေပေါ့။

တရားဟာလောကကြီး တစ်ခုလုံးအတွက် စိုးမိုးစေဖို့ ဖြစ်တယ်။ ဒါမှလောကကြီးငြိမ်းချမ်းမယ်။ တရားရဖို့ တရားမျှဖို့ အတွက်ဝန်တာဟာ ဘုန်းကြီးတို့ ကိစ္စပဲ။ နိုင်ငံရေးဆိုတာ ဘုန်းကြီးတို့ နဲ့ ဘာမှ မဆိုင်တဲ့အရာမဟုတ်ဘူးလို့ တွက်လို့ မသင့်ဘူး။ ပြည် သူပြည်သားတွေရဲ့ စားဝတ်နေရေးဟာ ဘုန်းကြီးတို့ ရဲ့ စားဝတ်နေရေးပဲ။

ဝမ်းသာပါတယ်ဘုရား။ ဒါပေမယ့် တချို့ သောသူတွေကများ လောကီဆန်တယ်လို့  ဆိုမလားဘုရား။
တကယ်ဆို ဘုန်းကြီးတို့ ရဲ့ စားဝတ်နေရေးဟာ တကာ၊တကာမ ဆိုတဲ့ပြည်သူတွေဆီမှာ မှီခိုရတာဘဲ။ ဘုန်းကြီး တွေရဲ့ရပ်တည်ရှင်သန်မှုတွေက ပြည်သူတို့ တတွေရဲ့ လုပ်အားခတွေနဲ့ ထမ်းမ ထားကြရတာမဟုတ်လား။ ဘုန်း ကြီးမှာ နေ့ စဉ်စားစရာဘယ်ကရလဲ၊ ပြည်သူကပဲကျွေးထားတာ၊ ၀တ်စရာကကော ပြည်သူကပဲပေးထားတာ မဟုတ်လား။ နေစရာဆိုရင်လည်း ပြည်သူကပဲမွေးထားတာ။ နေစရာတွေ ၀တ်စရာတွေဘေးချိပ်ထားလိုက်ဦး၊ စားစရာတစ်ခုအတွက် တွက်ကြည့်မယ်ဆိုရင် ဘုန်းကြီးတစ်ပါးရဲ့  နေ့ ဆွမ်းတစ်နပ်တန်ဖိုးဟာ အချိုပွဲတွေမပါဘဲ တောင် အနည်းဆုံးငွေ(၅၀၀)ကျပ်ပဲထားပြီးတွက်ကြည့်။ ဘုန်းကြီးအပါး တစ်သိန်းဆိုရင် ငွေသိန်း(၅၀၀)ဆိုတော့ မြန်မာတစ်ပြည်လုံး ဘုန်းကြီးရော ကိုရင်ရော အပါးရေ(၅)သိန်းဆိုရင် သိန်းပေါင်း(၂၅၀၀)ဖြစ်နေပြီ။ ဒါတစ်ရက်စာ ရဲ့ တစ်နှပ်စာ အနိမ့်ဆုံးထားတွက်တာနော်။
လောကမှာ ဘုရားရဲ့ တရားတွေ မပျောက်ပျက်အောင် ထိမ်းသိမ်းပြန့် ပွားဖို့ အတွက် သာသနာ တာဝန်ကို မတောင်းမတ မကြောင်းမကြ ၀န်ဆောင်နိုင်ဖို့ အတွက် တကာ တကာမတွေက ထောက်ပံ့လှူဒါန်းနေတာပေါ့။ တကာ တကာမတို့ မှာ စားဝတ်နေရေးရှိသလို ဘုန်းကြီးတို့ ဆီမှလည်း စားဝတ်နေရေးကရှိနေတာပဲ။

ရှိတယ်ပဲ ဆိုဆို မရှိဘူးဘဲဆိုဆို ဘုန်းကြီးတွေကတော့ စားနေကြ၀တ်နေကြတာပဲဘုရား။
ဘုန်းကြီးရဲ့ စားဝတ်နေရေးတွေဟာ တကာ တကာမတို့ ရဲ့ စားဝတ်နေရေးအပေါ် နှစ်ပေါင်းများစွာရပ်တည်ခဲ့ရတာ မဟုတ်လား။

တစ်ရက်စာ တစ်နှပ်စာတောင်သိန်း(၂၅၀၀)လောက်ဖြစ်တယ်ဆိုတော့ မြန်မာပြည်မှာ စစ်သားအင်းအားကလည်း (၅)သိန်းလောက် အနည်းလေးရှိတယ်နော်ဘုရား။ စစ်သားတစ်ယောက်ရဲ့ အနိမ့်ဆုံး လစာဟာ နှစ်သောင်းနဲ့  ပျှမ်းမျှထားပြီးတွက်ရင်တောင် မနဲတော့ဘူး။ သူတို့ တတွေကို ဘာထုတ်ကုန်စွမ်းအင်နဲ့ ဘာလုပ်အားမှမရှိဘဲ အလကား ပေးနေရတာ။
ဘုန်းကြီးတို့ ရဲ့ စားဝတ်နေရေး အာမခံချက်က ပြည်သူတွေဖြစ်နေမှတော့ ပြည်သူ့ အရေးတွေဖြစ်တဲ့ စားဝတ်နေ ရေးဟာလည်း ဘုန်းကြီးတို့ ရဲ့ အရေးအရာပဲပေါ့။ လူသားတို့ ရဲ့ စားဝတ်နေရေးဆိုတာ ပြောရေးဆိုရေး အသက်ရှင်ရေးတွေပဲ အဲဒီအရာတွေညီညွတ်မျှတနေမှ လောကဟာ သာယာငြိမ်းချမ်းတဲ့ ပန်းတိုင်ရောက်မယ်။ မကောင်းမှုတွေကင်းကွာနေမယ်။

တပည့်တော်တစ်ခုနားလည်မိတာက မကောင်းမှုတွေကင်းကွားနေရုံနဲ့  ကောင်းမှုတွေအလိုလိုဖြစ်ပေါ်မလာဘူး။ ဒါပေမယ့် မဇ္ဈိမပဋိပဒါ အတိုင်းညီညွတ်မျှတပြီး တရားနည်းလမ်းတကျ ကောင်းမှုတွေရောက်ပြီး ငြိမ်းအေးနေရင် မကောင်မှုဆိုတာ အလိုလိုကင်းကွာ သွားနေမယ်။ မကောင်းမှုတွေ ပယ်သတ်တာထက် ကောင်းမှုတွေကိုဆောင် ရွက်တာ အစားထိုးနေရာယူပေးလိုက်တာက ပိုထိရောက်တဲ့ သဘောပေါ့ဘုရား။
မတရားတာနဲ့  တရားတာတို့ ရဲ့ အဓိက လက်သည်က သုံးခုပဲရှိတယ်တကာ။ ဒါကို ပါဠိလို(ကာယ၊ ၀စီ၊ မနော)ဆို တဲ့ အလုပ်တွေ အပြောတွေ စိတ်တွေပဲ။ အဲဒီသုံးခုနဲ့ မတရားတာတွေဖြစ်လာသလို တရားတာတွေလည်း ဖြစ်လို့  ရတယ်။ အလုပ်နဲ့ မတရားမှုပြုသလား။ အပြောအဆိုနဲ့ မတရားမှုပြုသလား။ စိတ်နေစိတ်ထားဟန်ပန်တွေကပဲ မတရားပြုသလား၊ ဒီသုံးချက်စလုံး မတရားနေတာလား တရားနေတာပဲလား ဒါပဲ။

အခုလိုတရားအကြောင်းတွေကြားရတော့ တပည့်တော်စိတ်လည်း နူးညံ့တက်ကြွလာသလို ယောက်ယက်ခပ်မှု တွေလည်းတည်ငြိမ်သွားတယ်ဘုရား။ ဆက်ပြီး မိန့် ပါဦး။
သာဓုပါလို့ ကျူပ်ကပြန်ခေါ်ရတော့မပေါ့။ အဲဒီတော့ခုနကပြောသလို အပြောတွေ အလုပ်တွေ စိတ်နေဟန်ပန် တွေဟာ မတရားတာလုပ်မိတတ်သလို တရားတာကိုလည်းလုပ်တတ်ပါတယ်။ ဒီအတိုင်းနေရင်တော့မထင်ပေါ် ပေမယ့် လူနဲ့ လူချင်းဆက်ဆံရာမှာ ဆက်သွယ်မှုတွေမှာ ဖြစ်လာတက်တယ်။

လူနဲ့ လူအချင်းချင်း မဆက်ဆံလို့ ကလည်း ရမှ မရတာကိုးဘုရား။ လူနဲ့ လူအချင်းချင်းမဆက်ဆံဖို့ နေနေသာ သာ ဆက်သွယ်ရေးစနစ်တွေကို ပိုကောင်းပြီးမြန်ဆန်အောင် ကြိုးစားဖန်တီးကြရသေးတယ်။ အဲဒါစားဝတ်နေရေး တွေ တိုးတက်ဖြစ်ထွန်းဖို့ အတွက် လူတွေဟာပေါင်းကြသင်းကြ ကူညီရိုင်းပန်းကြရတာကိုး။
ဟုတ်ပြီ။ အဲဒီတော့ တရားမှု မတရားမှုတွေဟာ အပြောအလုပ်အနေအထားတွေဆိုတော့ အပြောအလုပ်အနေ တွေဟာ စားဝတ်နေရေးတွေဆီ ဦးတည်သွားနေတာချည်းပဲမဟုတ်လား တကာ။ လူတွေရဲ့ စားဝတ်နေရေးဆိုတာ နိုင်ငံ့အရေးဖြစ်သလို တရားရေး၊ မတရားရေး ဆိုတာကလည်း အခြေခံပဲမဟုတ်လား။


တပည့်တော်သဘောပေါက်ပါပြီ ဘုရား။ ဘုန်းကြီးဆိုတာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး ပါတီထောင်ပြီးအာဏာကို ကိုင်ဖို့ မဟုတ်ပေမယ့် နိုင်ငံရေးကိစ္စမှာ မတရားရေးကနေ တရားရေးအတွက်တရားမျှတစေဖို့ တရားပြဖို့ အတွက် အခြေခံအရင်းအမြစ်ကနေ လုပ်ဆောင်နေရတာကိုး။
တဆက်တည်းပြောရရင် ဒီမိုကရေစီဆိုတာကလည်း ဘုန်းကြီးတို့ ပိဋကတ်တော်ထဲမှာ မရှိလို့ သင်္ဃန်းခြုံပြီးအိပ် နေရတော့မှာလား တကာ။ လေ့လာကြည့်ရင် ဒီမိုကရေစီဆိုတာ မနေ့ တနေ့ ကမှ ပေါ်ပေါက်လာတဲ့စနစ်တစ်ခု မဟုတ်ဘူး တကာ။ လွန်ခဲ့တဲ့ရာစုနှစ် အစိပ်(၂၅)ကျော်လောက်ကတည်းက ပေါ်ထွန်းနေခဲ့တာပဲ။
အဲဒီ ခေတ်တုန်းကဘာသာစကားနဲ့ ပြောရင် အရိယသစ္စာ ပဲတကာ။ အရိယ ဆိုတာရိုးသားခြင်း ၊ ဖြောင့်မတ်ခြင်း၊ ယဉ်ကျေးခြင်း၊ ပြီးတော့ မြင့်မြတ်ခြင်းဆိုတဲ့ ဝေါဟာရ တွေစုပေါင်းထားတာ။
သစ္စာ ဆိုတာ မပြောင်းလဲတဲ့ထာဝရ အမှန်တရားပဲ။ ရိုးသားခြင်း ယဉ်ကျေးခြင်း ဖြောင့်မတ်ခြင်း နဲ့ 
မြင့်မြတ်တဲ့အမှန်တရားကို အရိယသစ္စာ လို့ ခေါ်တယ်။
အမြင့်ဆုံး လူ့ ဂုဏ်ရည်သိက္ခာတွေပဲ။ ဗုဒ္ဓ ရှာဖွေဖော်ထုတ်ဟောကြားခဲ့တဲ့ တရားတော်တွေရဲ့  အနှစ်ချုပ်ဟာ အရိယသစ္စာ တရားလေးပါးပဲ။ ဒီမိုကရေစီဆိုတဲ့အနှစ်သာရအပြည့်အ၀ဟာလည်း ဗုဒ္ဓ ရဲ့ အရိယ သစ္စာထဲကျရောက်သွားတယ်။ သမာသမတ်လမ်းဟာ ဒီမိုကရေစီကိုခေါ်တာပဲလေ။
ဒီမိုကရေစီ ပီပီသသဖြစ်နေသူဟာ ယဉ်ကျေးဖြောင့်မတ်ပြီး ရိုးသားမြင့်မြတ်တဲ့ သွင်ပြင်နဲ့ ဘာ သာတရားကိုင်းရှိုင်းသူ တစ်ယောက်လို ဖြစ်နေပြီး၊ ဘာသာတရား အမှန်တကယ်ပြည့်ဝရင့်ကျက်သူဟာလည်း ဒီမို ကရေစီ ကျကျနေထိုင်တတ်သူလိုဖြစ်နေမှာပဲ။

ဒါဆို ဗုဒ္ဓ ဘာသာကိုအခြေခံထားတဲ့ မြန်မာပြည်သူ ပြည်သားတွေအဖို့  ဒီမိုကရေစီ နဲမစိမ်းဘူးပေါ့ဘုရား။ အနောက်တိုင်း စကားအသုံးအနှုံးကြောင့်သာ တိုင်းတစ်ပါးရဲ့ ယဉ်ကျေးလို့ ထင်ပြီး အနှစ်သာရက မြန်မာတို့ ဆီမှာ ရှိထားပြီးသားပေါ့။
လွယ်လွယ်ကူကူ လူဗိန်းကလေးအထိနားလည်အောင် ပြောရင်တော့ ဒီမိုကရေစီ ဆိုတာ ဗုဒ္ဓက ပေးထားတဲ့ ကိုယ်ကျင့်တရားနဲ့ အခွင့်အရေးတွေပါပဲ တကာ။ ။

/ အပြည့်အစုံမှာ

16.5.09 / Labels:

အမျိုးဘာသာ သာသနာ စော်ကားသူကို ဒီအတိုင်းကြည့်မနေသင့်ပါ

အသည်းနာလွန်းသောလုပ်ရက်ဖြစ်ပါသည် သို့ပါသောကြောင့် အခြားနိုင်ငံမှလာသော Music
နှင့် Video တို့ကိုအားပေးသောသူငယ်ချင်းများ အားကျသောသူငယ်ချင်းများ

အခြားဘာသာကိုအထင်ကြီးတက်သောသူငယ်ချင်းများ အတွက် ဒီ Vcd karaoke
ကိုကြည့်ပြီးအသဲနာတက်စေရန်အတွက်ပို့ပေးခြင်းပဲဖြစ်ပါသည်
ကျွန်ုတို့ဘာသာသည်သူတပါးအားလည်းစော်ကားခြင်း ၊အပုဒ်ချခြင်း ၊
ဝင်ရန်စည်းရုံးရေးတရားဟောပြောခြင်းမရှိပါ ထိုကဲ့သို့လည်း
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မတိုက်တွန်းခဲ့ပါ
လောကအပူမီးတွေကိုငြိမ်းစေရန်အလို့ငှာ လမ်းပြကြယ်တစ်ပွင့်အဖြစ်ဖြင့်
ရှိနေခဲ့ပါသည် ကျွန်ုတို့ဘာသာကိုယခုလိုဖြစ်လာရခြင်းမှာ
ဘာသာတရားကိုနားမလည်ဘဲဗုဒ္ဓဘာသာအမည်ခံသာရှိသောလူများ
များလာသောကြောင့်ဖြစ်ရခြင်းဖြစ်ပါသည် သို့ပါသောကြောင့်

ယ္ခုသူငယ်ချင်းမိတ်ဆွေများအားလုံးညီအစ်ကိုမောင်နှများအားလုံးသည်
မသိသေးသော်လည်းသိအောင်ကြိုးစားပါ သိပါကလည်းမျှဝေပေးကြပါ
ဘာသာတရားးကိုထိခိုက်လာရင် ကိုရဲ့အသဲကို ငရဲမီးလောင်းခံရသလိုခံစားတက်ကြပါ
ဘာဖြစ်လို့လည်းဆိုတော့ကိုရဲ့မျိုးရိုးစဉ်ဆက်သန္ဓတည်ကတည်းက ကိုးကွယ်ခဲ့သောဘာသာ
စစ်မှန်သောဘာသာဖြစ်သောကြောင့်ဖြစ်ပါသည် အားလုံးသောသူငယ်ချင်းများသည်
ဗုဒ္ဓ၏သားသမီးဖြစ်ပါလျှင် ဤစာနှင့် VCD အားလက်ကန်း၍
ဒို့မြန်မာတွေကိုသိအောင်လှုံ့ဆော်ပေးစေလိုပါသည်
ပုံ. ဗုဒ္ဓဘုရားရှင်ကိုယုံကြည်သက်ဝင်သော ဗုဒ္ဓ၏ ခြေတော်ရင်း၌ရှိတော်မူသော
တပည့်တော် ရဲသူအောင်(ခ) ကိုအောင် (မိတ္ထီလာ).

/ အပြည့်အစုံမှာ

15.5.09 / Labels:

စည်းနှစ်ဘက် အကြား

“ကျနော်တို့  လူသားတွေ အားလုံးဟာ ငြိမ်းချမ်းရေးကို လိုအပ်နေပါတယ်။ အားလုံးရဲ့ စိတ် ထဲမှာ အဲဒီငြိမ်းချမ်းခြင်းဆိုတဲ့ အရာကို လိုလားတဲ့စိတ်နဲ့ ကိစ္စအရာရာကို တုန့် ပြန် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ သည်အရာကို ရရှိဖို့  လူသားအဆက်ဆက် ဖြေရှင်းခဲ့ကြ ပါတယ်။

နည်းလမ်းအမျိုးမျိုးနဲ့ လည်း ကြိုးပမ်းခဲ့ကြတယ်။ အဲသည်အရာဟာ လူသားတိုင်း လူသားတိုင်းရဲ့ နှလုံးသားထဲ၊ ဦးနှောက်ထဲ၊ မသိစိတ်ထဲ၊ အသိစိတ်ထဲ ဆန္ဒပုန်းတွေထဲမှာ ကိန်းဝပ်နေတဲ့ အရာလည်း ဖြစ်ပါတယ်။
ကျနော်တို့  နေ့ စဉ် ရုန်းကန်မှုတွေ အားလုံးဟာ ဆိုရင် သည်ငြိမ်းချမ်းစွာ အသက်ရှင်လိုခြင်းပါပဲ။

ငြိမ်းအေးမှုအတွက် ရက်စက်ကြတယ်။ ကြမ်းရမ်းကြတယ်။ နူးညံ့ပြတယ်။ အဲသည်အရာ အတွက် စနစ်တကျ မှားယွင်းကြတယ်။ စနစ်တကျ ဖွဲ့ စည်းကြတယ်။ အဲသည်အရာ အတွက် ကူညီရတယ်။ ပံ့ပိုးကြတယ်။ ပေးဆပ်ပြတယ်။ အနစ်အနာ ခံကြည့်ကြပါသေးတယ်။

ဒါပေမယ့်လည်း ဘယ်လိုနည်းလမ်းတွေကိုဘဲသုံးသုံး၊ ဆန့် ကျင်ဘက်ရလဒ် တွေကိုပဲ ရရှိပြီး ငြိမ်းအေးမှုရဲ့ ဝေးရာဆီသာ ရောက်နေကြတယ်။ ဆင်းရဲမှုကိုသာ ခံစားရပါတယ်။ ဆင်းရဲမှုတွေကို ဖြေရှင်းဖို့  တွန်းခွာနေရင်းက ဆင်းရဲစရားတွေနဲ့  ညားနေပါတယ်။

ဒါဆိုရင် သည်ဆင်းရဲမှုတွေကို ဘယ်လိုနည်း ဘယ်လိုလမ်းနဲ့ များ ပယ်ရှင်း ငြိမ်းသက်နိုင် မလဲ။ အဲသည် ဆင်းရဲမှုတွေကို အမြစ်ကနေလှန်ပြီး ဖြေရှင်းပယ်သတ်နိုင်ရင် ကျနော်တို့  လူသားထုကြီး တောင်းတလိုလားနေတဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့ ပန်းတိုင်ဆီရောက်ပါပြီ။

ဒါဟာ အဖြေပဲ။ ဆင်းရဲမှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးနဲ့ မပြည့်စုံတဲ့ လူသားတွေကြားမှာ ရောင့်ရဲမှုနဲ့ သာ ရပ်တည်နေကြရတော့မှာလား။ ကျနော်တို့  တတွေဟာ လူဖြစ်တဲ့ အတွက် ဒါတွေတော့ ရှိကြရမှာဘဲလို့  သီအိုရီလုပ်ပြီး လက်လျော့ နေကြရမှာလား။ မေးချင်ပါတယ်။

ဒါဆို ကောင်းတဲ့ အရာတွေလည်း ကျနော်တို့ လုပ်ပါလျှက်၊ ကောင်းမလာဘူး။ ဆိုးတာတွေ လုပ်မိတဲ့အခါ ကျတော့လည်း ထင်သလောက်မဆိုးဘူး။ ဒီနေ့  ကျနော်တို့ ဘာတွေ လုပ်နေ မိသလဲ။ သတိမထားမိဘူး။ မနက်ဖြန်မှာ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ ဘယ်သူမှ အတိအကျ မပြောနိုင်။ ဒီကနေ့  ဖြစ်နေတာတွေကကော ဘာကြောင့်လဲ။ ဒါကိုလည်း မတွေးနိုင်။

လက်တွေ့ သိပ္ပံသမားက တမျိုးဖြေတယ်။ နက္ခဆရာကလည်း ဂြိုလ်လမ်းကြောင်းအရ ဆိုတယ်။ ဘာသာရေးခေါင်းဆောင်တွေကလည်း တမျိုးဟောတယ်။ ရိုးရာသမားတွေကြ ပြန်တော့ နတ်နဲ့ ကိုင်တယ်။ ဒဿနဆရာတွေက တမျိုး၊ နောင်ဘ၀ အကြောင်း ပြောသူ ကလည်း နောင်ဘ၀နဲ့  ချုပ်တယ်။

သူတို့  သူတို့ တတွေရဲ့ ပြောပုံ၊ ဟောချက်၊ တွက်ဆမှုတွေကလည်း ငြင်းရက်စရာမရှိ ဆိုတော့ နီးစပ်ရာ နီးစပ်ရာ ကိုယ်သန်ရာသန်ရာ ယုံကြည်ရတာပေါ့။ ဒီတော့လည်း လူတွေ ဟာ အမြင်တွေကွဲပြား၊ အလုပ်တွေခြားနား၊ ဓလေ့တွေ ထွေပြားဖြစ်ကုန်ကြပြီး တစ်ဦးနဲ့  တစ်ဦး လူစိမ်းကားကြီးတွေ ဖြစ်လာကြတယ်။ တစ်စုနဲ့  တစ်စု ရန်သူတွေဖြစ်ကြရတဲ့ အထိ ပါပဲ။ ငြိမ်းချမ်းခြင်းနဲ့  ဝေးတဲ့အပြင် ဆင်းရဲမှုတွေ ပိုကြီးကြရတယ်။

အဲသည်လို အဆင်မပြေမှု အမျိုးမျိုးကို ခံစားရင်း ဖြေရှင်းနေရတာ များလာတော့ ကျနော် တို့ ရဲ့ မူလလိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းလိုမှုကို မေ့နေပြီ။ လက်ငင်းရင်ဆိုင်နေကြရတဲ့ ပြဿနာရဲ့ အခက်အခဲကိုသာ ကျွတ်ဖို့ လွတ်ဖို့  အားစိုက်နေရပါတယ်။

အခုလို လက်စမသတ်နိုင်တဲ့ အဆင်မပြေ ဆင်းရဲမှုတွေနဲ့  မပြတ်တမ်း ရင်ဆိုဖြေရှင်း လာခဲ့ကြတာတောင် ကျနော်တို့ အတွက်သင်ခန်းစာက ၀ လုံးကနေ တက်မလားဘူး။ ဘယ်ပြဿနာမဆို ခေါင်းခဲစရာ ချည်းဘဲ။ အသစ် အသစ်တွေဟာ အခက် အခက် ပိုလာသလိုပါဘဲ။

ကျနော်တို့ ဟာ ဆင်းရဲစရာအမျိုးမျိုး အဖုံဖုံတွေ ၀ိုင်းအုံဝန်းရံခံနေရတဲ့ကြားက နေ့  စဉ် အချိန်တိုင်း ရှင်းလင်းနေတဲ့ အခါမှာ နည်းလမ်းသစ်တွေနဲ့  အဲဒီဆင်းရဲမှုရဲ့ အားနည်းချက် ကို တွေ့ ရှိမလာဘဲ ခံနိုင်ရည်နဲ့  ကျင့်သားတွေပဲ ရလာကြတယ်။ ဘ၀ ဆိုတဲ့ စကားလုံးနဲ့  လူ ဆိုတဲ့ စကားလုံးနောက်မှာ “ လူ့ ဘ၀ဆိုတာ သည်လိုပဲ” လို့ တောင်ဖြေသိမ့်တဲ့ ပုံသေနည်းသစ်တွေ လုပ်လာကြတယ်။ နောက်ထပ် လူ့ ဘ၀ မဖြစ်တော့ဖို့ ၊ ဒါမှမဟုတ် လူ ထက်သာတယ်ထင်ရတဲ့ အရာတစ်ခုဖြစ်ဖို့  ဆိုတဲ့ အထိ ထွက်ပေါက်တစ်ခုကို မျက်စိမှိတ် ဖန်တီး ယုံကြည်ထားတယ်။

အခုလို ဆင်းရဲမှု အသီးသီးရဲ့ လှည့်လည် လည်ပတ်မှုကို လူသားက ဧည့်ခံပေးနေရတယ်။ ဧည့်သည်က လာပါများ နေပါများတော့ အိမ်ရှင်လိုဖြစ်လာပြီး ကျနော်တို့  လူသားက ဆင်းရဲမှု ဆိုတဲ့ အတုံးအခဲကြီး ဖြစ်လာတယ်။ ကျနော်တို့  လိုလားနေတဲ့ ငြိမ်းချမ်းခြင်းက မရသင့် မရထိုက်တဲ့ အနူလက်နဲ့  ရွှေခွက် ဖြစ်ရတော့မှာလား။

ကျနော်တို့  မမြင်ဖူး၊ မခံစားဖူးသော အရာနှင့် မပြောပြတတ်သော အရာကို ပြောကြည့်ပါ ဆိုရင် အဲသည်အရာဟာ ကျနော်တို့  တောင်းတ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းခြင်းပါပဲ။ ကျနော် တို့ ကလည်း လူမှန်းသိတတ်တဲ့ အရွယ်ကတည်းက ဆင်းရဲမှုကို လက်ခံဖြေရှင်းပြီး ငြိမ်းချမ်းမှုကို လိုချင်ခဲ့တာ မဟုတ်လား။ ဘယ်လိုဖြစ်ရင်တော့ ဘယ်လောက်ရရင်တော့ ငြိမ်းအေးမယ် ထင်တာပဲ။ ထင်တဲ့ အတိုင်းလည်း လုပ်ပါရဲ့။ သို့ သော်မငြိမ်းဘူး။ ဘယ်လို ဖြစ်ဦးမှ ဘယ်အထိရောက်မှ ငြိမ်းရတော့မယ်လို့  ထင်ပြန်တယ်။ ဒါကို မဖြစ်ဖြစ်အောင် ကြိုးပမ်း အားထုတ်ကြပါတယ်။ ဒီတစ်ခါမှာတော့ ငြိမ်းချမ်းသလိုရှိပါတယ်။ အဲဒါသာ ငြိမ်းရတာပါ။ နောက်ထပ် ဆင်းရဲမှု အသစ်တစ်စုံ ပူးတွဲ လာပြန်ပါတယ်။ ဘေးထွက် ဆိုးကျိုးမရှိတဲ့ ငြိမ်းချမ်းခြင်းကို မရသေးပါဘူး။

အခုလို ဆင်းရဲခြင်းတွေက အလှည့်တကျ ကျနော်တို့ ဆီ ခညောင်းနေတာ ဘာကြောင့်လဲ။ ဒီမေးခွန်းကို မေးမိဖို့ အထိ ကျနော်တို့ အသိတွေဟာ ကန်းနေပါတယ်။ ဆင်းရဲခြင်းကြောင့် အသိတရားတွေဟာ ကန်းရသလို အသိကန်းလို့  ဆင်းရဲစရာ ပြန်ဖြစ်ရပြန်ပါတယ်။ ဥပမာ- ဆင်းရဲစရာကို ဖြစ်စေတဲ့ ဆင်းရဲခြင်း ဘိန်းပင်ကို ပယ်ဖျောက်ဖျက်ဆီး ပစ်လိုက်ပါတယ်။ ဘယ်လို ဖျက်ဆီး ပစ်လိုက်သလဲဆိုရင် စိတ်ရှိလက်ရှိကို ဆွဲနှုတ်ပြီး လွှင့်ပစ်လိုက်တာ ဘိန်းသီးထဲက အစေ့တွေ ပြန့် ကြဲလွင့်စင်ပြီး မျိုးကြဲမိရက်သား ဖြစ်သွားတာ အပင် ပြန်ပေါက်လာတော့မှ မိုးပေါ်က အလိုလိုကြလာတယ် ထင်ရတယ်။

ဒါဆို ကျနော်တို့ အဖြေကိုချဉ်းကပ်လာတာ နီးစပ်လာပါပြီ။ အဖြေကရှင်းပါတယ်။ ဆင်းရဲမှု ဖြစ်ရတာဟာ ဆင်းရဲမှု ဖြစ်စေရာ ဖြစ်စေကြောင်းပါဘဲ။ ဒါအလွယ်လေးပဲ။ ဆင်းရဲ ဖြစ်စေရာ ဖြစ်စေကြောင်းကို ကျနော်တို့  တတွေအားလုံးသိပြီးသားပဲ။ ခလေးတွေတောင် သိတယ်။ အယုတ်စွဆုံး ခွေး၊ ကြောင်တွေတောင်သိတယ်။ သိလို့ သာလျှင် မဆင်းရဲ ရအောင် ဆင်းရဲမယ်လို့  ထင်ရတဲ့ အရာတွေမှန်သမျှ ကာကွယ်ကြပါသေးတယ်။

ခွေးတစ်ကောင်၊ ကြောင်တစ်ကောင်ကို တွေ့ တိုင်း ကန်လိုက်၊ မောင်းလိုက် လုပ်နေကြည့် ဒီသတ္တ၀ါ နောက်တွေ့ တိုင်း ပြေးနေတော့မှာပဲ။ လစ်ရင် ပြန်တိုက်ခိုက်ဖို့  ချောင်းဦးမှာပါ။

ဆင်းရဲခြင်း ဖြစ်စေရာ ဖြစ်စေကြောင်းတွေကို ကျနော်တို့  သိပြီး ကာကွယ်မှု တုန့် ပြန်မှု တွေလည်း လုပ်နေပါရက်က ဘာဖြစ်လို့ များ ငြိမ်းချမ်းမှုကို မရသလဲ။ မေးစရာ ဖြစ်ရပြန်ပါ ပြီ။ ဒီနေရာမှာ ဆင်းရဲခြင်း အကြောင်းကြောင့် ဆင်းရဲမှု အကျိုး ဖြစ်ပေါ်ကျရောက်တယ် ဆိုပြီး ဆင်းရဲခြင်း အကြောင်းကို ဖြေရှင်းတုန့် ပြန်လိုက်တာ ဆင်းရဲမှု အကျိုးဆက် ဘာကြောင့် ပေါ်ပေါက်လာသေးလဲ။ ဆင်းရဲမှုတွေ ဘာကြောင့် မကုန်ခမ်းနိုင်တာလဲ မေးရင်။ ဆင်းရဲခြင်းအကြောင်းအစစ် အမှန်ကို မပယ်သတ်မိတာကြောင့် ဆင်းရဲမှု ရှိနေပါ သေးတယ်။ လို့ ၊ ဖြေရပါလိမ့်မယ်။

/ အပြည့်အစုံမှာ

/ Labels:

၁။ ခံစားချက်အရ ငြိမ်းချမ်းမည်ဟု ယူဆချက်(အမှန်တကယ် ငြိမ်းချမ်းမှု အသိမဟုတ်)

ကျနော်တို့ ဟာ ခံစားချက်အရ ငြိမ်းချမ်းလိမ့်မယ်လို့  ယူဆထားမိပြီ ဆိုရင်ဖြင့် အဲသည် တွေးဆချက်ကို လက်မလွတ်ချင်တော့ဘူး။ နောက်တမျိုး ဆန်းစစ်ကြည့်ဖို့  ဉာဏ်မထုတ် ချင်တော့ဘူး။ သင့် မသင့်၊ အကျိုး များ မများ ချိန်ဆဖို့  အင်အားမရှိတော့ဘူး။ ဆောင်ရွက် ချင်စိတ်ပဲ တဖွားဖွား တိုက်တွန်းခံနေရတယ်။

ဒီအရာဟာ အထင်ဖြစ်ပါတယ်။ အထင်ဟာ အမြင်လောက် ပီပြင်သေချာမှု နည်းတဲ့ အပြင် အမြင်မှာတောင် အမြင်မှား၊ အမြင်မှန် ဖြစ်ဖို့ ရှိပါသေးတယ်။ ကျနော်တို့ ရဲ့ နေ့ စဉ်ပြောဆို မှု ကြံစည်မှုတွေဟာ အထင်ကို ဦးစားပေးတာ များပါတယ်။ တကယ့်အရှိဖြစ်တဲ့ အသိမျိုးနဲ့  ပြုမူတုန့် ပြန်မှုဟာ အင်မတန်မှ ရာနှုန်းနည်းပါတယ်။ စိတ်ကူး ကြံစည်ချက်တွေမှာလည်း (ကိုယ်ဖြစ်စေလိုတဲ့ အထင်) ကို ဦးစားပေးမိပါတယ်။ အထင်ဟာ စိတ်ကူးယဉ်မှု တမျိုး သာလျှင် ဖြစ်ပါတယ်။

စိတ်ကူးယဉ်မှုဟာ လက်တွေ့ ကျတဲ့ အသိနဲ့ စိတ်ကူးမှု မဟုတ်ပါဘူး။ လက်တွေ့ အခြေ အနေနဲ့  အံဝင်ဂွင်ကျအောင် စိတ်ကို ကူးသန်း တွက်ချက်တာ မဟုတ်ပါဘူး။ စိတ်ကို ကြည်နူး မွေ့ ပျော်အောင် ဇိမ်ခံနေတာပါ။ အဆင်မပြေတဲ့ လက်တွေ့ အခြေအနေထဲကနေ ခဏတာ ရှောင်ခွာပြီး စိတ်ကို ကျေနပ်မှု အတုနဲ့  ချော့မြူ ဖျော်ဖြေနေတာပါ။

အဲဒီလို စိတ်ကူးယဉ်မှုဟာ စိတ်ကူးယဉ်တဲ့ တနေရာမှာဘဲ ရှိနေတာ မဟုတ်ဘဲ၊ လက်ရှိ ရင်ဆိုင်ရမယ့် အခြေအနေအပေါ် ဖြေရှင်းရမယ့် စိတ်ကူးချက်တွေထဲ ၀င်ရောက်နှောက် ယှက်နေပါတယ်။ ပြဿနာတစ်ခု ဖြေရှင်းဖို့ အတွက် စိတ်ကူးချက်တွေ အကြံဉာဏ် ဖန်တီးမှုတွေထဲ စိတ်ကူးယဉ်ခဲ့တဲ့ အရာတွေဟာ အရှိန်မသတ်နိုင်ဘဲ ပါဝင်လာပြီး၊ ရာနှုန်း များများ ရောစပ်လာတဲ့အခါမှာ အမြင်သစ်မဟုတ်ဘဲ အထင်သစ်ဖြစ်လာပါတယ်။

ကျနော်တို့  နေ့ စဉ်အချိန်နဲ့ အမျှ တွေးဆချက် ပြောဆိုမှု တုန့် ပြန်မှုတွေ အားလုံးဟာ တကယ်တော့ ကျနော်တို့  စိတ်ထဲကနေ ကောင်းမှုတွေကိုချည်း ဦးတည်နေတာပါ။ ဘယ်လိုတွေးတွေး ဘာတွေပြောပြော ဘာပဲလုပ်လုပ် ကောင်းမယ်ထင်ပြီး ကောင်းစေချင် တာနဲ့  ချည်းပါဘဲ။

ဘယ်သူ တစ်ဦးတစ်ယောက်မှ မကောင်းတာတွေကို တမင်တကာ ရွေးချယ် လုပ်ကိုင်တာ မရှိခဲ့ပါဘူး။ ကောင်းမယ်ထင်လို့  ထင်တာကိုမှ၊ လုပ်မိနေရင်း … … …. မကောင်းဖြစ်နေရ တာပါ။ ကိုယ်သန်ရာနဲ့  အရင်းပြုပြီး ပြောပြု ကြံကြရင်းက တိုက်မိကြ၊ ခိုက်မိကြနဲ့  မငြိမ်းချမ်းမှု ဆက်ပွားနေတာပါ။

ကျနော်တို့  ကြုံဖူး၊ ဆုံဖူး၊ ယုံဖူးသမျှနဲ့ ငြိနေတာနဲ့ သာတွေးတော ယူဆထားတတ်ပါတယ်။ သင်ကြားထားသမျှ၊ မှတ်သားထားသမျှ၊ လေ့လာထားသမျှရဲ့ အတွင်းမှာဘဲ လှုပ်ရှားပါတယ်။ အဲဒီရဲ့ အပြင်ဘက်အထိ ထွက်ပြီး စဉ်းစားလို့  မရနိုင်ပါဘူး။ မသင်ကြားဖူး တဲ့ ပညာတစ်ခုနဲ့  ဘယ်လိုမှ လုပ်ကိုင်လို့ မရသလို၊ မလေ့လာဖူးတဲ့ အရာတစ်ခုကိုလည်း ဘယ်လိုမှ ထည့်သွင်းစဉ်းစားပေးလို့  မရတတ်တဲ့ သဘောရှိပါတယ်။ သင်ကြားထားသမျှ လေ့လာထားသမျှ … …စသည်တွေကိုလည်း အကုန် အလုပ်မလုပ်စေပါဘူး။ အားသန်ရာ နဲ့ သာ တွက်ချက်တွေးခေါ်တတ်ပါတယ်။ ဒါဟာ တစ်ခုခုကို စွဲထားတဲ့ သဘော၊ တစ်ခုခုနဲ့  ငြိနေတဲ့ သဘောဖြစ်ပါတယ်။ အစွဲအငြိ လို့  ချုပ်ပြောနိုင်ပါတယ်။

ဒါတွေဟာ ယူဆခြင်းသဘော အထင်သက်သက်သာ ဖြစ်တဲ့အတွက် ခံစားချက်အရ သိရတဲ့ ငြိမ်းချမ်းမည်ဟု ယူဆချက်ဖြစ်ပါတယ်။ အဲဒီ ယူဆချက်ရဲ့ လက်သည်ဟာ“မသိမှု” ပါဘဲ။

(က) မသိမှု
ဒီကမ္ဘာကြီးမှာ လေ့လာစရာ သင်ယူစရာတွေ ပြည့်နှက်နေပါတယ်။ လူ့ သက်တမ်းတစ်ခုနဲ့  မလုံလောက်နိုင်အောင်ကို များပြားလျှက်ရှိပါတယ်။ ကျနော်တို့  မသိတာတွေ အများကြီး ရှိပါတယ်။

မသိမှုလို့  ဆိုရာမှာ မသိတာတိုင်းကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ဆင်းရဲစရာ ဖြစ်စေမယ့် အခြေအနေ လက္ခဏာရဲ့ လမ်းစဉ်ကိုသာ မသိခြင်း ကိုဆိုလိုပါတယ်။ ဘာကို မသိတာလဲ လို့  ထပ်မေးရင် ဆင်းရဲကို ဆင်းရဲတာလို့  မသိတာပါ။ နောက်တမျိုး။ ဆင်းရဲတာကို ချမ်းသာတယ်လို့  တောင် ပြောင်းပြန် သိနေတဲ့ အသိတွေ ဖြစ်ပါတယ်။ မသိတာကို မသိပါလားလို့ တောင် မသိဘူး ဖြစ်နေ တာတွေပါ။

ဒီနေရာမှာ ပြောစရာ စလာပါပြီ။ ဆင်းရဲစရာကို ဆင်းရဲစရာလို့  လူတိုင်းသိကြမှာပါလို့ ။ ဆင်းရဲစရာ ဖြစ်စေမယ့် လက္ခဏာနဲ့  လမ်းစဉ်ကိုလည်း လူတိုင်းသူတိုင်း သိကြတာပါလို့  ဖြစ်ပါတယ်။

ကျနော်တို့ ဟာ ဆင်းရဲမှုနဲ့  ငြိမ်းအေးမှုကို ဘာနဲ့ ခွဲခြားတာလဲဆိုရင်၊ ခံစားမှုမှာကောင်းရင် ချမ်းသာငြိမ်းအေးတာပဲ။ ခံစားချက်မှာ ဆိုးနေရင်တော့ ဒါဟာ ဒုက္ခတွေ ရောက်နေတာပါပဲ။ ကိုယ်ဖြစ်ချင်တာ ဖြစ်ရရင် ခံစားမှုမှာ ကောင်းနေပြီး၊ ကိုယ်မဖြစ်ချင်တာသာ ဖြစ်ရရင်တော့ ခံစားမှုမှာ ဆိုးနေပါတယ်။ ခံစားမှုမှာ ကောင်းရင် ချမ်းသာပြီး၊ ခံစားမှုမှာ ဆိုးရင်တော့ ဒုက္ခ ပေါ့ဗျာ။

အဲဒီလို ဆင်းရဲနဲ့ ချမ်းသာကို ခံစားမှုနဲ့  ခွဲခြားရမှာ မဟုတ်ပါဘူး။ ဒါကို ဘာနဲ့ ခွဲခြားမှာလဲ ဆိုင် ခံစားချက်နဲ့  မခွဲခြားဘဲ ဘ၀အဖြစ်နဲ့  ခွဲခြားရမှာပါ။ “ဘ၀အဖြစ်” ဆိုတာဘာလဲဆိုရင် ကိုယ့်ဘ၀မှာ ဖြစ်ပေါ် ပေါ်ပေါက်လာတဲ့ အဖြစ်အပျက်ကို ပြောတာပါ။ ဘ၀မှာ ကျနော်တို့  ဘာဖြစ်နေလဲ တစ်ခုခုတော့ ဖြစ်နေတတ်ပါတယ်။

ဥပမာ- မူးယစ်ဆေးဝါး တမျိုးမျိုးကို သုံးစွဲကြည့်လိုက်တယ် ဆိုပါစို့ ။ အဲဒီလို သုံးစွဲလိုက်တဲ့ အခါမှာ ခံစားမှုက ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် “ဘ၀အဖြစ်” ကတော့ ဆေးသမား ဘ၀ကို ရောက်နေပါပြီ။ ခံစားမှုမှာ ကောင်းပေမယ့် ဘ၀အဖြစ်မှာ ဆိုးပါတယ်။

သူများ ပစ္စည်း ကို ခိုးယူလိုက်ပြီဆိုပါစို့ ။ အရချောင်တာပေါ့။ ဒါပေမယ့် ဘ၀အဖြစ်မှာတော့ သူခိုးဖြစ်သွားပါပြီ။ ငွေရချောင်တဲ့ ခံစားမှုကြောင့် သူခိုးဘ၀ရောက်နေပါပြီ။

သူများမယားနဲ့ မှားတော့ ပျော်စရာ၊ ရင်ခုန်စရာကောင်းမှာပေါ့။ ဘ၀အဖြစ်မှာတော့ ကြာကူလီ ဖြစ်ပြီပေါ့။ ပတ်ဝန်ကျင်က လူ့ ရွံ ဖတ်မှန်းမသိရအောင် ဖုံးကွယ် ဟန်လုပ်နေနေ ရပြီပေါ့။

လိမ်ညာ ပြောဆိုတဲ့ ကိစ္စမှာ လတ်တလောခံစားချက်က သက်သာသလို ချမ်းသာမှာပေါ့။ ရှေ့ နောက် စကားတွေ ညီဖို့ အတွက် ဘ၀အဖြစ်မှာ ဖိုးတွန်တီး ဖြစ်ပြီပေါ့။

ခံစားမှုဆိုတာ ကျနော်တို့ ခန္ဓာကိုယ်နဲ့  ပတ်ဝန်ကျင်က ရောက်ရှိလာတဲ့ သတင်းအချက် အလက်( အရုပ်၊ အသံ၊ အနံ၊ အတွေ့ အထိ … … စသဖြင့်) တွေ ထိစပ်ကြတဲ့အခါ ဖြစ်ပေါ်လာရတဲ့ အရာမဟုတ်လား။ အဲဒီမှာ ခံစားမှုကကောင်းရင် ချမ်းသာ၊ မကောင်းရင် ဆင်းရဲတယ်လို့  မှတ်သား မှားကြတယ်။

ကျနော်တို့ ဟာ ခရီးကြမ်းတွေကို ကျော်ဖြတ်နေမယ်။ ခန္ဓာကိုယ်မှာ ပူလောင်ပြီး ချွေးတွေ ထွက်နေမယ်။ ကိုယ်တွေ လက်တွေ ကိုက်ခဲနာကျင်နေမယ်။ ဆာလောင်မှုတွေ ဖြစ်ပေါ်နေ မယ်။ သို့ သော် ရောက်ရှိတဲ့ အကျိုး၊ ဖြစ်ထွန်းမယ့် ဘ၀အဖြစ်က ကောင်းနေမယ်။

လယ်ထွန်နေတဲ့ လယ်သမားဟာ ရွံထဲ၊ မိုးထဲ ခံစားမှုက ဆင်းရဲတာပေါ့။ မိုးအေးအေးနဲ့  ကွေးချင်စရာကောင်းမှာပေါ့။ ဒါပေမယ့် သူ့ အတွက် စပါးရပြီး ဘ၀အဖြစ်ကောင်းမှာပေါ့။

အားကစား လေ့ကျင့်ခန်း လုပ်နေသူဟာ ပင်ပန်းတာပေါ့။ အအိပ်လည်း ပျက်မှာပေါ့။ သို့  သော် ဘ၀အဖြစ်မှာ ကျန်းမာရေးကောင်းတယ်။ စီးပွား လုပ်နေသူမှာ မအားမလပ်နဲ့  ခေါင်း ရှုပ်တာ ခံစားရမှာပါ။ သို့ သော် အကျိုးစီးပွား တွေ ဖြစ်ထွန်းပြီး ဘ၀အဖြစ်ကကောင်းတယ်။

အများအကျိုးသယ်ပိုးသူမှာ ပင်ပန်းပြီး ကိုယ့်ရှိတာလေး ဆုံးရှုံးတာပေါ့။ သို့ သော် လောက အတွက် အကျိုးဖြစ်တယ်လေ။

ခံစားမှုနဲ့  ဘ၀အဖြစ်မှာ ခံစားမှုက သိသာပေါ်လွင်ပြီး ဘ၀အဖြစ်ကတော့ ပုန်းကွယ်နေပါ တယ်။ ကျနော်တို့ ဟာ ခံစားချက်ကိုသာ မြင်ပြီး ဘ၀အဖြစ်ကို မကြည့်ဖြစ်ကြဘူး။ ခံစားမှု ကလည်း လတ်တလောမှာ အတော့်ကိုနှိပ်စက်တာ မဟုတ်လား။ အဲဒီ ဒဏ်ကို မခံနိုင်တော့ လိမ်မိတယ်၊ ဆဲမိမယ်၊ အဲဒီရဲ့ အကျိုးဆက်တွေနဲ့  သတ်မိမယ်၊ ခိုးမိတယ်၊ သောက်စားဖြစ်တယ် သောင်းကျန်းမိတယ် ဆိုတော့ ဘ၀အဖြစ်ကောင်းတာဆီကို မရောက်ပဲ ဆင်းရဲတွင်းထဲ ပြန်ကျရပါတယ်။

ကျနော်တို့ ဟာ မွေးလာကတည်းက ကိုယ့်ကိုယ်ကို ဘယ်လိုထားရင် သာတယ်။ ကိုယ့်ကိုယ်ကလေး ဘယ်လိုထားတာ ခံရတဲ့ အတွက်နာတယ်လို့  ကိုယ်သိတယ်။ နာတာ လည်း သိတယ်၊ သာတာလည်း သိတယ်။ နာတဲ့ အတွက် နာတာလည်း ရွံမုန်းတယ်။ သာ တဲ့အတွက် သာတာကိုလည်း မြတ်နိုးတယ်။

အဲဒီသာတာ မြတ်နိုးတယ်။ အဲဒီနာတာ ရွံမုန်းတယ် ဆိုတာ ဝေဒနာတွေ ခံစားမှုတွေရဲ့ လက္ခဏာတွေပဲ။ အဲဒီ ခံစားမှုတွေကပဲ ကိုယ့်ကိုယ်ကို တခါတည်း မိုးသီး မိုးပေါက်လို လွှမ်း မိုးလာခဲ့တာ ဆိုတော့ အဲဒီ ခံစားချက်တွေကို ကိုယ်က လွန်ပြီး မတွေးတတ်ဘူး။ ပြောမယ် ဆိုရင် လူဆိုတာ အဲဒီ ခံစားမှုတွေနဲ့  အသက်ရှင်ပြီး နေရတာ ဆိုတော့ အဲဒီခံစားမှုနဲ့  လွတ်ပြီး မတွေးတတ်ဘူး။ ခံစားမှုနဲ့  ကျော်လွန်တဲ့ အနက်အဓိပ္ပါယ်ကို မဖော်တတ်ဘူး။ အဲ ဒီလို မဖော်တတ်တော့ ခံစားမှုကလည်း အမှန်တွေ မပြဘူး။ တချို့ ခံစားမှုတွေဟာ ကောင်း တယ်၊ ကောင်းပေမယ့်လည်း တကယ်ကျတော့ လူကို ပျက်စီးအောင် ဖျက်ဆီးတယ်။ တချို့  ခံစားမှုတွေက ဆိုးတယ်၊ ဆိုးပေမယ့်လည်း လူကို ကြီးမြတ်အောင် မ တယ်။ ဒါကို ကြည့်ခြင်းအားဖြင့်ခံစားမှုနဲ့  လူကို ကြီးမြတ်မှုနဲ့ က မပတ်သက်ဘူး။ ခံစားမှုကောင်းတာနဲ့  လူကြီးမြတ်တာနဲ့  မပတ်သက်ဘူး။ ခံစားမှု ဆိုးတာနဲ့  လူနိမ့်ကျတာနဲ့  ကလည်း မပတ် သက်ဘူး။ အဲဒီတော့ ခံစားမှုက လူကို လွှမ်းမိုးထားတော့ လူကလည်း ခံစားမှုပဲ သိတယ်။

တကယ့်ကြီးမြတ်မှုနဲ့  နိမ့်ကျမှု ပိုင်းဆိုင်ရာတွေကျတော့ လူတွေက မသိဘူး။ အဲဒီတော့ အဲဒီခံစားမှုတွေကပဲ လူတွေကို လွှမ်းမိုးထားတော့ ခံစားမှုက လွတ်ပြီး မတွေးတတ် မခေါ်တတ်တော့ဘူး။

ဒီလိုပဲ နေ့ စဉ်ပြောဆို ပြုမူ တွေးဆချက်တွေမှာ ခံစားမှုကိုပဲ ဇောင်းပေးထားကြတယ်။ ကိုယ့်ကိုယ်ကို သနားပြီး လိမ်မိတယ်။ မခံချိ မခံသာဖြစ်ရလို့  ဆဲရေးတိုင်းထွာ လိုက်မှ စိတ် သက်သာ ပေါ့ပါးသွားမယ် ထင်မိတယ်။ တကယ်မှာ အမှုတစ်ခု တိုးပြီး ပြဿနာက ကြီးထွားလာတယ်။

ဒီတော့ ကျနော်တို့ ဟာ ခံစားချက်မှာကောင်းပြီး ဘ၀ အဖြစ်မှာ ဆိုးတဲ့ အရာနဲ့  ခံစားချက် မှာ မကောင်းပေမယ့် ဘ၀အဖြစ်မှာ ကောင်းတဲ့ အရာ၊ အဲသည်နှစ်ခုကို ရွေးရတော့မယ်။ ကျနော်တို့ ကို ပတ်ဝန်းကျင်က ပေးလိုက်တဲ့ အချက်အလက် တစ်ခုခုနဲ့  ကျနော်တို့ ရဲ့ စိတ် ထဲ ခေါင်းထဲမှာ ပေါ်ပေါက်လာတဲ့ ညွန်ကြားချက် တစ်ခုခုကို အလွယ်တကူ အကောင် အထည်ဖော် တုန့် ပြန်မှာလား၊ အဲဒီအရာတွေကို ခံစားချက်နဲ့  ဆုံးဖြတ်မှာလား၊ ဘ၀ အဖြစ်နဲ့  သုံးသပ်တွက်ချက် ကြည့်မှာလား ဆိုတာ သိရတော့ပါမယ်။

အဲဒီလို ကျနော်တို့ ဟာ ခံစားချက် ဆင်းရဲနဲ့  ဘ၀အဖြစ်ဆင်းရဲ နှစ်ခုမှာ ဘယ်ဆင်းရဲက တကယ်ဆင်းရဲတဲ့ ဆင်းရဲအစစ်လဲလို့  သိမှသာ ချမ်းသာ အစစ်ကိုလည်း ရနိုင်ပါလိမ့်မယ်။

ဆိုလိုချင်တဲ့ မသိခြင်း ဆိုတာ ဆင်းရဲတာကို မသိခြင်းနဲ့  ဆင်းရဲမှာကို မသိခြင်း (ဆင်းရဲ အစစ်) မသိခြင်း ပဲ ဖြစ်ပါတယ်။

/ အပြည့်အစုံမှာ